ဝေဖန်မလို့လား ?
------
ရှေ့ဆောင်သူတို့နဲ့ ပတ်သတ်ပြီး အတော်စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ချက်က အခုခေတ်အခါက စိတ်နဲ့ပတ်သတ်ပြီး ရှာဖွေဖေါ်ထုတ်မှုကို ဇောတ်ချပြုလုပ်ခဲ့ပြီး နည်းအမျိုးမျိုးနဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတဲ့ ဖရွိုဒ် အကြောင်းလေး နည်းနည်းပြောပြချင်တယ် ။ ဒီလိုပါ ။ သူဟာ သူ့ရဲ့ စာတစ်စောင်မှာ အခုလိုရေးသားဖူးခဲ့တယ် ။ " ကျွန်တော့်အဖို့တော့ မျှော်လင့်ချက် ကြီးကြီးမားမား မထားမိဘူးဗျာ ။ ကျွန်နော်တို့ တတွေကတော့ ရှေ့လျှောက် စိတ်ပျက်အားငယ်စရာအခြေအနေတွေနဲ့ပဲ ရင်ဆိုင်ရအုန်းမှာပဲ ။ ကျွန်တော်တို့ရဲ့ နောင်လာမယ့် မျိုးဆက်သစ်တွေကတော့ ကျွန်နော်တို့တတွေ စိုက်ပျိုးခဲ့တဲ့ စိတ်စီစစ်မှုပညာရဲ့ အသီးအပွင့်တွေကို စားသုံးကြရမှာပါ ။ ပညာရှင်တို့ရဲ့ အသိအမှတ်ပြု ခံရခြင်းဆိုတဲ့ ဆုလာဘ်ကို သူတို့ကောင်းကောင်းရရှိကြမှာပါ ။ ကျွန်တော်တို့ ခဗျားတို့လို အစပျိုးခဲ့သူတွေအဖို့ကတော့ " ပထမဆုံး အမြင်သစ်ရသူတို့ရဲ့ ပီတိသုခကိုပဲ စားသုံးကြရမှာပါဗျာ " လို့ ရင်ဖွင့်ခဲ့ဖူးတယ် ။
ဝေဖန်မှုကိုပြုလုပ်ခြင်းခံရတဲ့အခါ သူပြောခဲ့တဲ့စကားလေးတစ်ခွန်း အတော် အဓိပ္ပါယ်ပါတာတွေ့ရတယ် ။ သူက တစ်ဖက်က စီးချင်းထိုးဖို့တွက် အကွက်ကျကျ စီစဉ်ဖိတ်ခေါ်တဲ့အခါ ပြန်လည် စာပြန်ခဲ့တာက အင်မတန် မှတ်သားစရာကောင်းပြီး သူ့ရဲ့ စိတ်နေသဘောလေးကို မြင်နိုင်တယ် ။ အတုယုစရာပါပဲ ။ ဒီလိုပါ ။ သူပြောတာက " သူတို့က လူကြီးလူကောင်းတွေအရှေ့မှာ ကျွန်တော်နဲ့ ဂျနေးတို့ နပန်းသတ်တာကို မြင်လိုပုံရတယ် ။ ဒါပေမယ့် ကျွန်နော်ကတော့ တစ်ဖက်သတ်အမြင်တာရှိနေတဲ့ ပရိသတ်အရှေ့မှာ ဘာစကားမှ မပြောလိုဘူး ။ အဲ့ဒီ့ ဘာမှမသိတဲ့လူတွေက ကျွန်တော့်အတွေးအခေါ် ကျွန်တော့် အတွေ့အကြုံနဲ့ ပတ်သတ်ပြီး မျောက်ပန်းလှန် မဲခွဲဆုံးဖြတ်လုပ်မှာမျိုးလဲ ကျွန်တော်က လုံးဝ လက်မခံလိုဘူး " လို့ ရေးသားခဲ့တယ်လေ ။ အတော် စိတ်ဝင်စားစရာ အတုယူစရာကောင်းတဲ့ အခြေအနေတစ်ရပ်ကို ဖယ်ရှားပုံနော် ။
