အမေရိကန်များနှင့် သရဲများ တွေ့ဆုံခြင်း
----
သရဲတို့သည် မြန်မာသော ဗြိတိသျှသော ဂရုမစိုက်ပေ ။ မစ္စတာလုစ်ဝေါလင်စကီသည် အမေရိကန်လူမျိုးဖြစ်၏ ။ သူသည် ကာလအတန်ကြာသော် မြန်မာနိုင်ငံအစိုးရ၏ စီးပွားရေး အကြံပေးပုဂ္ဂိုလ်ဖြစ်လာ၏ ။ မြန်မာနိုင်ငံ၏ ရာထူးခန့်ထားသည့်အတွင်းမှာ သူသည် ရုက္ခစိုးနတ်နှင့် အလွန်ထူးခြားသည့် အတွေ့ကြုံကို ရရှိလေသည် ။
၁၉၅၈ ခုနှစ်တုန်းက ကျွန်ပ်တို့သည် အင်းလျားကန်ဘေးရှိ အိမ်ကလေး၌ တတိယမြောက်နှစ်အတွက် နေထိုင်ကြပါသည် ။ ထိုနှစ်ထဲ၌ ရှေးဦးစွာ ခြစ်သံများ ရှပ်တိုက်သံများ ရိုက်နှိပ့်သံများ စသည့် ထူးဆန်းသောဆူညံသံများက ကျွန်ပ်တို့ကို ရပ်သတ္တပတ်များစွာ ကာလကြာအောင် နှောက်ယှက်ခဲ့ကြသည် ။ ဤဆူညံသံများသည် ညသန်ခေါင်ချိန်မှာ ရောက်လာပြီး ကျွန်ပ်တို့ကို ခဏခဏ နိုးလိုက်အောင်ပင် အသံပြင်းထန်ကြပါ၏ ။ ကျွန်ပ်တို့သည် ထိုအသံများကိုရေတွက်ရန် အကြိမ်ကြိမ် ကြိုးစားကြပါသော်လဲ မတက်နိုင်ကုန် ။ အိမ်အစေအပါးတို့လဲ မရေတွက်နိုင်ပေ ။ နောက်ဆုံးတွင် အလွန်ဆိုးဝါးလာသောကြောင့် ကျွန်ပ်တို့သည် မြန်မာနိုင်ငံ၌ နေရမည့် ကျန်အချိန်ကာလအတွက် ကမ္ဘောဇ နန်းတော် ( ဝါ ) စထရင်း ဟိုတယ်သို့ နောက်တစ်ခါ ဒေါ်ရော်သီသည် ကလေးများအခန်းသို့ ရှင်းလင်းပြင်ဆင်ရန် သွားသောအခါ ခရစ်ယန်ဘာသာဝင် ကရင်လူမျိုး 'နန်နီ' ခေါ် အမျိုးသမီးသည် ကလေးများ၏ အခန်းထဲ၌ အိပ့်နေ၏ ။ နန်နီသည် ခေါင်းအုန်းအောက်၌ သူ့ ဗိုက်ဗယ် ( သမ္မာကျမ်းစာ ) စာအုပ်ကို ထိုးသွင်းထားသည်အား တွေ့ရှိရ၏ ။ အကာအကွယ်တအတွက် ဖတ်နေသလားဟု မေးကြည့်သော် နန်နီက ထိုမေးခွန်းကို တိုကိရိုက်ဖြေဆိုရန် ငြင်းပယ်၏ ။ ကျွန်ပ်တို့သည် ဤ ကမောက်ကမဖြစ်မှုများနှင့် ပတ်သတ်၍ အစေခံတို့ကို မပြောဖူးချေ ။ သူတို့သည် ဖြစ်ပျက်နေသည့် ကိစ္စများနှင့် ပတ်သတ်၍ သိရှိပြီးဖြစ်တယ်ဆိုတာ ထင်ရှား၏ ။ တစ်နေ့သ၌ ကျွန်ပ်တို့၏ ဒရဝမ် တောသားကလေး ဟန်စိန်သည် ကျွန်ပ်တို့ကို မပြောကြားပဲ သူ့ဘာသာသူ ကြံဆပြီး သစ်ပင်၌ နေ၏ဟု သူ အသေအခြာယုံကြည်အပ်သော သရဲအား ပူဇော်ပသရန် သူ့ဘာသာသူ တာဝန်ယူ လုပ်လေသည် ။ ထို့နောက် မကြာမှီ ကျွန်ပ်တို့သည် ထူးဆန်းသော အတွေ့အကြုံများကို တွေ့ရှိကြရလေတော့၏ ။
ကျွန်ပ်သည် အလွန်ထူးခြားသည့် ခံစားမှုဖြင့် ညသန်ခေါင်ချိန်မှာ နိုး၍ အိပ့်ယာထဲ၌ လုံးဝ ဖြောင့်မတ်စွာ ထိုင်နေ၏ ။ တစ်စုံတစ်ရာ တိုက်တွန်းသော ခံစားချက်က ကျွန်ပ်တို့အိပ့်ယာ အပြင်ဘက်ရှိ ဆင်ဝင်ကို ကြည့်စေရန် ကျွန်ပ်ခေါင်းကို အတင်းလှည့်ခိုင်းလေသည် ။ ဆင်ဝင်သို့သွားသည့် တံခါးပေါက်၌ ထူးဆန်းသည့်ပုံသဏ္ဍာန်တစ်ခုကို ကျွန်ပ် မြင်ရ၏ ။ ယင်းသည် ငါးပေခန့် မြင့်သည့် ဖြူပြာရောင်ရှိသော အုလုံးကြီး ( ဝါ ) အပေါ်ပိုင်းနှင့် သဏ္ဍာန်တူ၏ ။ ကျွန်ပ်သည် ကြောက်လန့်ခံစားချက်နှင့် တစ်ကိုယ်လုံး အေးစက်နေလျက် ထိုဝတ္ထုကြီးကို ထိုင်ကြည့်နေ၏ ။ ထိုအခါမှာပင် ဒေါ်ရော်သီသည် ကျွန်ပ် ( သို့ ) သရဲက ဘာအသံမျှ မပြုပါလျက် လန့်ပြီး နိုးလေ၏ ။ သူက ကျွန်ပ်အားကြည့်လျက် ဘာဖြစ်နေတာလဲ ဟု မေးလေသည် ။ ကျွန်ပ်က စကား မပြောနိုင်ပဲ သရဲကို လက်ဖြင့်ညွှန်ပြလေသည် ။ သူမသည် ကြည့်၏ ။ မြင်လဲ မြင်၏ ။ ထိုအခါမှာပင် ထိုဝတ္ထုကြီးသည် ကျွန်ပ်တို့ မြင်ရာ လမ်းကြောင်းမှ ခွါ၍ ကလေးများ၏ ဆင်ဝင်ဆောင်သို့ ရွေ့လျားသွား ( ဝါ ) ပေါလောမျောသွားလေ၏ ။ ဒေါ်ရော်သီသည် အိပ့်ရာမှ ခုန်ထ၍ ကလေးများကို ကာကွယ်ရန် ကလေးများအိပ့်ခန်းသို့ သွားရာ ကော်ရီဒါ(corrider) သို့ ဆင်းပြေးလေ၏ ။ သို့သော် သရဲကား ပျောက်သွားလေပြီ ။ ကျွန်ပ်တို့ ထိုညမှာ ထက်အိပ့်၍ မရတော့ပေ ။ ထိုအခါကျမှသာလျှင် ဒေါ်ရော်သီက မနေ့ညနေက မိမိသည် ထူးခြားသည့် ခံစားချက်ဖြင့် နိုး၍ ထူးဆန်းသည့် အတွေ့အကြုံကိုလည်း တွေ့ရှိခဲ့ရ၏ ဟု ကျွန်ပ်ကို ပြောပြလေသည် ။ ကုက္ကိုင်းလမ်းပေါ်ရှိ ခပ်ဝေးဝေးမှ လမ်းမီးသည် ကျွန်ပ်တို့အိပ့်ယာ တံတွင်းပေါက်ထဲသို့ အလင်းရောင် အတော်ကလေး ဝင်ရောက်စေ၍ ကျွန်ပ်တို့အိပ့်ယာများနှင့် မျက်နှာချင်းဆိုင်ရှိ ( Almyra ) ပေါ်၌ ကျရောက်လေ့ ရှိ၏ ။ သူမနိုးသည့် ဤည၌ကား ထူးဆန်းသည့် အရိပ့်များသည် ငှက်ပျောပင် အရွက်ကြီးများကဲ့သို့ Almyra ပေါ်မှာ ယိမ်းထိုးနေသည် ။ သို့ရာတွင်ထူးဆန်းသည်မှာ ကားလမ်းမီးနှင့် ကျွန်ပ်တို့ အိပ့်ယာတံတွင်းပေါက် ကြားတွင် ထိုကဲ့သို့ အရိပ့်ကို ဖြစ်စေနိုင်သည့်အရာ ဘာမျှ မရှိခြင်းပင်တည်း ။ ကျွန်ပ်သည် ဒေါ်ရော်သီအား ဒါကို ထူးဆန်းသည်ဟု အထင်ဘူးလား ။ အဘယ်ကြောင့် ငါ့ကို မနိုးခဲ့သနည်းဟု မေးသောအခါ သူမက ရှင်ဟာ အလွန်ပင်ပန်းစွာ အလုပ်လုပ်နေရပြီး လွန်ခဲ့သော ရက်များအတွင်းက အလွန့်အလွန် အိပ့်ရေးပျက်ထားသည် ဖြစ်သောကြောင့် ကျွန်မသည် ရှင့်အား ဤဖြစ်ရပ်နှင့် ဒုက္ခမပေးလိုဘူးဟု ပြန်ပြောလေသည် ။
ဤအတွေ့အကြုံတွေ့ရပြီးနောက် မကြာမီပင် ကျွန်ပ်တို့သည် တစ်ညနေမှာ မိတ်ဆွေများနှင့် အစည်းအဝေးမှာ တွေ့စုံကြရာ ဒေါ်မြစိန်နှင့်အတူထိုင်နေကြရာ ကျွန်ပ်က ကျွန်ပ်၏ အတွေ့အကြုံကို ပြောပြလေ၏ ။ သူမက " အို ဒါသိပ့်ရှင်းပါတယ် ။ သင့်မှာ သင့်သစ်ပင်တွင်နေသည့် သရဲရှိတယ် ။ အဲ့ဒီ့သရဲက သင်နဲ့ဆက်သွယ်ဖို့ ကြိုးစားတာဖြစ်တယ် ။ သို့သော် သင့်အစေခံက ထိုသရဲကို ပူဇော်ပသတဲ့အခါ သရဲက ကိုယ်ထင်ပြတာဖြစ်တယ် " လို့ ဆို၏ ။ ဒါနဲ့ပတ်သတ်၍ ကျွန်ပ်တို့ ဘာလုပ်သင့်သလဲဟု မေးသောအခါ ဒေါ်မြစိန်က ဤသို့ ပြောကြားလေ၏ ။ " အလွန်ကျမ်းဂန်တက်တဲ့ သီလနဲ့ ပြည့်စုံတဲ့ သူကြည်ညိုလှတဲ့ ကျောင်းထိုင်ဘုန်းကြီး တစ်ပါးနှင့်နောက်ပါ ရဟန်း နှစ်ပါး အိမ်သို့ ပင့်ပေးနိုင်ပါတယ် ။ ကျွန်ပ်တို့က ရဟန်းအား ဆွမ်းကပ်ရပါမည် ။ ထိုသရဲက ကျွန်ပ်တို့အား နောင်တွင် မနှောက်ယှက်နိုင်အောင် ကျွန်ပ်တို့အတွက် သရဲနှင့် ဖြန်ဖြေပေးရန် ထိုရဟန်းများကို သူမက လျှောက်ထားပေးပါမည် ။ အနောက်တိုင်း၌ ပညာသင်ခဲ့ပြီး ဒေါက်တာဘွဲ့ရခဲ့သော အမျိုးသမီးဖြစ်သူ ဒေါ်မြစိန်က ကျွန်ပ်တို့၏ အဖြစ်အပျက်ကို အခိုင်အမာ လက်ခံပြီး ယင်းနှင့်ပတ်သတ်၍ ထိုကဲ့သို့ ရှင်းပြနိုင်ဘိ၏ဟု ကျွန်ပ် သဘောကျ အားရသွား၏ " ။ ထို့ကြောင့် ကျွန်ပ်သည် ကျေးဇူးတင်စွာဖြင့် သူမ၏ ကမ်းလှန်းချက်ကို လက်ခံလိုက်၏ ။
