Wednesday, January 13, 2016

သက်သေခံလျက် ရှိနေတယ် !

သက်သေခံလျက် ရှိနေတယ် !
----
ဗုဒ္ဓသည် ဘီစီ ၆ ရာစုခေတ် မတိုင်မီက လူများလက်ခံယုံကြည်ပြီးဖြစ်သော ဘဝသံသရာ ကံတရား အနိစ္စ ဒုက္ခတရား စသည်များနှင့် လူများနားလည်ပြီးဖြစ်သော ဝေါဟာရစကားများကို အခြေပြု၍ ဗုဒ္ဓမြတ်စွာဘုရားဟာ ဟောပြောခဲ့ပါသည် ။ သို့ရာတွင် ထိုရှေးဝါဒများ စကားများသည် ဗုဒ္ဓဒေသနာ၌ အနက်အဓိပ္ပါယ် ပြောင်းလဲလာ၏ ။ ဗုဒ္ဓလက်ခံသော ဘဝသံသရာသည် ရှေးဗြဟ္မာဏတို့ယုံကြည်သော ဘဝသံသရာနှင့်မတူ ။ ဗုဒ္ဓ၏ အနိစ္စဒုက္ခတရားသည် ဗြဟ္မာဏတို့၏ တရားထက် ပိုမိုလေးနက်ကျယ်ပျံ့၍ အနှစ်သာရပိုင်းတို့၌လည်း ကွဲပြားကာ အဓိပ္ပါယ်ပြည့်ဝသောတရားများဖြစ်ကြောင်း သုတေသီတို့က ဖေါ်ပြခဲ့သည် ။

 အင်္ဂလိပ်ပညာရှင် ဆာချားစ်အဲလိယော့သည် -

((( ဂေါတမဗုဒ္ဓ ပရိနိဗ္ဗာန်ပြုသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်၍ နောက်ကာလ၌ ဗုဒ္ဓ၏ အမည်သည် ဒဏ္ဍာရီများအကြားတွင် မှုန်ရီဝိုးတဝါးဖြစ်ခဲ့သော်လည်း ဗုဒ္ဓ၏ ဂုဏ်သည် နောက်မှပေါ်လာသော များစွာသော ဘာသာရေးခေါင်းဆောင်များ၏ ဂုဏ်ထက် ပိုမိုထင်ရှား၏ ။ ဤအချက်သည် ဗုဒ္ဓ၏ ထူးခြားသော သီလဂုဏ် သမာဓိဂုဏ်ကို အထင်အရှား သက်သေခံလျက်ရှိ၏ ))) ဟု ဆိုခဲ့လေ၏ ။

#htoohtoolay

No comments:

Post a Comment