ဖါးက လူကို သတ်လိုက်ပြီတဲ့ !
----
တွင်းထဲမှာ သူရှိနေတာကို မသိတဲ့ သူတွေက အဲ့ဒီ့ တောင်ပို့ကြီးကို ရမ်းတန်းပြီး ဖြိုကြတယ်လေ ။ ထိုဖါးမျိုးဟာ အင်မတန်ကြောက်စရာကောင်းတာ မသိကြဘူး ။ သူ့သဘာဝအတိုင်း ထိတိုင်းကြီးကြီး / ဖေါင်းဖေါင်းတက်တဲ့ သဘောရှိနေတော့ အဲ့ဒီ့ဖါးကို မြေတူးရင်း ထိမိ ထိမိရာကနေ ဖါးဟာ တို့တိုင်းကြီး တို့တိုင်းကြီးနဲ့ အလွန်ကြီးထွားလာတော့တယ် ။ နောက်ဆုံးတော့ ဖါးဟာ တွင်းထဲမှာ မငြိမ်သတ်နိုင်တော့ပဲ တို့သမျှ သူတွေကို ကိုက်ဖြတ် အန္တရာယ် ပြုတော့တာပဲ ။ အဲ့ဖါးလေး ပြန်သေးမယ် မကြံရသေးဘူး သွားသွားတို့ကြတော့ ဖါးဟာ လူသားတစ်ရပ်လုံးကို ဖျက်ဆီးဖို့ ကမ္ဘာကြီးကို အဆုံး မြန်မြန်သတ်အောင် လောင်ကျွမ်းပျက်ဆီးဖို့ လုပ်လာတော့တယ် ။
အင်မတန် အဆိပ့်ပြင်းတဲ့ဖါး ။ အင်မတန် ကြောက်စရာကောင်းတဲ့ ဖါးတွေဟာ တွင်းထဲမှာ နေနေရာကနေပြီး အပြင်ကို ထင်ထင်ရှားရှား ပေါ်ထွက်လာတော့တယ် ။ ဖါးကြောက်လို့ ပြေးပေမယ့် အဲ့ဒီ့ဖါးကို တို့တို့ မိနေတော့ ဖါးက ကြီးထွား ကြီးထွားလာကာ ကြီးမားသော အန္တရာယ်ကို ပေးတော့တာပါပဲ ။
ဖါးကိုက်လို့ သေတဲ့သူတွေ မနည်းတော့ဘူး ။ ဖါးလုပ်လို့ ပျက်ဆီးတဲ့ နိုင်ငံတွေ မနည်းတော့ဘူး ။ ဖါးတိုက်လို့ မီးလောင်ပြင်တွေ မနည်းတော့ဘူး ။
ဒီလောက် အန္တရာယ်များတဲ့ဖါး ။ဒီလောက် ကြီးမားတဲ့ဖါး ။ ဒီလောက်ထင်ရှားတဲ့ ဖါးကို တစ်ယောက်မျှ မတွေ့ကြဘူး ။
တွေ့တဲ့ သူတွေကတော့ အဲ့ဒီ့ဖါးကို မထိပဲ စနစ်တကျ တောင်ပို့ကို ဖြိုရင်း ဖယ်ထုတ်ပစ်လိုက်တယ် ။ တစ်ချို့ကတော့ မဖယ်ထုတ်ပဲ သွားသွား တို့နေတော့တာပဲ ။ တို့တိုင်း ကြီးတဲဖါးမို့ တို့လေ ကြီးလေပဲပေါ့ ။ ကြီးလာလေ အန္တရာယ် ပြုလေပဲ ။
အဲ့ဒီ့ဖါးကို တစ်ချို့က ခေါ်ကြတယ် ။ " မီးတောက် " တဲ့ ။ " လောင်ဆာ " တဲ့ ။ " အဆိပ့်တောက်" တဲ့ ။ သဘောက အန္တရာယ် ရှိတယ်ပေါ့လေ ။
ဒါဆို ဘာလို့ ထားထားအုန်းမလဲ ။ ဖယ်ထုတ်လိုက်ပေါ့ ။ ဖယ်ထုတ်တဲ့အခါ မရှိတော့ဘူး ။ မရှိတဲ့အခါ မထိမိတော့ဘူး ။ မထိမိတဲ့အခါ မကြီးထွားတော့ဘူး ။ မကြီးထွားတဲ့အခါ အန္တရာယ် မပြုနိုင်တော့ဘူးပေါ့ ။
အဲ့ဒီ့ဖါးမျိုးက သိပ့်အန္တရာယ် ကြီးပေမယ့် မကြောက်နဲ့ / ကြောက်စရာဆိုတဲ့ အတွေးကို လွန်ပြီး မစိုးထိတ်ပဲ သာသာလေးပဲ သတိကပ်ပြီး ဖယ်ထုတ်လိုက် ။ အဲ့ဒီ့ဖါးကို ပယ်ပြီးသား ဖြစ်သွားလိမ့်မယ် ။ ပယ်နည်းက လွယ်ပါတယ် ။ ဖါးကို တို့မိဖို့ အခြေနေ ဖြစ်လာရင် အဲ့ဒီ့ တို့မိမဲ့ သဘောလေးကို သတိလေးကပ်ပြီးရှုလိုက် ။ ပြီးတာပဲ ။ တို့မိနေရင်လဲ တို့မိနေတာလေးကို သတိလေးကပ်ပြီး သိလိုက် ။ ပြီးတာပဲ ။ အဲ့ဒါ သိခြင်းဖြင့် ပယ်ခြင်းပါပဲ ။
#ဖား = ဒေါသ
#ဝိမ္မိကသုတ်
#htoohtoolay
No comments:
Post a Comment