နောက်တစ်ရက်နှစ်ရက်အကြာတွင် အစီအစဉ်များကို ပြုလုပ်သော် ရဟန်းများ ကျွန်ပ်အိမ်သို့ ရောက်လာပါသည် ။ ဒေါ်မြစိန် ပြန်ပြောပြသော မထေရ်တို့၏ ဆုတောင်းမှုသည် " ကျွန်ပ်သည်မြန်မာနိုင်ငံ၏ မိတ်ဆွေကြီး လူကောင်းတစ်ယောက်ဖြစ်၏ ။ ကျွန်ပ်သည် နိုင်ငံနှင့် နိုင်ငံသားများအကျိုးအတွက် အစွမ်းကုန်ကြိုးစားပြီး အလွန်ပင်ပန်းစွာ အလုပ် လုပ်နေသူဖြစ်၏ ။ ကျွန်ပ်သည် သရဲကလုပ်သည့် ဆူညံသံများကြောင့် ညပေါင်းများစွာ အိပ့်ရေးပျက်ခဲ့ရ၏ ။ ယနေ့မှစ၍ ကျွန်ပ်တို့အား အေးအေးချမ်းချမ်းနေခွင့်ပေးလျှင် သရဲအား အလွန်ကျေးဇူး ဥပကာရတင်ရှိပါမည် " ဟု ပြောလေသည် ။ ထို့နောက်ရဟန်းများ မကြာမီ ထွက်ခွါသွားကြလေတော့၏ ။ ဤနောက်မှစ၍ ရက်ပေါင်းများစွာတိုင်အောင် ကျွန်ပ်တို့သည် ဘာဆူညံသံမျှ မကြားရတော့ပေ ။
( ဦးနု နှင့် မိတ်ဆွေတို့ ပြောဆိုကြသော မှတ်တမ်း ) ( " လမ်း " အမည်ရှိ ဦးနု စီရင်ပြုစုသော ကျမ်း - စာ -၅၅ မှ ၅၉ အား မှီငြမ်းရေးသားသည် )
#htoohtoolay့ပြောင်းအရေးတကြီး စဉ်းစားရတော့သည် ။ ကျွန်ပ်တို့သည်အိပ့်ရေး အကြီးအကျယ်ပျက်ခဲ့၍ ပိန်ချုံ့လာကြသည် ။ ဤကာလအတွင်းက ၅ နှစ် ၆ နှစ်မျှသာရှိသေးသော 'လူဝစ်' ကလေးက တစ်ညတွင် သူနိုး၍ သူ့ပြတင်းပေါက်၍ သူရပ်နေစဉ် အပြင်ဘက်၌ တည်ရှိသော သစ်ပင်မှ သူ့ကို စိုက်ကြည့်နေသည့် လူတစ်ယောက်၏ မျက်နှာကို မြင်လိုက်ရ၏ဟု တစ်နေ့တစ်၌ ဒေါ်ရော်သီကို ပြောပြလေ၏ ။
ဆက်လက်ဖတ်ရှုရန် ----> http://myothetzaw23.blogspot.com/2016/01/blog-post_17.html
Sunday, January 17, 2016
Friday, January 15, 2016
အုန်းဆွဲသော ဓလေ့နှင့်မဟာဂီရိနတ် ဆိုတာ
မဟာဂီရိနတ် ဆိုတာ ဒီလိုရှိလာတာပါ
---
သူသည် ရှေးဘဝက အလွန်ခွန်အားကောင်းသည့် ပန်းပဲသမားကြီး ဖြစ်ခဲ့သည် ။ တကောင်းမင်းသည် ထို ပန်းပဲသမားကြီးက မိမိအား တစ်နေ့တွင် ဖြုတ်ချမည်ကို စိုးရိမ်လေ၏ ။ ထို့ကြောင့် ပထမ ခြေလှမ်းအနေဖြင့် မင်းကြီးသည် ပန်းပဲသမားကြီး၏ " မမြတ်လှ " မည်သော နှမကို လက်ထပ်ယူ၏ ။ ထို့နောက် သူသည် ပန်းပဲသမားကြီးကို နန်းတော်သို့ ဖိတ်ခေါ်၏ ။ ပန်းပဲသမားကြီးရောက်လာသော် မင်း၏ လက်ပါးစေတို့က သူ့ကို ခြေရော လက်ပါ တုပ်ချည်၍ အရှင်လတ်လတ် မီးရှိုံ့ သတ်လေ၏ ။ အနီး၌ စောင့်ကြည့်နေသော နှမလည်း မီးလျှံထဲသို့ ခုန်ဆင်းလေ၏ ။ သေသော် သူတို့သည် နတ်များ ဖြစ်လာခဲ့ကြသည် ။
ဤ မောင်နှမနှစ်ဦးတို့သည် မူလက သစ်ပင်တစ်ပင်မှာနေကြ၏ ။ သူတို့သည် ထိုသစ်ပင်နားသို့ လာကြသည့် ရွာသူရွာသားများအား အနှောက်အယှက် များစွာ ပေးကြ၏ ။ ထို့ကြောင့် သစ်ပင်ကို ခုတ်၍ ဧရာဝတီမြစ်ထဲသို့ မျောချလိုက်၏ ။ အတန်ကြာသော် ထိုသစ်ပင်သည် သေဲတာင်တန်းတစ်ခု၌ သောင်တင်လေ၏ ။ နတ်တို့သည် ထို တောင်ပြင်ကမ်းခြေကို ဖြတ်သန်းသွားလာသည့် လှေသမားတို့အား အနှောက်အယှက်များစွာ ပေးကြ၏ ။ ထိုအကြာင်းကို အနော်ရထာမင်းအား လျောက်ကြားလေသော် ထိုနတ်တို့ကို အမိန့်တော်ဖြင့် သဲသောင်ကမ်းမှ ထွက်သွားစေပြီး မြန်မာပြည် အလယ်ပိုင်းရှိ မီးငြိမ်းလေပြီးသော မီးတောင်တစ်ခုဖြစ်သည့် ပုပ္ပါးတောင်ပေါ်၌ နေစေလေ၏ ။ ပုပ္ပါးတောင် ပတ်ဝန်းကျင်၌ နေကြသည့် ရွာသားတို့သည် မိမိတို့၏ အိမ်မွေးတိရိစ္ဆာန်များကို သတ်၍ ထိုနတ်တို့အား ယဇ်ပူဇော်ကြလေ၏ ။ ထိုအကြောင်းကို အနော်ရထာမင်းထံ လျှောက်ကြားလေသော် မင်းကြီးက " မိမိ၏ တိုင်းသူပြည်သားတို့သည် တိရိစ္ဆာန် ယဇ်ပူဇော်မည့်အစား ထိုနတ်တို့အား ပူဇော်ပသသောအဖြင့် မိမိတို့အိမ်များ၌ သင့်လျော်သော ထောင့်တစ်ခုတွင် အုန်းများချိတ်ဆွဲကြရမည် " ဟူ၍ အမိန့်ထုတ်ပြန်၍ အမိန့်ပေးလေသည် ။ မြန်မာနိုင်ငံရှိ လူသားများစွာတို့သည် ဤရိုးရာဓလေ့ကို ဆက်လက်ကျင့်သုံး၍ မိမိတို့အိမ်များ၌ အုန်းသီးများ ချိတ်ဆွဲထားကြဆဲပင် ရှိနေကြလေသေးတော့သတည်း ။
#htoohtoolay

Thursday, January 14, 2016
မဟာမြတ်မုနိဘုရားကြီးသမိုင်းကောက်ကြောင်း
မဟာမြတ်မုနိ
------
မြတ်စွာဘုရား ပိရိနိဗ္ဗာန်စံပြီးနောက် ဘိုးတော်ဘုရား၏ သားတော် အိမ်ရှေ့မင်းက မဟာမုနိရုပ်ပွားတော်ကို မြန်မာပြည်သို့ ပင့်ဆောင်သည့် ၁၇၈၅ အေဒီ အထိ နှစ်ပေါင်း အရေအတွက်သည် ၂၃၂၈ ဖြစ်သည် ။ ထိုမျှသောကာလပတ်လုံး သီရိဂုတ္တတောင်ထိပ့်တွင် မဟာမုနိကိုယ်တော် ကိန်းဝပ်ခဲ့သည် ။ သာသနာထက်ဝတ်နီးပါးဖြစ်၏ ။ မန္တလေးမြို့၌ ရောက်ရှိတော်မူသည်မှာ ၁၉၅ နှစ်ခန့်သာ ရှိသေးလေသည် ။
အချို့က မြန်မာတို့ပင့်ဆောင်သွားသော ရုပ်ပွားတော်မှာ မဟာမုနိအစစ်မဟုတ်ဟု ဆိုလေသည် ။ မည်သို့ပင်ဖြစ်စေ ဗုဒ္ဓတရားတော်နှင့် ဆက်လျှင်၍ မသက်ဆိုင်ပါသော်လည်း ဗဟုသုတရရှိစေရန်အလို့ငှာ ရေးသားတင်ပြရပေ၏ ။
ဆရာငမည်းရေးသော ဓညဝဓိ ရာဇဝင်၌ ရေကျသောရုပ်ပွားတော်နှင့် ပတ်သက်၍ ပါရှိသည်မှာ " အင်းဝရွှေနန်းရှင်သား အိမ်ရှေ့ ဥပရာဇာသည် အဟာမုနိဘုရားရှင်အား ပင့်ဆောင်ရန် ဗိုလ်မင်း သီရိကျော်ထင်ကို စေလွှတ်လိုက်လေသည် ။ သီရိကျော်ထင်လဲ သွားရောက်ပင့်ဆောင်လေရာ ၁၁၄၆ခု တပို့တွဲလဆန်း ၁၃ရက်နေ့ ဈေးချောင်းဆိပ့်ဝယ် ဖေါင်တော်နှင့် တင်လေသော် ဖေါင်တော်အတ်ကွဲ၍ ရုပ်ပွားတော်မှာ ရေသို့တိုင် နှစ်မြှပ်လေ၏ ။ ထိုအခါ ကုလားပျို သွေးသောက်တို့လဲ ရုပ်ပွားတော်ကိုမမြင်လျှင် ရာဇဝဏ်ဒါဏ်ကို ကြောက်၍ ရှာဖွေကြလေသောအခါ ထိုရုပ်ပွားတော်နှင့် အဆင်းသဏ္ဍာန်တူသော နောက်ထပ်ရုပ်ပွားတော်တစ်ဆူကို တွေ့ရှိကြ၍ ဖေါင်တော်တင်ကြပြန်၏ ။
