မကြားဘူးလား သာမဏ ! ရပ်လို့ ငါပြောနေတယ်မဟုတ်လား ?
အင်္ဂုလိမာလ! ဘယ်သူရပ်နေတယ် ဘယ်သူတည်ငြိမ်နေတယ်ဆိုတာ သင်သိလျှင် သင် တစ်မျိုးတစ်ဖုံ ဖြစ်သွားနိုင်စရာ ရှိတယ် ။
ငါ့အမည်နှင့် ငါ့သတင်းကို ကြားသိထားပြီးဖြစ်ပါလျက်နဲ့ သင်ရှေ့ဆက် သွားနေသလား သမဏ ။ သင့်လက်ချောင်းများဟာ အင်မတန် ပြေပြစ်လှပတယ် ။ သင့်လက်ချောင်းများကို ပန်းကုံးသီလိုက်ရလျှင် ဘယ်လောက်တောင် ကြည့်ရကောင်းမလဲ ။
လာ ! သင့်ဓါးကို ယူလာခဲ့လော့ ။ အင်္ဂုလိမာလ ! သင် ငါ့လက်ချောင်းများကို နှစ်သက်သဘောကျလျှင် သင် ငါ့လက်ချောင်းများကို လက်ဆောင်အဖြစ် ယူပါလော့ ။ သို့သော်လဲ ငါ့ထံမှာ အဲ့ဒီ့လက်ချောင်းထက် အဖိုးတန်သည့်အရာ သင့်ကို ပေးဖို့ရှိနေတယ် ။
ဘာလဲ သမဏ ?
သစ္စာတရားကို သိမြင်ခြင်း ဖြစ်ပေတယ် ။ ငါရပ်နေတယ် ။ တည်ငြိမ်နေတယ်။ ငါ၏ အသိညာဏ်နှင့် စိတ်သဘောထားများသည် တည်ငြိမ်နေတယ် ။ ငါ၏ ဣနြေ္ဒများသည် တည်ငြိမ်နေတယ် ။ ရပ်မနေသူမှာ တည်ငြိမ်မနေသူမှာ သင်သာလျှင် ဖြစ်တယ် ။ လေမုန်တိုင်လို မငြိမ်မသက် ဖြစ်နေတယ် ။ စိတ်နှလုံးလဲ မငြိမ်မသက် ဖြစ်နေတယ် ။ အမူအရာလဲ မငြိမ်မသက် ဖြစ်နေတယ် ။ သင်၏ ဤ ရက်စက်ကြမ်းယုတ်သည့် ဘဝသည် သင့်အား ငြိမ်းချမ်းအောင် ပြုလုပ်လိမ့်မည်မဟုတ် ။ ထိုသို့ဖြစ်ပါလျက်နှင့် ရပ်နေသူ ငြိမ်သက်နေသူအား သင်က ရပ်လိုက်ဟု ပြောနေတယ် ။ ကိုယ်တိုင်က မငြိမ်မသက် ဖြစ်နေပါလျက်နှင့် သင်သည် ငြိမ်သက်မှု တရားအဆုံးအမ လိုအပ်နေသည်မှာ မိမိကိုယ်တိုင်သာ ဖြစ်တယ်ဆိုသည့်အကြောင်းကို သင် နားမလည် ။
((( သ . . . မ . . . ဏ )))) ¿!?!¿!?¿!?!¿!?!
မှန်ပေတယ် အင်္ဂုလိမာလ ! ဣနြေ္ဒတို့ တည်ငြိမ်အောင်လုပ်ပြီး သမဏ အဖြစ်ကို ခံယူခြင်းသာလျှင် ကောင်းမြတ်သော လမ်းစဉ်ဖြစ်ပေတယ်။ သင် အင်္ဂုလိမာလသည် ယခုအတိုင်း မုန်တိုင်းကဲ့သို့ ဘယ်အချိန်ထိ လှုပ်ရှားနေနိုင်မည်နည်း ။ မိမိကိုယ်ကို သိရှိနားလည်အောင် ပြုလုပ်လော့ ! မိမိကိုယ်တွင်းမှာ ကိန်းနေသည့် သမဏအသွင်ကို နိုးကြားအောင် ပြုလုပ်လော့ ။
သမဏ ! တပည့်တော် အင်္ဂုလိမာလသည် အရှင်ဘုရားအား ကိုးကွယ်ဆည်းကပ်ပါ၏ ။
( ပါရဂူ ၏ သားတော်ရာဟုလာ စာအုပ်မှ မှီငြမ်းရေးသားသည် )
#htoohtoolay
No comments:
Post a Comment