Wednesday, January 13, 2016

ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ သြဝါဒ မိန့်ခွန်း

ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ သြဝါဒ မိန့်ခွန်း
-----
သုတ္တနိပါတ် ပါဠိတော်မှာ ငါတို့ မြတ်စွာဘုရား ဟောတော်မူသည်ကား " သြက္ကာကရစ်မတိုင်မီက ရှေးအခါ၌ လူတို့သည် နွားတို့ကို မိမိတို့၏ ဆွေရင်း မျိုးရင်းတို့နှင့်အတူ ကြည်ဖြူလေးမြတ်ကြကုန်၏ ။ ထိုအခါ အထက်ကောင်းကင်၌ ရှိနေသော သမ္မာဒေဝ နတ်တို့သည် လူ့ လောကကို အလေးပြု၍ ကြည့်ရှုစောင့်ရှောက်ကြကုန်၏ ။ ဘီလူး သဘက်တို့သည် လူတို့ကို ထိပါးခွင့်မရကြကုန် ။ ထိုအခါ လူ့ လောကမှာ ရောဂါဥပဒ်ဟူ၍ မရှိကြချေ ။ နွားကို သတ်ကြသူ နွားသားကို စားသောသူများ ပေါ်ပေါက်လာသည်မှစ၍ သမ္မာဒေဝ နတ်တို့သည် လူ့လောကကို မကြည့်ရှုကြကုန် ။ ထိုအခါမှစ၍ လူတို့၏ အတွင်း၌ ဖြစ်သော ရောဂါမျိုးတို့သည် ပေါ်ပေါက်လာကုန်၏ " ဟုငါတို့ မြတ်စွာဘုရား ဟောတော်မူတယ်။

ပါဠိတော်ကို ထောက်မြော်၍ နွားသားစားသူတို့ကို သမ္မာဒေဝ နတ်ကောင်းနတ်မြတ်တို့သည် အလွန်မုန်းကြကြောင်း သိအပ်၏ ။ ကိုယ်စောင့်နတ်တို့သည်လဲ ထိုကိုယ်ကို မုန်းကြကုန်၏ ။ အိမ်စောင့်နတ်တို့သည်လဲ ထိုအိမ်သူ အိမ်သားတို့ကို မုန်းကြကုန်၏ ။ ရွာစောင့်နတ်တို့သည်လဲ ထိုရွာသူ ရွာသားတို့ကို မုန်းကြကုန်၏ ။ မြို့စောင့်နတ် တိုင်းစောင့်နတ် ပြည်စောင့်နတ်တို့သည်လဲ နွားသားစားသောသူတို့ကို ထိုနည်းအတူ မုန်းထားကြကုန်၏ ။ ဘီလူး သဘက် အစိမ်း သရဲတို့သည်ကား လူတို့၏ အသွေးအသားကို အလွန်ကြိုက်ကြကုန်သကဲ့သို့ နွားတို့၏ အသားကိုလဲ အလွန်ကြိုက်ကြကုန်၏ ။ ယဇ်ကြီး ပူဇော်ကြကုန်သော သူတို့သည် နွားတို့ကို များစွာ သတ်ကြကုန်၏ ။ နွားသားကို စားကြကုန်သော လူတို့၏ အသွေးအသားကိုမူကား ဆိုဖွယ်ရာမရှိပြီ ။

ထို့ကြောင့် ယခုအခါ ကပ်ဥပဒ်မှ လွန်ကင်းကြလိုသော သူတို့သည် နွားသားစားမှုကို ရှောင်ကြဉ်ကြကုန်ရာ၏ ။ ထိုထက် တက်နိုင်ကြပါကုန်မူကား အသားစားမှုများကို ရှောင်ကြဉ်ကြကုန်ရာ၏ ။ နွားသားကြိုက်လျက် သေလွန်ကြကုန်သော ရှင်လူ အပေါင်းတို့သည် ယေဘုယျအားဖြစ် ဘီလူး သဘက် ဘဝတို့ချည်း ရောက်ကြရကုန်၏ ။

#htoohtoolay

No comments:

Post a Comment