မည်သို့ဆိုစေ ရခိုင်မှသွန်းလုပ်သော ကြေးဆင်းတုတစ်ဆူ ပင့်ဆောင်သွားသည်ကား မှန်ပေ၏ ။ တောင်ကုတ်လမ်းမှ ပန်းတောင်းသို့ ပင့်ဆောင်ရာတွင် ရုပ်ပွားတော်ကို အပိုင်းပိုင်း အပြတ်ပြတ်ပြု၍ ပင့်ဆောင်သည် ။ ပန်းတောင်း၌ ပြန်လည်ဆက်ဆက်၍ ချောမောမွမ်းမံခဲ့သည် ။ လက်သမားနှင့် ဗိသုကာတို့ ကြီးကြပ်သယ်ဆောင်ကြ၏ ။ သမိုင်းသစ်၌ကား နေပြည်တော်ရောက်ပြီးမှ ရွှေချိန် ၁၀၀၀ နှင့် ဦးခေါင်းတော် မျက်နှာတော် ပခုံးတော် စသည်တို့ကို မွမ်းမံခြယ်လှယ်သည်ဟု ဆို၏ ။
ရမ်းဗြဲ ဦးကာတီ၏ ရခိုင်ရာဇဝင် လင်္ကာပိုဒ်ရေ ၈၈ / ၈၉ ၌ ရုပ်ပွားတော် ရေကျပုံပါရှိသည် ။ ဦးကာတီသည် ၁၈၈၇ ခု အင်္ဂလိပ်တို့ ရခိုင်သို့ ချီတက်စဉ်က လမ်းညွှန်ခဲ့သူဖြစ်သည် ။ ၁၁၉၀ခုနှစ်တွင် စကားပြန်အဖြင့် ထမ်းရွတ်ပြီး အဂ်လိပ်တို့က မြို့အုပ်အဖြင့် သူကောင်းပြုခြင်း ခံရသူဖြစ်သည် ။
၁၂၁၂ခု၌ ရမ်းဗြဲ ဦးစံတင်၏ လင်္ကာ၌ကား မြန်မာအိမ်ရှေ့မင်းသားက ရုပ်ပွားတော်ကို တောင်ကုတ်လမ်းမှ အမရပူရအထိ ချောမောသိုက်မြိုက်စွာ ပင့်ဆောင်သွားကြောင်း ပါရှိ၏ ။
မြတ်စွာဘုရား ရွှေလက်တော်၌ စီရင်သွန်းလုပ်ရာတွင် ရုပ်ပွားတော် အင်္ဂါကြီးငယ်တို့မှာ ညီညွတ်စွာပင်ဖြစ်သည်။ သို့သော် ရခိုင်မင်းရိုး မင်းဘီလူးလက်ထက်တွင် အမတ် အသေင်္ခယာက ပုန်ကန်လေ၏ ။ ဤတွင် မြန်မာရင်ခွင်သို့ သားတော် အိမ်ရှေ့မင်းသား မင်းရဲဘယ ပြေးလာ၍ အလောင်းစည်သူမင်းထံ ခစားလေ၏ ။ ပုဂံပြည်တွင် ထိုရခိုင် အိမ်ရှေ့မင်းမှ မြင်သော " လက်ယာမင်းနံ " ကို ရခိုင်ပြည်၌ မြန်မာဘုရင်က နန်းတင်ပေးခဲ့လေသည် ။
လက်ယာမင်းနံနှင့်အတူပါသော ပျူနှင့် မွန်အဖွဲ့တို့သည် သီရိဂုတ္တတောင်ဝယ် မဟာမုနိရုပ်ပွားတော်ကို ဖိုကျင်တစ်ထောင်ထိုး၍ ကျောသားတော် ပေါင်သားတော်တို့ကို ယုဆောင်ကြလေသည် ။ ထိုတွင် ရွှေကိုယ်တော်၏ ပမာဏသည် ယခုအမြင်အတိုင်းရှိလေသည် ။ ရခိုင်ဧချင်းတွင် " မွန်တီနှင့် ပျူ။ နှစ်ပြည်သူတို့ သုံးလူ့ထွတ်ချာ မဟာမုနိ တရိနာတော် ရုပ်ရှင်ကျော်ကို ပေါင်တော်ကျောသား ယူသောအားဖြင့် " ဟု ဆို၏ ။
ပကတိ ထက်ဝယ်ဖွဲ့ကိုယ်၏ အတိုင်းအထွာမှာ ရှစ်တောင် နှစ်မိုက်ရှိ၏ ။ ပျူနှင့် မွန်တို့က ဖိုကျင်ထိုးပြီးနောက် ခုနှစ်တောင်နှင့် နှစ်မိုက်ခန့်သာရှိတော့သည်ဟု ယုဆဖွယ်ဖြစ်သည် ။ယခု အမရပုရ နေပြည်တော်သို့ ကြွရောက်ပြီးသော် အတိုင်းအတာမှာ ဓမ္မခဏ်မှ မကိုဋ်တော်အဆုံးညာဏ်တော် ၁၅ ပေ တိတိရှိသည် ။ ဘိုးတော်မင်းတရားက အတွင်းဝန် နန္ဒကျော်ထင်ကို မောင်ထောင်ဆရာထံ မေးလျောက်စေရာတွင် မြို့တော်နှင့်မနီးမဝေး အလားအလာကောင်းသည့်အရပ်တွင် ကိုးကွယ်သင့်ကြောင်း ဖြေကြာသည့်အတိုင်း လက်ရှိ ရှမ်းစုအရပ်တွင် ဂန္ဓကုဋိတိုက်တည်ကိုးကွယ်ခဲ့၏ ။
ဖိုတိုက်တော်မှာ ရခိုင်မှ ပင့်ခဲ့ပြီး၍ နှစ် ၁၀၀ အကြာ သီပေါမင်းလက်ထက်တွင် မီးလောင် ပျက်ဆီးခဲ့သည် ။ မီးခစဉ် ရုပ်ပွားတော် ပကဓိမှာ တစ်စုံတစ်ရာ ချွတ်ယွင်းပျက်ဆီးမှုမရှိ ။ မကိုဋ်တော် နားပန်တော် စလွယ်တော်နှင့် ရွှေသင်္ကန်းတော်များသာ ပျက်ဆီးသည် ။ မီးခ၍ ကျသော ရွှေများကို အရာရှိ မူးမတ်တို့ ကြီးကြပ်သိမ်းဆည်းစုပုံကာ ချိန်တွယ်ကြရာ၌ ရွှေချိန်ပိဿာ ၅၄၅၀ ကျော်ရလေသည် ။
၁၂၄၆ ခု ဝါဆိုလဆုတ် ၉ ရက်နေ့တွင် ငွေ သိန်းပေါင်း ၃၀ တန် ရွှေမကိုဋ်နှင့် ဒုယင်တင်လှူကာ မျက်နှာတော် ဖွင့်လေသည် ။ အရှင် ၂ ပါး ရေစက်ချသည် ။ ၁၂၄၇ ခုနှစ်တွင် ပါတော်မူသည် ။
၁၂၆၀ ခုနှစ်တွင် အနာထပိဏ်မည်သော ဂဟပတိသူမြတ်က လက်ရှိ အုတ်ပြာသာဒ်ကြီး လှူဒါန်းသည် ။
၁၂၇၈ ခုနှစ်၌ ထီးတော်ကို လေခ၍ မြေသို့ကျရာတွင် မိုင်းပြင်းရက်စောက် စော်ဘွားကြီးက အသစ်လှူ၏ ။ ငှက်မြတ်နားနှင့် စိန်ဖူးတော်ကို ဆာဘွဲ့ရ ညောင်ရွှေစော်ဘွားကြီးက လှူဒါန်းလေသည် ။
ဘုရားပင့်သူ အိမ်ရှေ့မင်းသား၏ ကြေးရုပ်ကို ပရိဝဏ်အတွင်း ပြတိုက်ရှေ့၌ ကောင်းစွာ ထုလုပ်ထားရှိပေသည်ကို ဆရာကြီး ညိုမြရေးသားပြုစုသော ကုန်းဘောင်ရှာပုံတော်ကျမ်းတွင် တွေ့ရှိပါသဖြင့် အနည်းငယ် ထုတ်နုတ်ကာ ဆက်စပ်၍ ရေးသားတင်ပြလိုက်ရပါတော့၏ ။
ဗဟုသုတ ရရှိကြပါစေခင်ဗျာ ။

မာရ်နတ်၏ သားသမီးများ ( ခရစ်ယာန် )
မာရ်နတ်၏ သားသမီးများ
----
ဘုရားသခင်သည် သင်တို့အဘမှန်လျှင် သင်တို့သည် ငါ့ကို ချစ်ကြလိမ့်မည် ။ အကြောင်းမူကား ငါသည် ဘုရားသခင့်အထံတော်မှ ထွက်ကြွရောက်လာ၏ ။ ကိုယ့်အလိုအလျောက် လာသည်မဟုတ် ။ ဘုရားသခင်သည် ငါ့ကို စေလွှတ်တော်မူ၏ ။ အဘယ်ကြောင့် ငါ့စကားကို နားမလည်ကြသနည်း ။ ငါ၏ ဒေသနာကို နာမခံကြသောကြောင့်သာ သင်တို့သည် ငါ့စကားကို နားမလည်ကြ ။ သင်တို့သည် သင်တို့၏ အဘတည်းဟူသော မာရ်နတ်မှ ဆင်းသက်ကြ၏ ။ သင်တို့အဘ၏ အလိုကိုလဲ လိုက်တက်ကြ၏ ။ မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ လူ့အသက်ကို သတ်သောသူဖြစ်၏ ။ သူ၏ သစ္စာတရားမရှိသောကြောင့် သစ္စာတရား၌ မတည် မနေ ။ သူသည် မုသားစကားကို ပြောသောအခါ မိမိ ပကတိအတိုင်း ပြော၏ ။ မုသားစကား၌ ကျင်လည်သောသူဖြစ်၏ ။ ငါသည် သစ္စာစကားကို ပြောသောကြောင့် သင်တို့ မယုံကြ ။ ငါ့၌ အပြစ်ရှိကြောင်းကို သင်တို့တွင် အဘယ်သူ ဖေါ်ပြသနည်း ။ သစ္စာစကားကို ငါပြောသည်မှန်လျှင် အဘယ်ကြောင့် သင်တို့ မယုံကြသနည်း ။ ဘုရားသခင်နှင့် ဆက်ဆိုင်သောသူသည် ဘုရားသခင်၏ စကားကို နားထောင်တက်၏ ။ သင်တို့သည် ဘုရားသခင်နှင့် မစပ်ဆိုင်သောကြောင့် နားမထောင်ကြဟု မိန့်တော်မူ၏ ။
( ယော ၈ : ၄၂ )

ဝေဖန်မလို့လား ?
ဝေဖန်မလို့လား ?
