ယိုးဒယား ဗုဒ္ဓသာသနာ
----
အထူးထင်ရှားတဲ့ ထိုင်း သာသနာပြုဘုရင်ဟာ မောင်းကွတ် ( ၁၈၅၁ - ၆၈ ) ဖြစ်ပါတယ် ။ အဲ့ဒီ့မင်း နန်းတက်တဲ့အခါ ၂၆ ဝါရပြီးဖြစ်တဲ့ ရဟန်း လူထွက်ဖြစ်ရုံသာမက နိုင်ငံရေး သာသနာရေး ကိစ္စများမှာ အမြော်အမြင်ရှိတဲ့ မင်းတစ်ပါး ဖြစ်နေပါပြီ ။ ပိဋကတ်စာပေကို လေ့လာဆန်းစစ်ပြီး ဇာတကများဟာ ဘုရားဟောမဖြစ်နိုင်ဘူးလို့ ဆိုခဲ့တယ် ။ နိုင်ငံခြား ဘာသာဝါဒများကိုလေ့လာပြီး ခရစ်ယာန် သာသနာပြုများနဲ့ တရားဆွေးနွေးလေ့ ရှိပါတယ် ။ ဗုဒ္ဓလမ်းစဉ်ကို တိတိကျကျ လိုက်နာတဲ့ သံဃာ အဖွဲ့အစည်းဖွဲ့ပြီး ဝိနည်းသိက္ခာပုဒ်ကို မလိုက်နာတဲ့ ရဟန်းအားလုံးကို အာဏာစက်နဲ့ နှိပ့်ကွပ်ခဲ့ပါတယ်။ ဗုဒ္ဓစာပေ ပညာရှင်တို့ကို ပါဠိမသုံးပဲ ယိုးဒယားစာနဲ့ ရိုးရိုးရှင်းရှင်း ရေးသားစေခဲ့တယ် ။ သူ့ရဲ့ သားတော် စူဠလွန်ကွန် ( ၁၈၆၈ - ၁၉၁၁ ) ဟာလည်း သာသနာကို အားပေးချီးမြှင့်တဲ့ မင်းတစ်ပါး ဖြစ်လာခဲ့ပါတယ် ။ ကမ္ဘောဒီးယား အက္ခရာရှိတဲ့ ပိဋကတ်ကို ထိုင်းအက္ခရာနဲ့ ပုံနှိပ့်ပြီး အနောက်နိုင်ငံ စာကြည့်တိုက်များကို လှူဒါန်းခဲ့ပါတယ် ။
ထိုင်း သံဃာဟာ ရှေးဟောင်းသံဃာနဲ့ ဓမ္မယုတ္တိသံဃာဆိုပြီး ဂိုဏ်းနှစ်ဂိုဏ်း ရှိတယ်။ မောင်းကွတ်ဘုရင် တည်ထောင်ပြီး ဘုရင် အဆက်ဆက်ကိုးကွယ်တဲ့ ဓမ္မယုတ္တိဂိုဏ်းဟာ ဝိနည်းတရားကို လေးစားတဲ့ နေရာမှာ အလွန်ထင်ရှားတဲ့ ဂိုဏ်းတစ်ခုဖြစ်တယ် ။ ဘုရင်ခန့်ထားတဲ့ သာသနာပိုင်နဲ့ သံဃာဦးစီးအဖွဲ့ဟာ ကျောင်းထိုင်ဆရာတော်တို့ရဲ့ အကူအညီဖြင့် သာသနာရေးကိစ္စများကို စီမံ ကြီးကြပ်ရတယ်လို့ ဒီလို ဆိုပါတယ် ။
#htoohtoolay
No comments:
Post a Comment