ဒါကြောင့် ကျွန်တော်တို့တွေလဲ သေသေခြာခြာ စဉ်းစားကြည့်ဖို့လိုတယ် ။ လမ်းဖေါက်ခဲ့တဲ့သူတွေရဲ့ ကျေးဇူးကို ပြစ်မှားမသင့်ဘူး ။ ဘယ်ပညာရှင်မဆို လေးစားတက်ဖို့လိုတယ် ။ သူတို့ရဲ့ ရှာဖွေမှုတွေကြောင့် အတော်များများကို သုတအနေနဲ့ သိခွင့်ရပြီး အသိညာဏ်ပညာကို တိုးတက်စေတယ် ။ ဒါကြောင့် မယုံကြည်ရင်နေပါ ။ မဆော်ကားမိဖို့ လိုတယ်နော် ။ နောက်တစ်ချက်က ဝေဖန်ပုံကို ညွှန်းပြနေတာသတိထားသင့်တယ် ။ ကျွန်တော်တို့တွေ ဘာကို မယုံကြည်လို့ ဝေဖန်နေတာလဲ ။ ဝေဖန်တဲ့ အလုပ်ကိုလုပ်နိုင်အောင် ဝေဖန်နိုင်မယ့် သုတမျိုး အပြည့်အဝ ဆိုလိုရင်း အစစ်အမှန်အတွင်းကျကျကို တွေ့ရှိပြီးပြီမို့လို့လား ? ။ အဲ့ဒီလို ပညာရပ်ရှိပြီးမှ ကိုယ်မနှစ်သက်တာကို ဝေဖန်ဖို့ အင်မတန် ကောင်းတာပေါ့ ။ အဲ့လိုမှမဟုတ်ရင် ဖရွိုဒ်ပြောသလို " ဘာမှမသိတဲ့သူတွေက ကျွန်တော့်အတွေးအခေါ်ကို မဲခွဲဆုံးဖြတ်တာဟာ ……… " တဲ့ ။ ကဲ …ဘာမှမသိတဲ့သူတစ်ယောက်က ဝေဖန်တာဟာ ဘယ်လို အဖြေမျိုးဖြစ်နိုင်မလဲပေါ့နော် ။ အတော် ဆင်ခြင်သင့်တဲ့ အချက်ပါပဲ ။ ဒါကြောင့် ပညာရှင်တို့ကို မစော်ကားမိအောင် ကိုယ့်အာဘော်တွေကို ကိုယ်ပြန်ထိန်းသိမ်းရင်း ကိုယ့်အသိပညာ ဘယ်အပိုင်းထိ ရှိတယ်ဆိုတာကို သေသေခြာခြာ လေ့လာသင့်ပါတယ် ။ အဲ့ဒီ့အတွေးဝင်တာနဲ့ ဝေဖန်မှု ပယ်ပြီးဖြစ်တာ တွေ့ရလိမ့်မယ် ။ နောက်တစ်ခုက ရှေ့ဆောင်သူတွေရဲ့ ဖေါ်ထုတ်ချက်တွေကို အလေးအနက် ထားခြင်းကြောင့် မယုံကြည်ရင်နေပါ သုတအနေနဲ့ ရရှိတာကြောင့် ကျေးဇူးတင်သင့်တယ် ။ ကျေးဇူးတင်လိုက်တာဆိုတဲ့ စိတ်လေးဝင်တာနဲ့ကို ပညာရှင်တွေအပေါ် ဂုဏ်ပြု လေးစားပြီးသားဖြစ်တယ်ဆိုတာ မမေ့ပါနဲ့သူငယ်ချင်း ။ ဖရွိုဒ်ဆိုတဲ့ တကယ့် လက်တွေ့ကျကျစိတ်ပညာကို လေ့လာဆည်းပူးပြီး သူတွေ့ရှိချက်တွေဟာ ဘာနဲ့ ဘယ်လိုဆက်နွယ်ပုံ အစရှိတာတွေ ထောက်ပြခဲ့ ဖေါ်ပြခဲ့တာလေးဟာ အတော်စိတ်ဝင်စားစရာကောင်းပြီး သူ့ကိုဝေဖန်ခဲ့တဲ့သူတွေကတော့ သူဖေါ်ပြတဲ့ အပေါ်ရံ အပိုင်းတစ်စိတ်တစ်ဒေသကိုတောင် မြင်နိုင်ကောင်းမှာမဟုတ်ဘူး ။ ဒါကို ဘာကြောင့်ပြောရတာလဲဆိုရင် ဝေဖန်တဲ့သူတွေဟာ သေခြာလက်တွေ့စီစစ်မှု ဖေါ်ဆောင်မှု အတွေ့အကြုံနဲ့ နှိုင်းယှဉ်ချိန်ဆမှုတွေကို ထည့်မတွက်ပဲ မလုပ်ဆောင်ပဲနဲ့ စာအုပ်တွေဖတ်ပြီး စာအုပ်ထဲကအတိုင်း ( သူတစ်ပါးဆင်ခြင်ပြီး ဝေဖန်ပြီး သူတစ်ပါးအယူအဆ ) တွေကိုသာ ဘောင်ခတ်ပြီး အဲ့ဒီ့ စည်းအတွင်းထဲက ဖေါ်ပြနေလို့ပဲ ။ ကြည့်လေ ။ ဒါကြောင့် ဖရွိုဒ်က ဖစ်စတာထံကို စာပေးတဲ့အခါ ရေးသားခဲ့တာက " ခက်တာက ကျွန်တော်တို့တွေရဲ့ သီအိုရီကို ကျွန်တော်တို့ရဲ့ အတွေ့အကြုံက ရတယ်ဆိုတာကို ဝေဖန်သူတွေ နားမလည်နိုင်ကြတာပဲဗျာ ။ ကျွန်တော်တို့ဟာ ဟိုစာအုပ်ဖတ် ဒီစာအုပ်ဖတ် အဲ့ဒီ့စာအုပ်က နည်းနည်း ဟိုစာအုပ်က နည်းနည်း အဲ့ဒီလို အတွေးအခေါ်တွေ ကူးချပြီး သီအိုရီ ထုတ်တယ်လို့ ထင်နေကြတယ် ။ အဲ့ဒါကို ကျွန်တော် မခံချင်ဆုံးပဲဗျာ ။ တကယ်ဆိုတော့ ကျွန်တော်တို့ရဲ့ သီအိုရီ အယူအဆတွေအားလုံးဟာ ကိုယ်ပိုင် အတွေ့အကြုံ လူနာတွေရဲ့ အတွေ့အကြုံနဲ့ ဘဝဖွံ့ဖြိုးမှုတစ်လျောက် ရင်ဆိုင်လာခဲ့ရတဲ့ အတွေ့အကြုံတွေအားလုံးထဲက ထုတ်ယုထားတယ်ဆိုတာ သုတို့မသိနိုင်ကြတာ ကျွန်တော်ရင်အနာဆုံးပဲဗျာ " လို ရေးသားခဲ့တယ် ။
ဒါကြောင့်ကွာ နောက်ဆုံး အချက် တစ်ခုလောက် ထပ်ပြောချင်တယ်သူငယ်ချင်း ။ အကြောင်းတစ်ခုကို ဝေဖန်မယ်လို့ စိတ်တစ်ချက် ဖြစ်ပေါ်လာရင် ငါဝေဖန်ဖို့ ပညာရှိရဲ့လားဆိုတာ ပြန်တွေးပါ ။ နောက်ပြီး ငါဝေဖန်မဲ့ စကားဟာ ဟိုစာအုပ် ဒီစာအုပ်ကအသိလား ? ငါ့အတွေ့အကြုံကရတဲ့ အသိလား ? ဒါမှမဟုတ် မိရိုးဖလာက ပါလာတဲ့ အသိလား ? ဆိုတာ သေသေခြာခြာ အရင်ဝေဖန်သင့်တယ်မဟုတ်လားသူငယ်ချင်းးးးး
#htoohtoolay
No comments:
Post a Comment