------
ရှေ့ဆောင်သူတို့နဲ့ ပတ်သတ်ပြီး အတော်စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ချက်က အခုခေတ်အခါက စိတ်နဲ့ပတ်သတ်ပြီး ရှာဖွေဖေါ်ထုတ်မှုကို ဇောတ်ချပြုလုပ်ခဲ့ပြီး နည်းအမျိုးမျိုးနဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတဲ့ ဖရွိုဒ် အကြောင်းလေး နည်းနည်းပြောပြချင်တယ် ။ ဒီလိုပါ ။ သူဟာ သူ့ရဲ့ စာတစ်စောင်မှာ အခုလိုရေးသားဖူးခဲ့တယ် ။ " ကျွန်တော့်အဖို့တော့ မျှော်လင့်ချက် ကြီးကြီးမားမား မထားမိဘူးဗျာ ။ ကျွန်နော်တို့ တတွေကတော့ ရှေ့လျှောက် စိတ်ပျက်အားငယ်စရာအခြေအနေတွေနဲ့ပဲ ရင်ဆိုင်ရအုန်းမှာပဲ ။ ကျွန်တော်တို့ရဲ့ နောင်လာမယ့် မျိုးဆက်သစ်တွေကတော့ ကျွန်နော်တို့တတွေ စိုက်ပျိုးခဲ့တဲ့ စိတ်စီစစ်မှုပညာရဲ့ အသီးအပွင့်တွေကို စားသုံးကြရမှာပါ ။ ပညာရှင်တို့ရဲ့ အသိအမှတ်ပြု ခံရခြင်းဆိုတဲ့ ဆုလာဘ်ကို သူတို့ကောင်းကောင်းရရှိကြမှာပါ ။ ကျွန်တော်တို့ ခဗျားတို့လို အစပျိုးခဲ့သူတွေအဖို့ကတော့ " ပထမဆုံး အမြင်သစ်ရသူတို့ရဲ့ ပီတိသုခကိုပဲ စားသုံးကြရမှာပါဗျာ " လို့ ရင်ဖွင့်ခဲ့ဖူးတယ် ။
ဝေဖန်မှုကိုပြုလုပ်ခြင်းခံရတဲ့အခါ သူပြောခဲ့တဲ့စကားလေးတစ်ခွန်း အတော် အဓိပ္ပါယ်ပါတာတွေ့ရတယ် ။ သူက တစ်ဖက်က စီးချင်းထိုးဖို့တွက် အကွက်ကျကျ စီစဉ်ဖိတ်ခေါ်တဲ့အခါ ပြန်လည် စာပြန်ခဲ့တာက အင်မတန် မှတ်သားစရာကောင်းပြီး သူ့ရဲ့ စိတ်နေသဘောလေးကို မြင်နိုင်တယ် ။ အတုယုစရာပါပဲ ။ ဒီလိုပါ ။ သူပြောတာက " သူတို့က လူကြီးလူကောင်းတွေအရှေ့မှာ ကျွန်တော်နဲ့ ဂျနေးတို့ နပန်းသတ်တာကို မြင်လိုပုံရတယ် ။ ဒါပေမယ့် ကျွန်နော်ကတော့ တစ်ဖက်သတ်အမြင်တာရှိနေတဲ့ ပရိသတ်အရှေ့မှာ ဘာစကားမှ မပြောလိုဘူး ။ အဲ့ဒီ့ ဘာမှမသိတဲ့လူတွေက ကျွန်တော့်အတွေးအခေါ် ကျွန်တော့် အတွေ့အကြုံနဲ့ ပတ်သတ်ပြီး မျောက်ပန်းလှန် မဲခွဲဆုံးဖြတ်လုပ်မှာမျိုးလဲ ကျွန်တော်က လုံးဝ လက်မခံလိုဘူး " လို့ ရေးသားခဲ့တယ်လေ ။ အတော် စိတ်ဝင်စားစရာ အတုယူစရာကောင်းတဲ့ အခြေအနေတစ်ရပ်ကို ဖယ်ရှားပုံနော် ။
ဒါကြောင့် ကျွန်တော်တို့တွေလဲ သေသေခြာခြာ စဉ်းစားကြည့်ဖို့လိုတယ် ။ လမ်းဖေါက်ခဲ့တဲ့သူတွေရဲ့ ကျေးဇူးကို ပြစ်မှားမသင့်ဘူး ။ ဘယ်ပညာရှင်မဆို လေးစားတက်ဖို့လိုတယ် ။ သူတို့ရဲ့ ရှာဖွေမှုတွေကြောင့် အတော်များများကို သုတအနေနဲ့ သိခွင့်ရပြီး အသိညာဏ်ပညာကို တိုးတက်စေတယ် ။ ဒါကြောင့် မယုံကြည်ရင်နေပါ ။ မဆော်ကားမိဖို့ လိုတယ်နော် ။ နောက်တစ်ချက်က ဝေဖန်ပုံကို ညွှန်းပြနေတာသတိထားသင့်တယ် ။ ကျွန်တော်တို့တွေ ဘာကို မယုံကြည်လို့ ဝေဖန်နေတာလဲ ။ ဝေဖန်တဲ့ အလုပ်ကိုလုပ်နိုင်အောင် ဝေဖန်နိုင်မယ့် သုတမျိုး အပြည့်အဝ ဆိုလိုရင်း အစစ်အမှန်အတွင်းကျကျကို တွေ့ရှိပြီးပြီမို့လို့လား ? ။ အဲ့ဒီလို ပညာရပ်ရှိပြီးမှ ကိုယ်မနှစ်သက်တာကို ဝေဖန်ဖို့ အင်မတန် ကောင်းတာပေါ့ ။ အဲ့လိုမှမဟုတ်ရင် ဖရွိုဒ်ပြောသလို " ဘာမှမသိတဲ့သူတွေက ကျွန်တော့်အတွေးအခေါ်ကို မဲခွဲဆုံးဖြတ်တာဟာ ……… " တဲ့ ။ ကဲ …ဘာမှမသိတဲ့သူတစ်ယောက်က ဝေဖန်တာဟာ ဘယ်လို အဖြေမျိုးဖြစ်နိုင်မလဲပေါ့နော် ။ အတော် ဆင်ခြင်သင့်တဲ့ အချက်ပါပဲ ။ ဒါကြောင့် ပညာရှင်တို့ကို မစော်ကားမိအောင် ကိုယ့်အာဘော်တွေကို ကိုယ်ပြန်ထိန်းသိမ်းရင်း ကိုယ့်အသိပညာ ဘယ်အပိုင်းထိ ရှိတယ်ဆိုတာကို သေသေခြာခြာ လေ့လာသင့်ပါတယ် ။ အဲ့ဒီ့အတွေးဝင်တာနဲ့ ဝေဖန်မှု ပယ်ပြီးဖြစ်တာ တွေ့ရလိမ့်မယ် ။ နောက်တစ်ခုက ရှေ့ဆောင်သူတွေရဲ့ ဖေါ်ထုတ်ချက်တွေကို အလေးအနက် ထားခြင်းကြောင့် မယုံကြည်ရင်နေပါ သုတအနေနဲ့ ရရှိတာကြောင့် ကျေးဇူးတင်သင့်တယ် ။ ကျေးဇူးတင်လိုက်တာဆိုတဲ့ စိတ်လေးဝင်တာနဲ့ကို ပညာရှင်တွေအပေါ် ဂုဏ်ပြု လေးစားပြီးသားဖြစ်တယ်ဆိုတာ မမေ့ပါနဲ့သူငယ်ချင်း ။ ဖရွိုဒ်ဆိုတဲ့ တကယ့် လက်တွေ့ကျကျစိတ်ပညာကို လေ့လာဆည်းပူးပြီး သူတွေ့ရှိချက်တွေဟာ ဘာနဲ့ ဘယ်လိုဆက်နွယ်ပုံ အစရှိတာတွေ ထောက်ပြခဲ့ ဖေါ်ပြခဲ့တာလေးဟာ အတော်စိတ်ဝင်စားစရာကောင်းပြီး သူ့ကိုဝေဖန်ခဲ့တဲ့သူတွေကတော့ သူဖေါ်ပြတဲ့ အပေါ်ရံ အပိုင်းတစ်စိတ်တစ်ဒေသကိုတောင် မြင်နိုင်ကောင်းမှာမဟုတ်ဘူး ။ ဒါကို ဘာကြောင့်ပြောရတာလဲဆိုရင် ဝေဖန်တဲ့သူတွေဟာ သေခြာလက်တွေ့စီစစ်မှု ဖေါ်ဆောင်မှု အတွေ့အကြုံနဲ့ နှိုင်းယှဉ်ချိန်ဆမှုတွေကို ထည့်မတွက်ပဲ မလုပ်ဆောင်ပဲနဲ့ စာအုပ်တွေဖတ်ပြီး စာအုပ်ထဲကအတိုင်း ( သူတစ်ပါးဆင်ခြင်ပြီး ဝေဖန်ပြီး သူတစ်ပါးအယူအဆ ) တွေကိုသာ ဘောင်ခတ်ပြီး အဲ့ဒီ့ စည်းအတွင်းထဲက ဖေါ်ပြနေလို့ပဲ ။ ကြည့်လေ ။ ဒါကြောင့် ဖရွိုဒ်က ဖစ်စတာထံကို စာပေးတဲ့အခါ ရေးသားခဲ့တာက " ခက်တာက ကျွန်တော်တို့တွေရဲ့ သီအိုရီကို ကျွန်တော်တို့ရဲ့ အတွေ့အကြုံက ရတယ်ဆိုတာကို ဝေဖန်သူတွေ နားမလည်နိုင်ကြတာပဲဗျာ ။ ကျွန်တော်တို့ဟာ ဟိုစာအုပ်ဖတ် ဒီစာအုပ်ဖတ် အဲ့ဒီ့စာအုပ်က နည်းနည်း ဟိုစာအုပ်က နည်းနည်း အဲ့ဒီလို အတွေးအခေါ်တွေ ကူးချပြီး သီအိုရီ ထုတ်တယ်လို့ ထင်နေကြတယ် ။ အဲ့ဒါကို ကျွန်တော် မခံချင်ဆုံးပဲဗျာ ။ တကယ်ဆိုတော့ ကျွန်တော်တို့ရဲ့ သီအိုရီ အယူအဆတွေအားလုံးဟာ ကိုယ်ပိုင် အတွေ့အကြုံ လူနာတွေရဲ့ အတွေ့အကြုံနဲ့ ဘဝဖွံ့ဖြိုးမှုတစ်လျောက် ရင်ဆိုင်လာခဲ့ရတဲ့ အတွေ့အကြုံတွေအားလုံးထဲက ထုတ်ယုထားတယ်ဆိုတာ သုတို့မသိနိုင်ကြတာ ကျွန်တော်ရင်အနာဆုံးပဲဗျာ " လို ရေးသားခဲ့တယ် ။
ဒါကြောင့်ကွာ နောက်ဆုံး အချက် တစ်ခုလောက် ထပ်ပြောချင်တယ်သူငယ်ချင်း ။ အကြောင်းတစ်ခုကို ဝေဖန်မယ်လို့ စိတ်တစ်ချက် ဖြစ်ပေါ်လာရင် ငါဝေဖန်ဖို့ ပညာရှိရဲ့လားဆိုတာ ပြန်တွေးပါ ။ နောက်ပြီး ငါဝေဖန်မဲ့ စကားဟာ ဟိုစာအုပ် ဒီစာအုပ်ကအသိလား ? ငါ့အတွေ့အကြုံကရတဲ့ အသိလား ? ဒါမှမဟုတ် မိရိုးဖလာက ပါလာတဲ့ အသိလား ? ဆိုတာ သေသေခြာခြာ အရင်ဝေဖန်သင့်တယ်မဟုတ်လားသူငယ်ချင်းးးးး

ဘုရားသခင်၏ အမျက်တော် ဖလား ခုနှစ်လုံး
ဘုရားသခင်၏ အမျက်တော် ဖလား ခုနှစ်လုံး
-------
