Monday, January 11, 2016

စကားဆိုတာ !

စကားဆိုတာ !
-----
သင်သည် လိုအပ်သောအချိန်မှာ စကားကို လျှော်ညီစွာ ပြောတက်ပါပြီလား ?

ရှေးလူကြီးများက ဆုံးမတက်ကြတယ် ။ ပညာရှိတွေကြားထဲမှာ ကိုယ်လဲမသိတဲ့ အကြောင်းအရာတွေ ဒါမှမဟုတ် မလိုအပ်ပဲ သုံးနှုန်းတဲ့စကားတွေဟာ မိမိကို ပျက်ဆီးစေတက်ပါသတဲ့ ။ အင်မတန် မှတ်သားစရာကောင်းတဲ့ ဆုံးမခြင်း တစ်ရပ်ပါ ။

တစ်ခါက တောမြိုင်ကြီးတစ်ခုမှာ ခြင်္သေ့နဲ့ မြေခွေးမ ဟာ မိတ်လိုက်မိကြတယ် ။ အဲ့ဒီ့ကမှ မွေးလာတဲ့ ခွေးခြင်္သေ့လေးက အဖဘက် လိုက်ပြီး လည်ဆံဖွါးဖွါးနဲ့ ခြင်္သေ့ကြီးပမာ ကိုယ်ခန္ဓာအချိုးအစား ရှိနေပါသတဲ့ ။ ခြင်္သေ့က သူ့ရဲ့ခြင်္သေ့မနဲ့ ဖေါက်ထားတဲ့ သားတွေကြားထဲမှာ အဲ့ဒီ့ ခွေးခြင်္သေ့လေးကို ပေးနေစေပါတယ် ။ ဒီလိုနဲ့ ခြေင်္သေ့ကလေးတွေ ဆော့ကစားကြရင်း ဟိန်းဟောက်ကြတဲ့အခါ ခွေးခြင်္သေ့ကလဲ အားကျမခံ လိုက်ပြီး ဟိန်းလိုက်ပါတယ် ။ ဒါပေမယ့် သူ့ဟိန်းသံက ခြေင်္သေ့သံ မထွက်ပဲ ခွေးသံ ထွက်သွားတယ် ။ အဲ့ဒါကို သိတဲ့ ခြင်္သေ့မင်းက ((( နောက်တစ်ခါ ကိုယ်နဲ့မတူတာကို ပြိုင်ဆိုင်တုပပြီး လိုက်မဟိန်းဖို့ ))) မှာကြားလိုက်သတဲ့ ။ အဲ့လို မတူတာကို လိုက်တုရင် အားလုံးဟာ ခွေးမှန်းသိသွားမယ်လို့ ဒီလို ခြေင်္သေ့မင်းဟာ ဆုံးမလိုက်ပါတယ် ( သီဟကောတ္ထု ) ။ ဒါကြောင့် ကိုယ့်မှာမရှိတဲ့အရာနဲ့ သူတစ်ပါးကို ရှိဟန်ဆောင်ပြီး မတုပဖို့ လိုပါတယ်ပေါ့လေ ။ စကားထဲက ဇာတိပြဆိုတဲ့ အသုံးဟာ အင်မတန် အဓိပ္ပါယ် လေးနက်ပါတယ် ။

တစ်ချို့က ထင်ကြတယ် ။ စကားပြောတာ ကောင်းတယ်တဲ့ ။ ငြင်းခုံတာ ကောင်းတယ်တဲ့ ။ အဲ့ဒါဟာ ထိုက်သင့်သလောက် မှန်ကန်ပေမယ့် အချိန်အခါကို လိုက်ပြီးတော့မှ ပြောသင့်တာလဲ ရှိသေးတယ် ။ တစ်ခါက ရေအိုင်တစ်အိုင်မှာနေတဲ့ လိပ်တစ်ကောင်ဟာ ဟင်္သာငယ် နှစ်ကောင်နဲ့ မိတ်ဆွေဖြစ်ကြတယ် ။ ကြာလာတဲ့အခါဟင်္သာတွေနေတဲ့အရပ်က အင်မတန်လှပတဲ့ အကြောင်းကို ပြောပြီး ခေါ်သွားလိုကြောင်း လိပ့်ကို ပြောလေတော့ လိပ်က လိုက်ချင်တာပေါ့ ။ ဒါပေမယ့် လိုက်ဖို့ မတက်နိုင်ပဲ ဖြစ်နေသတဲ့ ။ အဲ့အခါ ဟင်္သာငယ် နှစ်ကောင်က ပြောတယ် ။ စကား တစ်လုံးမှ မပြောပဲနေနိုင်ရင် အဲ့နေရာကို ရောက်အောင်ခေါ်ဆောင်ပေးမယ်တဲ့ ။အဲ့ဒီလို သဘောတူပြီး ဟင်္သာနှစ်ကောင်က တုတ်တစ်ချောင်းရဲ့ တစ်ဖက်စွန်းဆီကို ကိုက် / လိပ်က အလည်က တန်းကို ကိုက်စေပြီး မချီပျံသွားတာပေါ့ ။ အောက်က တွေ့တဲ့ သူတွေက ပြောတယ် ။ ((( ဟိုမှာကြည့်စမ်း ! လိပ်ကို ဟင်္သာနှစ်ကောင် ချီသတဲ့ ))) ဆိုပြီး အောက်ကနေ အော်ကြတော့ လိပ်က ကိုက်ထားတဲ့တန်းကို လွှတ်ပြီး ((( မင်းတို့နဲ့ ဘာဆိုင်လဲ ))) လို့ ပြန်ပြောလိုက်တဲ့အခါ အမြင့်ကနေ အရှိန်နဲ့ ကျပြီး လိပ်ဟာ မြေပြင်ပေါ် ရောက်တာနဲ့ နှစ်ခြမ်းကွဲ သေဆုံးလေသတဲ့ ( ကစ္ဆပ ) ။

ဒါကြောင့် မိမိအခြေအနေကိုကြည့်ပြီး စကားပြောတက်ဖို့ လိုပါတယ် ။ အဲ့ဒီလိုမှမဟုတ်ရင်တော့ ပျက်ဆီးခြင်းနဲ့ ကြုံရပါလိမ့်မယ် မိတ်ဆွေ !

 #htoohtoolay

No comments:

Post a Comment