နတ်ဝင်နှင့် ဝိညာဉ်လောက !
----
အနောက်နိုင်ငံများမှာ လူသေရင် ဘဝပြတ်မသွားပဲ အတ္တဝိညာဉ်အဖြစ်နဲ့ တမလွန်လောကမှာ သွားလာနိုင်တယ်လို့ ယုံကြည်ကြတဲ့သူတွေဟာ အမြောက်အများရှိပါတယ် ။ သူတို့ရဲ့ အားထားချက်က နတ်ဝင်သည်တွေပဲဖြစ်တယ် ။ နတ်ဝင်သည်ဟာ ဘဝင်ကျနေတဲ့အချိန်မှာ တမလွန်လောက က ဝိညာဉ်တစ်ခုက ပူးကပ်ပြီး မိမိသိလိုတာတွေကို တစ်ဆင့် ကိုယ်တိုင်ဆက်သွယ်ကြတယ်လို့ ဆိုတယ် ။
စိတ်ဝိညာဉ် သုတေသီတွေရဲ့ လေ့လာချက်အရ နတ်ဝင်သည်တွေက လူလိမ်တွေ များတယ်လို့ ဆိုတယ် ။ တစ်ချို့ သုတေသီတွေကတော့ လိမ်လည်လှည်းစားခြင်းမရှိပဲ ဘယ် ပရိယာယ်မျှကိုမှ မသုံးပဲ သေသူရဲ့ အကြောင်းကိုဖြစ်စေ နတ်မေးသူနဲ့ သူ့ရဲ့ ဆွေမျိုးသားချင်း မိတ်ဆွေ အပေါင်းအသင်းများအကြောင်းကိုဖြစ်စေ တိကျမှန်ကန်စွာ ပြောပြနိုင်တယ်လို့ ဒီလို ဝင်ခံကြတာတွေလဲ ရှိတယ် ။
အဲ့ဒီလို မှန်ကန်စွာ ပြောပြနိုင်ခြင်းဟာ သေသူနဲ့ ဆက်သွယ်မှု ရှိလို့ပါဟု ဒီလို ဆိုကြတာဖြစ်တဲ့အတွက် စိတ်ဝိညာဉ် သုတေသီများ အနေနဲ့ ဒီအဆိုကိုလက်ခံနိုင်ဖို့ရာ အင်မတန် ခက်ခဲနေခဲ့ပါတယ် ။ နတ်မေးသူ အများစုဟာ သေသူနဲ့ ခင်မင်ရင်းနှီးနေသူတွေဖြစ်ပြီး နတ်ဝင်ပြောပြတဲ့အချက်များက မေးသူ သိပြီးသား အချက်များသာ များပါတယ် ။ အဲ့ဒါကြောင့် နတ်ဝင်သည်တွေဟာ မိမိရဲ့ ပရဝိညာဉ်စွမ်းအားနဲ့ နတ်မေးသူရဲ့ စိတ်ကို သိရှိပြီး သူပြောတဲ့ စကားများ တိကျမှန်ကန်နေတာဖြစ်တယ်လို့ ဒီလို ဆိုကြပါတယ် ။ ဒါပေမယ့် သုတေသီတွေအတွက်က လူတစ်ဦးရဲ့ စိတ်ကို သိနေတယ်ဆိုတာဟာလဲ လက်ခံနိုင်စရာအကြောင်းတစ်ချက်တော့ မဟုတ်ပါဘူး ။
ပိုအံ့သြစရာကောင်းတဲ့ အချက်များလဲ ရှိနေပါတယ် ။ အဲ့ဒါဟာ မေးသူက ကြိုသိနေတဲ့ အကြောင်းများမဟုတ်ပဲ နတ်မေးသူ ကိုယ်တိုင် မသိတဲ့ အကြောင်းတရားတွေကို နတ်ဝင်ကနေတစ်ဆင့် ဝိညာဉ်ဟာ ဆက်သွယ် ပြောကြားတာတွေလဲ ထူးခြားစွာ တွေ့ရှိလာရတယ် ။ တစ်ခါက နာမည်ကျော် နတ်ဝင် မစ္စပိုက်ဝါရဲ့ ဓါတ်စီးဟာ ပါမောက္ခ ဝီလျံဂျိမ်းကို နယူယောက်မြို့မှာရှိတဲ့သူရဲ့ ဆွေမျိုးသားခြင်းနှစ်ယောက် ကျန်းမာရေး အခြေအနေကို ပြောပြတယ် ။ အဲ့ဒီ့အချိန်က ဂျိမ်းစ် ဟာ အဲ့ဒီ့အကြောင်းကို ဘာမှ မသိပဲ နောက်ကာလကြာမှ နယူးယောက်က ပေးပို့လာတဲ့ စာကိုတွေ့တော့မှ အမှန်တွေ ဖြစ်နေတာ တွေ့ရတယ် ။ အဲ့ဒီလို ဖြစ်စဉ်တွေဟာ အင်မတန် များပြားစွာ တွေ့ရှိလာရတဲ့အချိန်မှာတော့ သုတေသီတွေဟာ တမလွန်လောကဟာ ရှိသလား မရှိသလားဆိုတာတွေကို မေးခွန်းထုတ်လာရတော့ပါတယ် ။ အဲ့ဒါကို အသေအခြာသိဖို့ရာ သုတေသီတွေက နတ်ဝင်သည်တွေဆီ မသွားပဲ ပုဂ္ဂိုလ်တစ်ဦးကို စေလွှတ်ပြီး စူးစမ်းခဲ့တယ် ။ ဒေါက်တာသောမတ်စ်ဆိုတဲ့ ပညာဝန်တစ်ဦးဟာ သူ့ရဲ့ လက်ထောက် အမျိုးသမီးတစ်ဦးကို နတ်ဝင်မစ္စစ်လီအိုနတ်ဆီ စေလွှတ်ပြီး ကွယ်လွန်သူ သူ့ရဲ့ ဇနီးအကြောင်းကို မေးစမ်းစေခဲ့တယ် ။ နတ်ဝင်ရဲ့ဓါတ်စီးက မစ္စသောမတ်စ်ရဲ့ ဝိညာဉ်မှ ရရှိတဲ့ အချက် ၁၁ ချက်ကို ပြန်ပြောပြတဲ့အခါမှာတော့ အားလုံး မှန်ကန်ကြောင်းသိရှိရတယ် ။ ဒါဟာ အင်မတန် ထူးဆန်းတဲ့ တွေ့ရှိချက်တွေ ဖြစ်ပါတယ် ။
အဲ့ဒီ့အခါမှာ စဉ်းစားစရာအချက်တွေ ရှိနေပါတယ် ။ သေသူနဲ့ ဆက်သွယ်နေတယ်ဆိုတဲ့အချိန်မှာ နတ်ဝင်သည်ဟာ ဟန်ပန်အမူအရာတွေ ပြောင်းလဲသွားပါတယ် ။ တစ်ခါတစ်ရံမှာ နှုတ်နဲ့ မပြောပဲ စာနဲ့ပဲ ရေးပြတာတွေလဲရှိတယ် ။ အဲ့ဒါကို Auto စာရေးနည်းလို့ ခေါ်တယ် ။ လက်ထဲမှာ ခဲတံကို ခက် ဖွဖွလေးကိုင်ထားရုံနဲ့ ခဲတံဟာ အလိုလို ရွေ့လျားသွားတာပဲ ဖြစ်တယ် ။ အဲ့ဒီ့ရွေ့လျားမှုတွေကနေ အဓိပ္ပါယ်ပါတဲ့ စာတွေ ဖြစ်လာတယ် ။ ဒါဟာ အင်မတန် ဆန်းကြယ်တဲ့ သုတေသီတွေ တွေ့ရှိချက်ထဲက တစ်ချက်ဖြစ်ပါတယ် ။
သေသူနဲ့ ဆက်သွယ်ရာမှာ ပေါ်ပေါက်လာတဲ့ auto စာပေတွေအနက် စိတ်ဝင်စားစရာကောင်းတာမှာ ၁၉၀၆ ခုနှစ်က ပေါ်ပေါက်ခဲ့တဲ့ စာတွေဖြစ်ပါတယ် ။ စာရေးသူများမှာ နာမည်ကျော် အမေရိကန်နတ်ဝင်ဖြစ်တဲ့ မစ္စပိုက်ပါ ပါဝင်ခဲ့ပေမယ့် အများစုဟာ နတ်ဝင်များမဟုတ်ပဲ တက္ကသိုလ်ကထိကဆရာမတွေနဲ့ အခြား ဂုဏ်သရေရှိ သူတွေတာ ဖြစ်ပါတယ် ။ သူတို့နဲ့ ဆက်သွယ်တယ်ဆိုတဲ့ တမလွန်ဘုံသားများမှာ မကွယ်လွန်မှီက ဗြိတိသျှ စိတ်ဝိညာဉ်အသင်းကို တည်ထောင်ခဲ့တဲ့ ပညာရှင် သုံးဦး အမေရိကန် စိတ်ဝိညာဉ်သုတေသီ ဒေါက်တာဟော့ဆင်နဲ့ အခြား ဂုဏ်သရေရှိ ပုဂ္ဂိုလ်သုံးဦးဖြစ်ပါတယ် ။
အဲ့ဒီ့ ဝိညာဉ်တွေဆီက ရရှိတဲ့ အော်တိုမက်တစ်စာများထဲက ထူးခြားစွာအကြောင်းရပ်နဲ့ဆိုင်တာကတော့ စာများကို စာရေးသူတို့ဟာ တစ်ချိန်တည်းမှာပဲ အသီးသီး ရေးသားကြခြင်းဖြစ်ပါတယ်။ စာရေးသူတွေက တစ်ဦးအကြောင်းကို တစ်ဦးကလဲ မသိကြပါဘူး ။ ၁၉၀၉ ခုနှစ် နွေရာသီမှာ မစ္စစ်ဗာရယ်ဟာ အင်္ဂလန်ပြည်ကို အဲ့ဒီ့စာရေးနေစဉ်အချိန်မှာပဲ မစ္စစ်ဟော်လန်ဆိုတဲ့ မိန်းမကလဲ အိန္ဒိယပြည်မှာ ရေးသားလျက် ရှိနေတာဖြစ်တာတွေ့ရတယ် ။ သူတို့နှစ်ဦးဟာ တစ်ဦးကို တစ်ဦး မသိကြခြင်းဟာ သုတေသီတို့ကို အင်မတန် တုန်လှုပ်သွားစေတဲ့ တွေ့ရှိချက်တွေ ဖြစ်ပါတယ် ။ နေရာမတူ လူမတူပဲ လုံးဝ မသိကြတဲ့ သူနှစ်ဦးဟာ တစ်ချိန်တည်းမှာပဲ တစ်ခုတည်းအကြောင်းအရာကို ရေးသားနေခြင်းဖြစ်တယ် ။