ဗိမာန်တော်ထဲက ကြီးသော အသံကား သွားကြလော့ ! ဘုရားသခင်၏ အမျက်တော် ဖလား ခုနှစ်လုံးကို မြေကြီးပေါ်သို့ သွန်းလောင်းကြကုန်လော့ဟု ကောင်းကင်တမန် ခုနှစ်ပါးတို့အား ပြောဆိုသည်ကို ငါကြား၏ ။
ပထမ သူသည် သွား၍ မိမိဖလားကို မြေကြီးပေါ်သို့ သွန်းလောင်းလျှင် သားရဲ၏ တံဆိပ်လက်မှတ်ကို ခံ၍ သူ၏ရုပ်ထုကို ကိုးကွယ်သော သူတို့၌ အလွန်ဆိုးသော အနာစိမ်း ပေါက်လေ၏ ။
ဒုတိယ ကောင်းကင်တမန်သည် မိမိဖလားကို ပင်လယ်ပေါ်သို့ သွန်းလောင်းလျှင် ပင်လယ်သည် လူသေ၏ သွေး ကဲ့သို့သော သွေးဖြစ်လေ၏ ။ ယင်းပင်လယ်၌ အသက်ရှင်သော သတ္တဝါတို့သည် သေကြ၏ ။
တတိယကောင်းကင်တမန်သည် မိမိဖလားကို မြစ်ပေါ်သို့ လည်းကောင်း စမ်းရေတွင်းပေါ်သို့ လည်းကောင်း သွန်းလောင်းလျှင် ထိုအရာတို့သည် သွေးဖြစ်ကြ၏ ။ ကောင်းကင်တမန်ကလဲ ပစ္စုပ္ပန် အတိတ် အနာဂတ် ကာလ အစဉ် ရှိတော်မူသော အရှင်ကိုယ်တော်သည် ဤသို့ တရားစီရင်တော်မူသည့် အမှုမှာ ဖြောင့်မတ်တော် မူ၏ ။ ထိုသူတို့သည် သန့်ရှင်းသူတို့၏ သွေး ပရောဖက်တို့၏ သွေးကို သွန်းလောင်းကြသည်ဖြစ်၍ သူတို့အား သွေးကို တိုက်တော်မူပြီ ။ သူတို့လဲ ခံထိုက်ကြပါ၏ဟု လျှောက်ဆိုသည်ကို ငါကြား၏ ။ ယဇ်ပလ္လင်ကလည်း မှန်ပါ၏ ။ အနတ္တ တန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရ အရှင် ဘုရားသခင် ကိုယ်တော် စီရင်တော်မူခြင်းအရာတို့သည် ဟုတ်မှန်ဖြောင့်မတ်ကြပါ၏ဟု လျှောက်ဆိုသော အသံကို ငါကြား၏ ။
စတုတ္ထ ကောင်းကင်တမန်သည် မိမိဖလားကို နေပေါ်သို့ သွန်းလောင်းလျှင် နေသည် လူတို့ကို မီးလောင်ရသောအခွင့်ကို ရ၏ ။ ပူအားကြီးသောအရှိန်ဖြင့် လူတို့သည် လောင်ခြင်းကို ခံရ၍ ထိုဘေးဒဏ်တို့ကို အစိုးပိုင်တော်မူသော ဘုရားသခင်၏ နာမတော်ကို ကျိန်ဆဲ ကြ၏ ။ ဘုရားသခင်ကို ချီးမွှမ်းခြင်းအလို့ငှာ နောင်တမရကြ ။
ပဉ္စမ ကောင်းကင်တမန်သည် မိမိဖလားကို သားရဲ၏ ပလ္လင်ပေါ်သို့ သွန်လောင်းလျှင် သူ၏ နိုင်ငံသည် မှောင်မိုက်အတိ ဖြစ်လေ၏ ။ နိုင်ငံသားတို့သည် ပင်ပန်းအားကြီးသဖြင့် မိမိတို့လျာကို ကိုခဲကြ၏ ။ မိမိတို့ ခံရသော ဝေဒနာနှင့် အနာစိမ်းများကြောင့် ကောင်းကင်ဘုံ၏ အရှင် ဘုရားသခင်ကို ကျိန်ဆဲကြ၏ ။ မိမိတို့အကျင့်ကိုလဲ နောင်တမရကြ ။
ဆဌမ ကောင်းကင်တမန်သည် မိမိဖလားကို ဥဖရတ်မြစ်ပေါ်သို့ သွန်းလောင်းလျှင် အရှေ့မျက်နှာဘုရင်တို့ သွားရာလမ်းကို ပြင်ဆင်စေခြင်းအလို့ငှာ ထိုမြစ်ရေကို ခမ်းခြောက်စေ၏ ။ ထိုအခါ နံဂါး၏ ခံတွင်းထဲမှလည်းကောင်း သားရဲ၏ ခံတွင်းထဲမှ လည်းကောင်း မိစ္ဆာပရောဖက်၏ ခံတွင်းထဲမှ လည်းကောင်း ဖားကောင်ကဲ့သို့ ညှည်းညူသော ဝိညာဉ်သုံးပါးထွက်သည်ကို ငါမြင်၏ ။ နိမိတ်လက္ခဏာကို ပြသော နတ်ဆိုး၏ ဝိညာဉ် ဖြစ်သတည်း ။ ထိုဝိညာဉ်တို့သည် လောကီ တစ်နိုင်ငံလုံးတွင် ရှိသော ဘုရင်တို့ထံသို့ ထွက်သွား၍ အနတ္တတန်ခိုးတော်နှင့် ပြည်စုံတော်မူသော ဘုရားသခင်၏ နေ့ကြီး၌ စစ်တိုက်ခြင်းအလို့ငှာ စုဝေးကြ၏ ။ ဟေဗြဲဘာသာအားဖြင့် အာအဂေဒုန် အမည်ရှိသောအရပ်၌ စုဝေးစေကြ၏ ။ အသံတော်ကား သူခိုးကဲ့သို့ ငါလာ၏ ။ အဝတ်အချည်းစည်းနှင့် သွားလာ၍ သူတစ်ပါးရှေ့၌ ရှက်စရာအကြောင်း မရှိစေခြင်းငှာ နိးလျက်နေ၍ ကိုယ်အဝတ်ကို စောင့်သောသူသည် မင်္ဂလာရှိ၏ ။
သတ္တမ ကောင်းကင်တမန်သည် မိမိဖလားကို အာကာသကောင်းကင်သို့ သွန်းလောင်းလျှင် " ပြီးပြီ "ဟု ကြီးသောအသံသည် ကောင်းကင် ဗိမာန်တော်၌ ရှိသော ပလ္လင်တော်ထဲက ထွက်၏ ။ လျှပ်စစ် ပြတ်ခြင်း အသံမြည်ခြင်း မိုးချုန်းခြင်း ကြီးစွာသော မြေလှုပ်ခြင်း ဖြစ်ကြ၏ ။ မြေကြီးပေါ်မှာ လူတို့ဖြစ်သည့် ကာလမှ စ၍ ထိုသို့သော လက္ခဏာနှင့် ထိုမျှလောက် ပြင်းထန်စွာသော မြေလှုပ်ခြင်းသည် မဖြစ်စဖူး ။ မြို့ကြီးသည် သုံးဖြာ ကွဲပြား၍ လူအမျိုးမျိုး နေသော မြို့တို့သည် ပြင်းစွာသော ဒေါသ အမြတ်တော်၏ စပျစ်ရည်ဖလားကို တိုက်ခြင်းငှာ ဗာဗုလုန်မြို့ကြီးကို အောက်မေ့တော်မူ၏ ။ ကျွန်းရှိသမျှတို့သည် လွင့်ပြေးကြ၏ ။ အချိန်အခွက် တစ်ဆယ်ရှိသော မိုးသီးသည် ကောင်းကင်မှ လူတို့အပေါ်သို့ ကျလေ၏ ။ ထိုမိုးသီးဘေးဒဏ် အလွန်ကြီးသည်ဖြစ်၍ လူတို့သည် မိုးသီးဘေးဒဏ်ကြောင့် ဘုရားသခင်ကို ကျိန်ဆဲကြ၏ ။
( ဗျာ ၁၆ : ၁ )

ဒါန နဲ့ သီလ
ဒါနနဲ့ သီလ
----
နတ်တို့အား အရိုအသေပြုရန် ပူဇော်ပသရန် မိမိ၏ တပည့်သာဝကများကို တိုက်တွန်းခြင်း ဟူသည်မှာ အမှန်အားဖြင့် ဘုရားရှင်သည် အမှန်စင်စစ် ထိုသူတို့အား ဒါနကို ပြုစေ၍ သီလကို စောင့်တည်ခိုင်းလေသည် ။
ဒါနနှင့် သီလသည် ပုညကြိယာဝတ္ထု ၁၀ ပါးတွင် ပါဝင်သည့် တရား နှစ်ပါး ဖြစ်၏ ။ ပုညကြိယာဝတ္ထု ဟူသော ဝေါဟာရသည် ပုည + ကြိယာ + ဝတ္ထု ဟူသော စကားလုံး သုံးလုံးပေါင်းထားသည့် ဝေါဟာရ ဖြစ်၏ ။
၁။ ပုညဟူသည် စိတ်ကို သန့်ရှင်း - ဖြူစင် - မညစ်နွမ်းအောင် အမြဲထိန်းသိမ်းပေးသော ကိုယ် နှုတ် စိတ် အပြုအမူကို ဆိုလိုသည် ။
၂။ ကြိယာ ဟူသည် မလွှဲမသွေ ပြုလုပ်ခြင်းတည်း ။
၃။ ဝတ္ထုဟူသည် အကျိုးဖြစ်ထွန်းစေသော ကောင်းကျိုးများ အမြဲတည်ရှိရာ အခြခံအကြောင်းကို ဆိုလိုသည် ။
ထိုကြောင့် ပုညကြိယာဝတ္ထုဟူသည် အကျိုးဖြစ်ထွန်းစေသော ကောင်းကျိုးတို့ အမြဲတည်ရှိရာ အခြေခံအကြောင်း ဖြစ်သောကြောင့် ဘယ်နည်းနှင့်မဆို ပြုကျင့်ရမည့် ကောင်းမြတ်သော ကိုယ် နှုတ် စိတ် အပြုအမူပင် ဖြစ်၏ ။

လိုချင်သော်လဲ မတောင်းလိုသူ
( ဗြဟ္မဒတ္တဇာတ် )
လိုချင်သော်လဲ မတောင်းလိုသူ
-----
အာဠဝီပြည်မှ အတောင်းအရမ်းများသော ရဟန်းတို့ကို အကြောင်းပြု၍ ဤအတိတ်ဇာတ်ကြောင်းကို ဟောတော်မူလေသည် ။
ကပိလတိုင်း ဥတ္တရပဉ္စာလမင်း စိုးစံစဉ် ဘုရားလောင်းသည် နိဂုံးရွာကြီး တစ်ရွာတွင် ပုဏ္ဍားမျိုး၌ ဖြစ်နေသည် ။ အရွယ်ရောက်သောအခါ ရသေ့ပြု၍ ဟိမဝန္တာ၌နေပြီး ရက် လ တို့ ကြာညောင်းလာချိန်တွင် ချဉ် ဆား မှီဝဲလို သဖြင့် ဥတ္တရပဉ္စာလမြို့သို့ ရောက်လာသည် ။ ထိုမြို့မှ မင်းသည် သူ၏ ငြိမ်းအေးသော အမူအရာကို ကြည်ညိုသဒ္ဓါ ပွားမိရာမှ နေ့စဉ် နန်းဆောင်ပေါ်သို့ပင့်၍ ဆွမ်းကျွေးလှူဒါန်းကာ ဥယျာဉ်တော်တွင် သီတင်းသုံးရန်လျှောက်ထားသည် ။
