Wednesday, January 13, 2016

လောဘ ဒေါသတွေကသာ ကမ္ဘာကို ဖျက်ဆီးနိုင်တာပါ 

လောဘ ဒေါသတွေကသာ ကမ္ဘာကို ဖျက်ဆီးနိုင်တာပါ
-------
ဒိုင်နိုဆောခေတ်တုံးပုံက လူသားခေတ်တုံးမဲ့ပုံကို ပြနေသလိုပါပဲ ။ ဒီလိုပါ ရှေးနှစ်ပေါင်း ကုဋေကုဋာက ဒိုင်နိုဆောကောင်များသည် ကမ္ဘာပေါ်ရှိ တိုက်အသီးသီးမှာ အနှံ့အပြားနေထိုင်ခဲ့ကြပါတယ် ။ အမေရိကန်ပြည်ထောင်စု အနောက်ပိုင်းရှိ ကျောက်ထူထပ်ရာ တောင်တန်းဒေသများမှာ ဒိုင်နိုဆောကောင်များရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းများကိုတွေ့ရပါတယ် ။ မွန်ဂိုလီးယားနိုင်ငံတွင် ၁၉၂၅ ခုနှစ်က ဒိုင်နိုဆောကောင်တို့၏ ဥများကို ကျောက်ဖြစ်ရုပ်ကြွင်းအနေဖြင့် တူးဖေါ်ရရှိဖူးပါတယ် ။ ဤအချက်ကိုထောက်ပြီး ဒိုင်နိုဆောအကောင်မျိုးအချို့မှာ အဥအုသောအမျိုးဖြစ်တယ်လို့ ယူဆကြပါတယ် ။

ဒိုင်နိုဆောကောင်တို့သည် ဒုတိယကပ်အတွင်း တွင် မျိုးဆက်ပြန့်ပွား၍ နေထိုင်ခဲ့ကြသော်လည်း နို့တိုက်သတ္တဝါခေတ်ဖြစ်သော တတိယကပ်သို့ရောက်တဲ့အခါ ရွက်စားမျိုးသည် ဦးစွာ အညွှန့်တုံးပြီး ရွက်စားကောင်များကို ဖမ်းယူစားသောက်တက်သော သားစားမျိုးများ ပြန့်ပွားခဲ့ရာ သည်သားစားမျိုးတွေသည်လည်း နောက်ဆုံး၌ တဖြေးဖြေး အညွှန့်တုံးသွားခဲ့လေသည်ကို ကမ္ဘာဦးတိရိစ္ဆာန်များကျမ်းမှာ တွေ့ရပါတယ် ။ ယခု လူသားတွေလည်း ဒိုင်နိုဆောတွေလို အရွက်စားသတ္တဝါတွေမရှိတော့ပဲ ယခု တိရိစ္ဆာတွေကိုသတ်ပြီး အသားစားသတ္တဝါအဆင့်ရောက်နေလေပြီ ။ ထိုစားသောက်မှုများကြောင့် မျိုးသုဉ်းပျောက်ကွယ်သွားသော သတ္တဝါများမှာလဲ အများအပြားရှိလာခဲ့ပါပြီ ။ တိရိစ္ဆာန်အခြင်းခြင်း ဖမ်းယူစားသောက်ခြင်းများမှ အစပြု၍ သတ္တဝါများဟာ အသားစားခေတ်ကိုရောက်ရှိလာပြီဖြစ်လေရာ မကြာခင် မျိုးသုဉ်းပျောက်ကွယ်ဖို့ရာ အချိန်နီကပ်နေကြောင်းအား အသိပေးနေသလိုပါပဲဟု ထင်ရပါတယ် ။ လွန်ခဲ့သော နှစ်ပေါင်းများစွာကလဲ လျှပ်စစ်ငှက်လေးများ မျိုးသုဉ်းကွယ်ပျောက်ခဲ့ပါပြီ ။ ယခုလည်း တစ်ချို့ငှက်မျိုးများမှာ ပျောက်ကွယ်နေပါပြီဟုသုတေသီတို့က ဖေါ်ပြကြပါပြီ ။ လူသားတွေကတော့ အဓိကကျကာ မျိုးသုန်းရန် လက်နက်အသစ်အဆန်းများ တီထွင်အသုံးပြုနေပြီဖြစ်ပါတယ် ။ လောဘ ဒေါသ များ ပြင်းထန်လာပါက နူကလီယားစစ်ပွဲကို အချိန်မရွေးဆင်နွှဲနိုင်ကြောင်း သတိရှိရတော့မှာဖြစ်ပါတယ်။ ထို့ကြောင့် ဗုဒ္ဓဟောသော ကမ္ဘာကို ဖျက်မည့်အရာဟာ သတ္တဝါတို့ရဲ့ လောဘ ဒေါသတွေပဲဆိုတာ အထင်အရှား ပေါ်လွှင်နေပါတော့တယ်ခင်ဗျာ ။ သတ္တဝါများအပေါ် မေတ္တာဓါတ်များ ဆည်းဖြန်းနိုင်ကြပါစေ . . .

------

တောပြုန်းအောင်ခုတ်သူကမဆိုးပါ
လောဘကဆိုးတာပါ။
IS 'ကမဆိုးပါ
ဒေါသကဆိုးတာပါ။
သစ်တောဖြုတ်သူရော
IS အကြမ်းဖက်သူရောမဆိုးပါ
မောဟက ဆိုးတာပါ ။

#htoohtoolay

No comments:

Post a Comment