သုတေသီဆရာတွေကနတ်ဝင် လူလိမ်ညာတွေကို ဖေါ်ထုတ်ခဲ့ပြီး သူတို့ ဘယ်လိုမှ မစွတ်စွဲနိုင်တဲ့ မစ္စစ်ပိုက်ပါ / မစ္စစ်လီအိုနတ် အစရှိတဲ့ အနည်းငယ်သော နတ်ဝင်တို့ရဲ့ ရိုးသားဖြောင့်မတ်မှုကိုတော့ ကျွန်ပ်တို့ အသိအမှတ် ပြုရမှာဖြစ်ပါတယ်လို့ ဆိုပါတယ် ။ နတ်ဝင်တို့ကို စူးစမ်းလေ့လာတဲ့အခါမှာ စုံထောက်များ ငှားရမ်းပြီး သူတို့ရဲ့ အသွားအလာ အနေအထိုင် သူတို့ထံ ရောက်တဲ့ စာတွေ ပေးပို့တဲ့ စာတွေကို ဖေါက်ဖတ်စုံထောက်ခြင်းတွေ နတ်မေးသူရဲ့ အတွင်းရေး ကိစ္စများကို သူတို့ လုံးဝမသိအောင် စီမံကာကွယ်ထားတာမျိုး သူတို့ထံ ရုပ်ဖျက်သွားပြီး နာမည် နေရပ်လိပ်စာ လွှဲပြောခြင်းတွေအစရှိတာတွေနဲ့ စေ့ငှပိရိစွာ သုတေသီတွေကို လိမ်လည် လှည့်စားဖို့ဆိုတာ မဖြစ်နိုင်ပါဘူးလို့ ဆိုပါတယ် ။
တမလွန်ဘဝအတွက် အထောက်အထားများမှာ အော်တိုမက်တစ်စာပေကိစ္စက စာရေးသူတွေမှာ ဂုဏ်သရေရှိ အထက်တန်းစား ပညာတက်များဖြစ်ပြီး သုတေသီ ဆရာတွေကလဲ အထူးသတိဝီရိယထားကာ ဆယ်နှစ်ကျော်ကြာမျှ မကြာခဏ တွေ့စုံလေ့လာခဲ့ပါလျက် သူတို့ ( စာရေးသူ ) အားလုံးပေါင်းပြီး ကြံစည်လုပ်ကိုင်တာဖြစ်တယ်လို့ မသင်္ကာစရာ နိမိတ်လက္ခဏာကတော့ လုံးဝ မရှိဘူးလို့ ဆိုပါတယ် ။ ဒီကိစ္စတွေကတော့ အလွန်နက်နဲ ဆန်းကြယ်သော်လဲ သုတေသီတွေကတော့ ဆက်လက် ထူးခြားသော တွေ့ရှိချက်များကို မှတ်တမ်းတင်စဲ ဖြစ်ပါတယ် ။ တမလွန်ဘဝပြဿနာနဲ့ ပတ်သတ်ပြီးတော့ လေ့လာတွေ့ရှိချက်များကို ကောက်ချက်ချရာမှာ အထက်က ပြခဲ့တဲ့ အတိုင်း သုတေသီတွေဟာ ညီညီညွတ်ညွတ် မရှိကြချေ ။ တမလွန်ကို ထောက်ခံသော သုတေသီတွေ ရှိသလို လုံးဝ လက်မခံပဲ တွေ့ရှိချက်တွေကို ထက်မံတွေ့ရှိဖို့ ရှာဖွေနေတဲ့ သုတေသီတွေလဲ ရှိနေကြပါတယ် ။ သို့သော်လဲ ဆန်းကျယ်သော တမလွန် တွေ့ရှိချက်များဟာ တိုးပွားလျက် တိုးပွားကာ ဆန်းကြယ်လျက် ဆန်းကြယ်ပြီး သုတေသီတွေမှာ အဖြေမထုတ်နိုင်သော တွေ့ရှိချက်တွေအကြား လေ့လာလေလေ တွေ့ရှိပြီးရင်း တွေ့ရှိနေသေးပါကြောင်းးးးး
#htoohtoolay
No comments:
Post a Comment