မိုးလကုန်၍ ဆောင်းဦးစသည်ဆိုလျှင် ရသေ့ကြီးသည် ဟိမဝန္တာသို့ ပြန်လိုစိတ်ပေါ်လာသဖြင့် တစ်လွှာ ဖိနပ်တစ်ရံနှင့် သစ်ရွက်ထီး တစ်လက်ကို မင်းထံမှ အလှူုခံသွားမည်ဟု စိတ်ကူးသည် ။ သို့ရာတွင် ((( ဥစ္စာကို တောင်းခံသော သူများသည် ငိုသည်နှင့်တူသည် ။ မရှိဟုဆိုသော ဥစ္စာရှင်သည်လဲ ပြန်၍ ငိုသည်နှင့်တူသည် ။ ငိုသောငါနှင့် မင်းကြီးကို လူများအား မမြင်စေချင် ))) ဟု နှလုံးသွင်းမိ၍ ဘေးလူများ ကွယ်ရာ၌သာ တောင်းတော့မည်ဟု ဆုံးဖြတ်ကာ မင်းကြီးကို နှစ်ဦးခြင်း တွေ့ဆုံလိုကြောင်း ပြောသည် ။
မင်းကြီးသည် အမတ်များကို ဖယ်ရှောင်နေစေကာ နှစ်ဦးတည်းသာ တွေ့ဆုံရသောအချိန်၌လဲ ရသေ့သည် မတောင်း ။ နောက်နေ့မှ ပြောမည်ဟု ဆို၍ မင်းကြီးကို ပြန်လွှတ်သည် ။ နောက်နေ့ရောက်လာသောအခါ၌လဲ ထိုနည်းအတိုင်းပင် ။ ဤသို့ဖြင့် နောက်နေ့သို့ချည်း ရွေ့လာခဲ့ရာ တစ်ဆယ့်နှစ်နှစ် ကုန်လွန်သွားသည် ။
ထိုအခါ မင်းကြီးက ((( ငါ့အရှင်သည် တစ်ဆယ့်နှစ်နှစ် ကြာသည့်တိုင် မပြောလိုပဲ ဖြစ်နေရသည့်အကြောင်းမှာ တခြားကိစ္စမဖြစ်နိုင် ။ မင်းစည်းစိမ်ကို ခံစားလိုပုံရသည်။ ငါ့အရှင်သာ အလိုရှိခဲ့လျှင် မင်းစည်းစိမ်ကို ငါပေးမည် ))) ဟူ၍ စဉ်းစားမိသည် ။ သို့ဖြင့် ထိုနေ့၌ ရသေ့ကြီးထံသို့ လာခဲ့ရာ ထုံးစံအတိုင်း အမတ်များကို အဝေး၌ နေစေ၍ မင်းအဖြစ်မှ စပြီး အလိုရှိရာကို တောင်းခံပါရန် ရသေ့ကြီးကို လျှောက်ထားသည် ။
ထိုအခါရသေ့ကြီးသည် တစ်လွှာဖိနပ်တစ်ရံနှင့် သစ်ရွက်ထီး တစ်လက်ကို တောင်းခံလေလျှင် မင်းကြီးသည် ((( တစ်ဆယ့်နှစ်နှစ်တိုင် မပြောခဲ့သည်မှာ အဘယ်ပါနည်း ))) ဟု မေးသည် ။ ရသေ့ကြီးက ((( ဥစ္စာကို တောင်းသောသူသည် ငိုပြသည်နှင့် တူသည် ။ မရှိဟု ဆိုသော ဥစ္စာရှင်သည်လဲ တုံ့ပြန်၍ ငိုပြသည်နှင့်တူသည် ။ မိမိလဲ မငိုလို မင်းကြီးကိုလဲ မငိုစေလို ။ မိမိတို့နှစ်ဦး ငိုကြသည်ကို အခြားသူများအားလဲ မမြင်စေလို၍ ဖြစ်ပါသည် ))) ဟု ပြောသည် ။
ထို့နောက် မင်းကြီးလှူသော တစ်လွှာဖိနပ်ကိုစီး၍ သစ်ရွက် ထီးကို ဆောင်ပြီးလျှင် ဟိမဝန္တာသို့ ထွက်လာခဲ့လေတော့၏ ။
----
ဇာတ်ပေါင်း -
မင်း = အရှင်အာနန္ဒာ
ရသေ့ = ဗုဒ္ဓ
အနှစ်ချုပ် ((( တောင်းလွန်းလျှင် အမုန်းခံရ၍ အကျိုးစီးပွားပျက်တက်၏ )))

ဝိဇ္ဇာဓိုရ်အတက်
ဝိဇ္ဇာဓိုရ်အတက် ရှင်းလင်းချက်
------------------------------------
"ငါဘုရားသည် တန်ခိုးပြာဋိဟာပြရန် ဝန်လေး၏ ။ ရှက်၏ ။ စက်ဆုပ်၏ "
( ဒီဃနိကာယ် ။ ကေဝဋ္ဋသုတ် )
" သိမှုဝိဇ္ဇာသည် ကုသိုလ်တရားတို့၏ ရှေ့သွားဖြစ်၍ ရှက်ကြောက်မှုသည် နောက်လိုက်ဖြစ်၏ ။ ကုသိုလ်တရားအားလုံးသည် မမေ့မလျော့မှု အပ္ပမာဒတရား လျှင် အခြေခံဖြစ်၏ "
( အင်္ဂုတ္တရနိကာယ် ။ စတုက္ကနိပါတ် - အပ္ပမာဒသုတ်နှင့် ဒသကနိပါတ် - ဝိဇ္ဇာသုတ် )
" ဟုတ်မှန်သော အကျိုးစီးပွားနှင့်စပ်သော သူတစ်ပါးနှစ်သက်သော စကားမျိုးကိုသာ မြတ်စွာဘုရားသည် အခါအားလျော်စွာပြော၏ "
( မဇ္ဈိမနိကာယ် ။ အဘယရာဇကုမာရသုတ် )
" ဤအယူမှာ သင်တို့၏အယူဖြစ်သည် ။ ငါ၏ သာသနာ၌မူ မဂ္ဂင်ရှစ်ပါးသည် ကိလေသာအညစ်အကြေး စွန့်ပစ်ရာ ရေအိုင်ဖြစ်သည် "
( သံယုတ္တိနိကာယ် ။ ဗြာဟ္မဏသံယုတ် ။ သင်္ဂါရဝဗြာဟ္မဏသုတ် )
" နက္ခတ်ကို ငံ့လင့်သော သူမိုက်အား အကျိုးသည် ယုတ်၏ ။ ကောင်းကင် ကြယ် နက္ခတ်တို့သည် အဘယ်အကျိုး ပြုလတ္တံ့နည်း "
( ဧကနိပါတ် နက္ခတ္တဇာတ် )
-------------------
ဝိဇ္ဇာ
-------
ဝိဇ္ဇာသည် ပါဠိစကားဖြစ်၍ အနက်မြန်မာပြန်ပါက လောကီလောကုတ် အသိအလိမ္မာ ပညာများကို တက်ကျွမ်းခြင်း ဖြစ်သည် ။ ထို့ကြောင့် ဝိဇ္ဇာမိုရ်ဟူသည် သူ့ဆိုင်ရာ ပညာရပ်များ၌ ကုန်စင်အောင် တက်ကျွမ်းထားသူဟု ဆိုရပါမည် ။
ဤပညာတက်ကျွမ်းသူ ဝိဇ္ဇာဓိုရ်များကို ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးနှင့် သေက္ခတောင် ဦးတိလောကအရှင်မြတ်တို့ စီရင်ရေးသားအပ်သော ဝိဇ္ဇာမဂ္ဂံဒီပနီကျမ်း တွင် အောက်ပါအတိုင်း ခွဲခြားဖေါ်ပြထားလေသည် ။
ဣသျှ ။ ယဇု ။ သာမ ။ အာတပ္ပနခေါ် ဗေဒင် လေးမျိုးတက်သူကို ဒေဝဝိဇ္ဇာဓိုရ် ။
လက္ခဏာကျမ်း နိမိတ်ကျမ်း ဂါထာမန္တရား ဆေးဝါး ဓါတ်ကျမ်း စသည်နှင့် စက်မှုလက်မှု လောကီပညာမျိုးတက်သူကို မန္တဝိဇ္ဇာဓိုရ် ။
ဓနသိဒ္ဓိ အာယုသိဒ္ဓိ စိန္တာမယသိဒ္ဓိ ပထဝီသိဒ္ဓိ အာကာသသိဒ္ဓိ ဥဒကသိဒ္ဓိ မျိုးကို ပေါက်ရောက်၍ နတ်သကြားတို့လောက် အစွမ်းရှိသော ဆေးဝိဇ္ဇာ အင်းဝိဇ္ဇာ မန္တာန်ဝိဇ္ဇာ ဟူသမျှကို ဂန္ဓာရီဝိဇ္ဇာဓိုရ် ။
လောကီအဘိဉာဉ် ၅ ပါးကို ရတော်မူသော ဈာန်ပျံပုဂ္ဂိုလ်အပေါင်းကို လောကီယဝိဇ္ဇာဓိုရ် ။
အနိစ္စ ဒုက္ခ အနတ္တ ရုပ် နာမ် ဓမ္မ သင်္ခါရတို့ကို အဟုတ်အမှန် သိတော်မူသော အရိယာပုဂ္ဂိုလ်တို့ ကို အရိယာဝိဇ္ဇာဓိုရ် အဆင့်အမြင့်ဆုံး ယှဉ်ပြိုင်မှုကင်းသော အလွန်ဘုန်းတန်ခိုးကြီးသည့် ဝိဇ္ဇာကြီးဟုခေါ်သည် ။
ဤဝိဇ္ဇာမှ သိလ သမာဓိ ပညာတို့သည် ၄င်းတို့၏ ရောက်ရှိရာအရပ်၌ ကျန်ရှိသော ဝိဇ္ဇာတို့ ရှိပါက ၄င်းဝိဇ္ဇာရှင်တို့၏ ပညာသည် မည်သို့မျှ သုံးနိုင်ခြင်း စွမ်းနိုင်ခြင်း မရှိရုံတင်မက အနားကပင် ဖယ်ရှောင်ထွက်ခွာရလေ၏ ။ သို့သော် အရိယာဝိဇ္ဇာဓိုရ်တို့က လိုအပ်လို့ ခေါ်ဆောင် ထုတ်သုံးခွင့်ပြုလျင်မူ အစွမ်းများ ပြန်လည် ရရှိသည်ဆို၏ ။
ထို့အပြင် ဂန္ဓာရီဝိဇ္ဇာဓိုရ်မှ အောက်ပါအတိုင်း ၅ မျိုးကို ထပ်မံထုတ်ယူဖေါ်ပြလေသည် ။
ပြဒါးဝိဇ္ဇာ
သံဝိဇ္ဇာ
ဆေးဝိဇ္ဇာ
အင်းဝိဇ္ဇာ
မန္တာန်ဝိဇ္ဇာ တို့ဖြစ်သည် ။
ဤဂန္ဓာရီဝိဇ္ဇာဓိုရ် အတက်ပညာများ၏ မူလဇစ်မြစ်ကို ကြည့်လျှင် အိန္ဒိယပြည်မှ ဆင်းသက်လာဟန်ရှိသည် ။ထို့ကြောင့် ဂန္ဓာရီဟူသောစကားကို ဝိဂြိုလ်ပြုရာ၌ ဂန္ဓာရာနံ - ဂန္ဓာရတိုင်းသားတို့၏ ဧက - အတက်ပညာများသည် ဂန္ဓာရီမည်၏ဟု အဌကထာ ပညာရှင်တို့ အဆိုရှိခဲ့ဟန်တူ၏ ။
ဝိဇ္ဇာ ဇော်ဂျီ တပဿိ ယောဂီ စသည်ဖြင့် ကျွန်ပ်တို့မြန်မာများ အမျိုးမျိုးခေါ်လေ့ရှိကြပေရာ . . .
