မိတ်ဆွေ ကြားပြီးပြီလား ?
သိဒ္ဓတ္တမင်းသား ဗုဒ္ဓဖြစ်သွားပြီ ။ ဥရုဝေလတောမှာ သစ္စာတရားကို ထိုးခွင်းသိမြင်သည့် သူတော်စင် သူတော်မြတ် ဖြစ်သွားပြီ ။ သိဒ္ဓတ္ထမင်းသား သစ္စာဆီမီး ထွန်းညှိရာဖြစ်သည့် ညောင်ပင်သည်လဲ နတ်သစ်ပင်ကြီး ဖြစ်သွားပြီ ။ သကျမုနိ ရေသန့်စင်ပြီး ကိလေသာ အညစ်အကြေးကို သုတ်သင်ရှင်းလင်းရာဖြစ်သည့် နေရဉ္ဇရာမြစ်သည်လည်း ပူဇော်ထိုက် ပူဇော်အပ်သည့် မြစ် ဖြစ်သွားပြီ ။ ဥရုဝေလရှိ စစ်သူကြီးသမီး သုဇာတာသည်လဲ သာမန်မိန်းမ မဟုတ်တော့ ။ ထူးခြားကြီးမြတ်သည့် မိန်းမဖြစ်သွားပြီ ။ အကြောင်းမူကား သူပေးလှူသည့် နို့ထမင်းကို စားရပြီး သကျမုနိသည် သစ္စာတရားကို ထိုးခွင်းသိမြင်သည့် အဆင့်ကို ရောက်ရှိသွားသောကြောင့် ဖြစ်သည် ။ ငါတို့ ပြည့်ရှင်မင်းကြီးလဲ ဘုန်းကံ အလွန်ကြီးမြတ်သူ ဖြစ်သွားပြီ ။ ဗုဒ္ဓ၏ ခမည်းတော်ဖြစ်သွားပြီ ။
ကြားပြီးပြီလား ?
အကျွန်ပ်တို့ရဲ့အရှင်သခင် သိဒ္ဓတ္ထရဲ့ ဂုဏ်သတင်းကတော့ အတော်ကို ကျော်ကြား ပြန့်နှံ့နေတယ် ။ မိဂဒါဝုန်တောမှာ တရားသစ်ဖြစ်တဲ့ ဓမ္မစကြာတရားကို ဟောကြားတယ်တဲ့ ။ မည်ကဲ့သို့ ဆွဲဆောင်ချက် ရှိတယ်မသိ ။ သူ့ကို ဖူးတွေ့လိုက်ရသူဟာ တရားသံဝေဂ ဖြစ်ပေါ်လာတယ်တဲ့ ။ သူ့တရားကို နာလိုက်ရသူသည် လောကီအာရုံ ခုံမင်တွယ်တာမှု ကင်းမဲ့လာသည် ။ လူငယ် လူရွယ်တွေဟာ သူ့ကို အထူး ကြည်ညိုလေးစားကြသည် ။ အုပ်စုဖွဲ့ပြီး တောကစားလေ့ရှိတဲ့ လူငယ်များသည်လဲ ရှင်ရဟန်း ပြုကုန်ကြပြီတဲ့ ။ တရားဘာဝနာ ပွါးများကြနေတယ်တဲ့ ။ ငါတို့ တရားနာ သွားရအောင်လား မိတ်ဆွေ !
-------
သင် ဒီလို သတင်းကြားခဲ့တုန်းက ဘုရားရှင်ဆီသွားဖို့ခေါ်တာ သင်မလိုက်ခဲ့ဘူးလေ ။
အခုရော !
သင် တရားနာယူဖို့ အဆင်သင့် ဖြစ်ပြီလား ?
#htoohtoolay
No comments:
Post a Comment