ပိုရင်းနှီးရင် ပိုနာကျင်ရမှာပဲ
-------------------------------
ကိုယ်နဲ့ ရင်းနှီးတဲ့သူ ခင်မင်တဲ့သူကပဲ ကိုယ့်ကို ဒုက္ခပေးနိုင်တာပါ ။ ကိုယ့်ကို တစ်ခါမှ မမြင်ဖူးတဲ့သူ တစ်ခါမှ မကြားဖူးတဲ့သူ မတွေ့ဖူးတဲ့သူ မသိဖူးတဲ့သူ ကုန်အောင်ပြောကြပါစို့ အနောက်တိုင်းက မစ္စတာ အဲလတ်(စ) လို့ထားပါတော့ အဲဒီ့ပုဂ္ဂိုလ်ကြောင့် ကိုယ့်မှာ ဘယ်နှစ်ခါ စိတ်ဆင်းရဲတာရှိဖူးလို့လဲ ကြုံဖူးလို့လဲ ခံရဖူးလို့လဲ ။ သေသေခြာခြာ စဉ်းစားကြည့်ပါနော် ။ ကိုယ့်ကို ဒုက္ခတွေ စိတ်ဆင်းရဲမှုတွေ နာကြင်မှုတွေပေးတဲ့သူတွေဟာ ကိုယ်နဲ့ သတ်ဆိုင်တဲ့သူတွေ ပတ်သတ်ရာ ပတ်သတ်ကြောင်းတွေ ရင်းနှီးတဲ့ မိတ်ဆွေတွေထဲကပါပဲ ။ များများ ရင်းနှီး ချစ်ကျွမ်းဝင်ရတဲ့သူက ကိုယ့်ကို နာကျင်အောင် တစ်ခုလောက်လုပ်လိုက်ရင် ပိုချစ်ခင်လေ ပိုခံရလေပါပဲ ။
#htoohtoolay
No comments:
Post a Comment