ဝိဇ္ဇာမှာ ပါဠိဘာသာဖြစ်ပြီး မြန်မာလို အတက်ပညာဖြစ်သည် ။
ဇော်ဂျီမှာ ယောဂီဟူသော ပါဠိပင်ဖြစ်၍ ကမ္မဋ္ဌာန်းအားထုတ်သော ပုဂ္ဂိုလ်ဖြစ်သည် ။
တပဿိမှာလည်း ပါဠိပင်ဖြစ်၍ ခြိုးခြံစွာ ကျင့်ကြံသောသူဖြစ်ပြီး ရသေ့သည်လည်း ထိုအတိုင်းပင်ဖြစ်သည် ။
အမှန်စင်စစ် တန်ခိုးဣဒ္ဓိဆိုသည်မှာ လောကအမှုကိစ္စဟူသမျှတို့၌ ကောင်းစွာလုပ်ကိုင်အားထုတ်သောကြောင့် မိမိလိုရာအကျိုးများ ပြီးပြည့်စုံအောင် ရရှိလာခြင်းကို ခေါ်သည် ။ မြေလျှိုး မိုးပျံခြင်းကိုမှသာ တန်ခိုးဣဒ္ဓိဟု ခေါ်ခြင်းမဟုတ် ။ စာပေ ပညာတက်ခြင်း လောကအတွက် အကျိုးရှိဖို့ရာ စာပေပညာများ ဖြန့်ဝေအသုံးချပေးခြင်း များကိုလည်း တန်ခိုးဣဒ္ဓိပင် ခေါ်လေ၏ ။
ယခုခေတ် သိပ္ပံပညာရှင်တို့၏ ကောင်းကင်သို့ လေယဉ်ပျံ ဂြိုလ်ထု ဒုံးပျံ စသည်တို့ဖြင့် သွားခြင်း လကမ္ဘာပေါ်သို့ တက်နိုင်ခြင်း အဏုမြူ ရေငုပ်သင်္ဘောဖြင့် သမုဒ္ဒရာအောက်၌ နေနိုင်ခြင်း တယ်လီဗေးရှင်းမှ ကမ္ဘာအရပ်ရပ်မှ ရုပ်အဆင်း အသံများကို ထုတ်လွှင့် ကြည့်ရှုနိုင်ခြင်း အစရှိသည်တို့သည် ဝိဇ္ဇာမယာဣဒ္ဓိတန်ခိုးပင် ဖြစ်ကြောင်း လေ့လာတွေ့ရှိသလောက်များအား အတက်နိုင်ဆုံးပြည့်စုံစေရန် ဆပ်စပ်၍ ရေးသားတင်ပေးလိုက်ရပါ၏ ။ ဗဟုသုတ တိုးကြပါစေခင်ဗျာ ။

မြန်မာတို့၏ ရှေးဟောင်းစကြာဝါဒကို အနောက်တိုင်းသားများ ကျင့်သုံးပုံ ဝေဖန်ခြင်း

စာရေးဆရာ မောရစ်ကောလစ်က သူရေးသော ရခိုင်ဘုရားကြီးစာအုပ်နောက်ဆုံးအခန်းတွင် မြန်မာတို့၏ ရှေးဟောင်း စကြာဝါဒကို ခေတ်သစ် အရှေ့အနောက် စကြာမင်းတို့အကြောင်းနှင့် နှိုင်းယှဉ်ဝေဖန်ထားပုံမှာ အလွန်စိတ်ဝင်စားစရာ ကောင်းသောကြောင့် သူ၏အရေးအသားအတိုင်း တင်ပြလိုက်ရပါ၏ ။
အေဒီ ၁၅၀၀ တွင် အာရှသို့ ပင်လယ်ခရီးသွားရာမှ အာဖရိက တောင်ပိုင်းလမ်းကို ပေါ်တူဂီတို့ စတင်တွေ့ရှိခဲ့သည် ။ ရောမမြို့ရှိ ခရစ်ယာန်ဂိုဏ်းကြီးက " အာရှကမ္ဘာတစ်ခြမ်း၌ ပေါ်တူဂီတို့ တာဝန်ယူကာ ခရစ်တော်ဝါဒ ဖြန့်ဖြူးစေ " ဟု တာဝန်အပ်နင်းခဲ့သည် ။ အနောက်ကမ္ဘာတစ်ခြမ်းကို စပိန်ပြည်သို့ လိုင်စင်ပေးသနားခဲ့သည် ။
ပေါ်တူဂီတို့သည် အာရှသို့ ရောက်သော ပထမ အနောက်နယ်ချဲ့များဖြစ်သည် ။ ဂိုအာမြို့ကို ဗဟိုပြုကာ အာရှ၌ အခြေကုတ်စခန်းများဖွင့်ရာ သီဟိုဠ် ရခိုင် မုတ္တမ မလက္ကာ ဂျာကာတာ ကိုချင်အထိ ကျယ်ပြန့်ခဲ့သည် ။ သူတို့ ဘုရင်ခံချုပ်နှင့် ဂိုဏ်းအုပ်တို့က ဂိုအာမြို့မှ အုပ်ချုပ်ညွှန်ကြားခဲ့သည် ။ နှစ်တစ်ရာခန့် ကြီးပွားခဲ့ရာမှ သူခိုးလက်က တစ်ဝက်လုဆိုသကဲ့သို့ သူတို့လက်မှ ဒတ်ခ်ျတို့က အားလုံးလုယူ သိမ်းပိုက်ခဲ့သည် ။ ထို့ကြောင့် ရောမ သံဃာရာဇာကြီးက ခရစ်ယာန်စကြာမင်းအဖြင့် အာရှကိုလွှမ်းမိုးရန် စီမံကိန်းကြီးမှာ ပျက်ပြားလေတော့သည် ။
ထိုအချိန် ၁၆၃၀ အေဒီ၌ ရခိုင်ဘုရင် သီရိသုဓမ္မာက စကြာမင်းဖြစ်လိုဇောနှင့် ဥပုသ်ရက်ရှည်မစောင့်နိုင်တော့ဘဲ အောက်လမ်းဆေးဝါး ဖေါ်စပ်မှီဝဲရာမှ နတ်ရွာစံခဲ့သည် ။ သို့လျှင် ထိုခေတ်က ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာစကြာမင်းစံကိန်း ၂ ရက်လုံး ပျက်ပြားခဲ့သည် ။
ဘရင်ဂျီဂိုဏ်းဝင် ခရစ်ယာန်တို့၏ စကြာအိမ်မက်မှာ အစတည်ကတည်းက အခြေခံ ချို့တဲ့နေ၏ ။ အဘယ်ကြောင့်ဆိုသော် သာသနာရေးကိစ္စ၌ အာရှက ဥရောပထက် ဝါကြီးခဲ့သည် ။ ပွင့်ခဲ့သော ဘုရားသုံးမျိုး ။ ဗုဒ္ဓ ။ ခရစ်တော် ။ မိုဟာမက်တို့မှာ အာရှတိာက်သားများ ဖြစ်၏ ။ ထို့ကြောင့် ဘုရားတစ်ဆူမျှ မပွင့်ဖူးသော ဥရောပ ဘရင်ဂျီဂိုဏ်းဝင်တို့က အာရှ၌ သာသနာပြု စကြာရှင် လုပ်လိုခြင်းမှာ နွားရှေ့ ထွန်ကျူး သကဲ့သို့ရှိ၏ ။ ၄င်းအပြင် အာရှသည် ဥရောပထက် လုဦးရေ ပိုမိုများပြား၏ ။သူတို့အာလုံးကို ဒိဋ္ဌိဟုခေါ်ကာ မိမိအကြိုက်ကို လိုက်စေရန် မလွယ်ကူချေ ။
ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် ခရစ်ယာန်များထက် ကမ္ဘာကို မိမိတို့ဘက် ပါအောင် သိမ်းသွင်းနိုင်သော အခြေအနေများ ပိုမိုပြည့်စုံ၏ ။ ၄င်းတို့လည်း ဂိုဏ်းကွဲစေကာမူ အိန္ဒိယ တရုတ် ဂျပန်နှင့် အာရှ တောင်ပိုင်း နိုင်ငံတို့သည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြလေသည် ။ သို့သော် လက်နက်အင်အားမရှိခြင်း နှင့် ထိုကဲ့သို့ နယ်ချဲ့လိုခြင်း ။ လူသတ်လက်နက်အင်အားမျိုးကို အလိုမရှိ၍သော်လည်းကောင်း ထိုစကြာအိပ်မက်သည်လည်း အကောင်အထည်မပေါ်ခဲ့ပေ ။
နယ်ချဲ့လောက၌ ပေါ်တူဂီကို ဒတ်ခ်ျတို့က တိုက်ထုတ်ပြီးနောက် ဒတ်ခ်ျကို တစ်ဖန် အင်္ဂလိပ်တို့က အနိုင်ကျင့်ပြန်သည် ။ အင်္ဂလိပ်တို့သည် ကမ္ဘာအရပ်ရပ်၌ သူတစ်ပါးနယ်မြေကို သိမ်းပိုက်ခဲ့ရာ ဗြိတိသျှအင်ပါယာတွင် နေမဝင်ဟု ကြွားခဲ့သည် ။ အရှေ့အနောက် ကမ္ဘာပတ်ချာလည်တွင် သူတို့ပိုင်နယ်မြေများရှိရာ တစ်နယ်၌ နေဝင်သော် နောက်တစ်နယ်၌ နေထွက်ချိန်ဖြစ်နေ၏ ။ ထို့ကြောင့် အင်္ဂလိပ်ဘုရင်သည် ပါလီမန်က ခန့်အပ်သော လခစား တစ်ဦးဖြစ်၍ တန်ခိုးဣဒ္ဓိပါဒ် မရှိသော်လည်း နယ်မြေအကျယ်အဝန်းကိုထောက်ကာ စကြာမင်းဟု ခေါ်ဆိုနိုင်ပေသည် ။
ဂျပန်ကလည်း ဒုတိယကမ္ဘာစစ်အတွင်း၌ ယာယီစကြာမင်း ဖြစ်လိုက်သေးသည် ။ သူပိုင်နယ်များတွင် ကိုရီးယား တရုတ်ပြည်ကမ်းရိုးတန်း မန်ချူး ဖိလစ်ပိုင် အင်ဒိုချိုင်းနား အင်ဒိုနီးရှား မာလာယု မြန်မာပြည်သို့ ပါဝင်သည် ။ ထို့ကြောင့် စကြာမင်းဖြစ်ရန် လိုအပ်သော ဆန္ဒမဲထက်ပင် ပို၍ နေပေ၏ ။ ၆ နိုင်ငံလောက်ပိုင်လျှင် အရွေးခံနိုင်ပေသည် ။
ဂျပန်သည် အာရှိ အနောက်နယ်ချဲ့များကို မောင်းထုတ်မည်ဟူသော ရည်ရွယ်ချက်တစ်ခုတည်းဖြင့် တိုက်ခဲ့သော် စစ်နိုင်ဖွယ်ရှိ၏ ။ အထက်ပါနိုင်ငံများကို သူက စောစောစီးစီးသိမ်းပိုက်နိုင်ခဲ့၍ စစ်အတွင်း၌ပင် အခြေခိုင်အောင် ဖန်တီးချိန် ရခဲ့လေသည် ။ သို့သော်သူက အမေရိကန်ကို ရန်စဗုံးကြဲကာ စစ်ထဲသို့ ဝင်ခဲ့သည် ။ ထို့ကြောင့် သူ့အတွက် စစ်မျက်နှာနှစ်ခု တစ်ပြိုင်နက် ဖွင့်ခြင်းဖြစ်သည် ။ မနိုင်သော ဇာတ်ထုတ်ကို သူကိုယ်တိုင် စတင်ခင်းကျင်းခြင်း ဖြစ်ပေသည် ။
ဂျပန်သည် ဗုဒ္ဓဝါဒကို ဦးထိပ်ထား၍ စစ်တိုက်ခြင်းမဟုတ် ။ ၁၉၄၂ ခု အန္တလေးကိုသိမ်းပြီး မဟာမြတ်မုနိဘုရားကို အလေးပြုခြင်းလည်းမရှိ ။ ဖက်ဆစ်ဝါဒကိုပင် ကျင့်သုံးလေသည် ။ အိုးစည်ဗုံမောင်းဖြင့် ထွက်ကြိုသော မြန်မာတို့အား နိပွန်စကြာရှင်တို့က ပါးရိုက်လွှတ်ခဲ့သည် ။
ခေတ်မှီနိုင်ငံဖြစ်သောဂျပန်တို့သည် ခေတ်မှီလက်နက်များ ထုတ်လုပ်တိုက်ခိုက်ခြင်းဖြင့် စကြာမင်းဖြစ်ရန် ရည်ရွယ်ခဲ့လေသည် ။ သို့သော် သူထက် ခေတ်မှီသော အမေရိကန်က အဏုမြူလက်နက်ဖြင့် ပြန်ချသောအခါ ဂျပန်တို့၌ တုန့်ပြန်ရန် စကြာလက်နက်လည်းမရှိ ဖြစ်နေခဲ့ရပေသည် ။
လူဦးရေ အများဆုံးနိုင်ငံဟု ဆိုသော တရုတ်ပြည်မှ အဘယ်ကြောင့် စကြာမင်းမထွက်သနည်းဟု မေးဖွယ်ရာရှိ၏ ။ တရုတ်ပြည်ကို မန်ချူးဘုရင်များ စိုးစံချိန်က ခေတ်မှီနိုင်ငံအဖြင့်သို့ ပြောင်းလဲရန် အခွင့်ကောင်း ကြုံခဲ့သည် ။ ထိုအခွင့်ကို ယူခဲ့ပါလျှင် ဂျပန်တို့ထက် နှစ်၁၀၀ ပိုစောကာ လေတ်မှီနိုင်ငံသို့ ပိုမိုရောက်ရှိနေပေမည် ။ တရုတ်ဘုန်းတော်ကြီး ကွန်ဖြူရှပ်၏ မိသားစုတရားများကို အခြေပြုကာ စည်းရုံးရေး လုပ်နိုင်ပေသည် ။ သို့သော် ထိုအခွင့်ကောင်းကို လက်လွှတ်ခဲ့သည် ။
၁၂ ရာစုတွင် တစ်ကမ္ဘာလုံး မွန်ဂိုမြင်းခွာသံများနှင့် သိမ့်သိမ့်တုန်အောင် ရုရှားတိုက်နှင့် အာရှတိုက်ကြီး နှစ်လုစလုံးကို လွှမ်းမိုးခဲ့သော ကူဗလေခန်နှင့် ဂျင်ဂစ်ခန်မင်းဆက်တို့သည် စကြာမင်း ဖြစ်နိုင်ကြပေသည် ။ သူတို့၏ မိသားစု အုပ်ချုပ်ရေး စနစ်သည်လည်း သိပ်သည်းပေသည် ။ သို့သော် မွန်ဂိုတို့၌ ယဉ်ကျေးမှုအခြေခံ ဘာမျှမရှိပဲ ကျွဲကျောင်းသား နွားကျောင်းသားဘဝမှ စစ်နိုင်သူများ ဖြစ်လေသည် ။ ထို့ကြောင့် တရုတ်ပြည်ကိုသိမ်းပိုက်ကာ မွန်ဂိုမင်းဆက်တည်ထောင်ရင်း အထက်တန်းကျကျ စားဝတ်နေရေးတို့ကို တရုတ်များထံမှ သင်ယူကာ စည်းစိမ်ရစ်မူးနေခဲ့ကြသည် ။
ဥရောပမှ ဟစ်တလာသည် ဖက်ဆစ်ဝါဒ ခေါင်းဆောင်ဖြစ်၍ စကြာဝါဒနှင့် ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေပေသည် ။ ဂျာမနီသည် လွန်ခဲ့သော စစ်အတွင်းက ဂျပန်လောက်ပင် နယ်မချဲ့နိုင်ခဲ့ချေ ။ ဥရောပတိုက်မှ ပေါက်ပွားသော ခေါင်းဆောင်တစ်ဦးအနေဖြင့် ဟစ်တလာသည် ဥရောပတိုက်၏ ထောက်ခံမှုကို ရခဲ့သူမဟုတ်ပေ ။ ထို့ကြောင့် သူ့အဖို့ တက်လမ်းမရှိသောဘဝတွင် ဖက်ဆစ်တို့၏ သွားရာလမ်းကို မြန်းရရှာလေသည် ။ ဟစ်တလာ၏အလံသည် စကြာပုံသဏ္ဍာန်ပင်ဖြစ်လျက် Swastika ဟု ခေါ်၏ ။ သို့သော် ဖြောင့်တန်းသော စကြာမဟုတ်ပဲ ကွေးကောက်သော စကြာပုံ ဖြစ်နေ၏ ။
သူငယ်ချင်းများအားလုံး ဗဟုသုတ ရကြပါစေခင်ဗျာ ။

Wednesday, January 13, 2016
ဗုဒ္ဓက ဘာလူမျိုး ဘယ်အနွယ်ဝင်လဲ ?
ဗုဒ္ဓက ဘာလူမျိုး ဘယ်အနွယ်ဝင်လဲ ?
----------
ဗုဒ္ဓ၏အမျိုးဇာတ်ကိုလေ့လာလိုပါလျှင်မူ ရှေ့ဦးစွာ အိန္ဒိယပြည်ရှိ ဘီစီ၆ရာစုပတ်ဝန်းကျင်ကို လေ့လာရမှာဖြစ်ပါတယ် ။ ထိုအချိန်က အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဂင်္ဂါမြစ်ဝှမ်းတွင် ယဉ်ကျေးမှုအဆင့်အတန်းရှိတဲ့ အာရိယန်လူမျိုးတွေနေထိုင်ခဲ့ကြပြီး ပိဋကတ်စာပေ ဝေဒကျမ်းများမှာက ဇာတ်လေးမျိုးကွဲကြောင်း တွေ့ရပါတယ် ။ ကပ်ဦးအစမှာ လူမျိုးတစ်မျိုးတည်းရှိရာမှ ဥက္ကဋ္ဌဇာတိအမြတ်မျိုးနှင့် ဟိနဇာတိအယုတ်မျိုးဆိုပြီး နှစ်မျိုးကွဲသွားပါတယ် ။ အဲ့ဒီ့မှတဖန် ခတ္တိယဂေါတ္တခေါ် မင်းမျိုး ဗြဟ္မဏဂေါတ္တခေါ် ပုဏ္ဍားမျိုး ဝေဿဂေါတ္တခေါ် ကုန်သွယ်မျိုးနှင့် ဒလိဒ္ဒဂေါတ္တခေါ် သူဆင်းရဲမျိုးဆိုပြီး အမျိုးလေးမျိုး ကွဲလာခြင်းဖြစ်ပါတယ် ။ ဒလိဒ္ဒဂေါတ္တမျိုး (အမျိုးညံ့) ဟာ အာရိယန်တို့ အိန္ဒိယပြည်အတွင်းရောက်ရှိခြင်းမရှိသေးခင်ကပင် ရှိနှင့်ပြီးဖြစ်သော ဒြာဗီးယားယန်းလူမျိုး အဆက်အနွယ်များဖြစ်ပါတယ် ။ ဘီစီခြောက် ရာစုခေတ်က အိန္ဒိယပြည်မှာ ဗြဟ္မဏဝါဒသည် အင်အားကျယ်ပျံ့စွာ မထွန်းကားကြောင်း အထင်အရှားကျောက်စာများက ဆိုထားပြီး ရှေးဗြဟ္မာအယူ ဘဝသံသရာ ကံအကြောင်းသည် ဗုဒ္ဓဂေါတမထွန်းကားမှသာ ပြန်လည် တည်ဆောက်ထားကြောင်း ဆိုပါတယ် ။ ခရစ်မပေါ်မီ သုံးရာစုမှပေါ်ပြီး တစ်ရာစုထိ ကာလအတွင်းမှ ကျောက်စာများမှာ ဗြဟ္မဏတို့ကို အလျှင်ဖေါ်ပြထားခြင်းမရှိပါဘူး ။ အလှူအတန်းများ ပေးဝေလှူဒါန်းသည့် ကျောက်စာများရှိသော်လည်း ဗြာဟ္မဏတို့ကို ဖေါ်ပြထားတဲ့ မှတ်တမ်းမရှိပါဘူး ။ ဒါကြောင့် ဘီစီခြောက်ရာစုကပင် ဗြာဟ္မဏမျိုးက ကြည်ညိုလေးစားခံရတဲ့ အထဲမပါကြောင်း ထင်ရှားခဲ့ပါတယ် ။ အပြည့်အစုံကြည့်ချင်ရင် ဆွယ်စုံကျမ်း အပိုင်း၇ စာ-၆၀ ပုဏ္ဍား အခန်းမှာ အပြည့်အစုံလေ့လာနိုင်ပါတယ် ။ ကဲ ကောင်းပြီ ထပ်လေ့လာကြည့်ရအောင် ။ ဂေါတမ မြတ်စွာဘုရားကို ခရစ်ယာန်သာသနာမပေါ်မီ ဘီစီ ၅၆၃ ခုနှစ် မဟာသက္ကရာဇ် ၆၈ခုနှစ် ကဆုန်လပြည့် သောကြာနေ့ ယခုနီပေါပြည်နယ်စပ် ကပိလဝတ်ပြည့်ရှင် သကျသာကီဝင်ဘုရင် သုဒ္ဓေါဒနမင်းကြီး၏ မိဖုရားကြီး မဟာမာယာဒေဝီမှ ကပိလဝတ်ပြည်နှင့် ဒေဝဒဟပြည် လမ်းအကြား ရှိသော လုမ္ဗိနီခေါ်သော အင်ကြင်းဥယျာဉ်အတွင်း၌ အင်ကြင်းပင်ကြီးအောက်မှာ ဖွားမြင်ခဲ့ပါတယ် ။ ဘီစီခြောက်ရာစုက သုတေသီပညာရှင်တို့လေ့လာမှုအရ ထိုရာစုမှာ တရုတ်ပညာရှိ ကွန်ဖူးရှပ်နှင့် ပရိပညာရှိပိုင်သားဂိုးရတ် တို့ ဖွားမြင်တဲ့ရာစုဖြစ်ကြောင်း တွေ့ရပါတယ် ။ ပိဋကတ်စာပေမှာ အဲ့ဒီ့အချိန်က အိန္ဒိယပြည်အတွင်း တိုင်းကြီး ၁၆ တိုင်းရှိကြောင်း ဆိုထားပါတယ် ။ ဘီစီ ၆ ရာစုခေတ်က အိန္ဒိယပြည်မှာ ကောသလ မဂဓ စသော ဘုရင်အုပ်စိုးတဲ့ တိုင်းပြည်ကြီးများအပြင် သက္က ကောလိယ ဝဇ္ဇီစသော နိုင်ငံငယ်များလည်း ရှိခဲ့ပါတယ် ။ အဲ့ဒီ့နိုင်ငံများက ခတ္တိယတွေဟာ ဒီမိုကရေစီစနစ်နဲ့အုပ်ချုပ်ခဲ့ကြပါတယ် ။ ခတ္တယဆိုတဲ့ မင်းမျိုးက သာကီဝင်မင်းမျိုးကိုခေါ်တာပါ ။ သာကီဝင်လို့ ခေါ်ရတဲ့အကြောင်းကို ဖေါ်ပြရရင် ဆရာကြီး ညိုမြရေးသားပြုစုခဲ့တဲ့ ကုန်းဘောင်ကျမ်းကို ဖေါ်ပြရမှာပါပဲ ။ အဲ့ဒီ့အထဲက ရတနာသိင်္ခ အပိုဒ်ကိုကြည့်မယ်ဆိုရင် ဆရာတော်အရှင်ဝါယမ ဖြေဆိုပေးထားတာက " ဘုရားဟူသည် ရှင်သိဒ္ဓတ်ဆိုတာက ကပ္ပိလဝတ် နေပြည်တော်ကြီးကို ဗာရာဏသီပြည် ဥက္ကာမုခမင်းရဲ့ သားတော် ၄ယောက် သမီးတော် ၅ယောက် တို့စုစည်းပြီး ဗိုလ်ပါအလုံးအရင်းနဲ့ ပြုစုထူထောင်ထားကြတယ် ။ မင်းသားလေးယောက်အရွယ်ရောက်လာတဲ့အခါ တစ်ပါးသူနဲ့အိမ်ထောင်ပြုချေသော် အမျိုးပျက်မယ် ။ အမျိုးပျက်ရင် စကားပျက်မယ် ။ စကားပျက်ရင် ပြည်ထဲရေးမငြိမ်မသပ်ဖြစ်မယ် ။ ပြည်ထဲရေးမငြိမ်မသပ်ရင် ပြည်သူပြည်သား တိုင်းသူတိုင်းသားတွေ ဆင်းရဲမယ်ဆိုပြီး အကြံတော်ဖြစ်လာခဲ့တာကြောင့် နှမငါးယောက်မှာ အကြီးဆုံးကို အမိနေရာထားပြီး အငယ် ၄ ယောက်နဲ့ အချင်းချင်း အိမ်ထောင်ပြုခဲ့ကြတယ် ။ အဲ့ဒါကို ခမည်းတော် ဥက္ကာမင်းကသိပြီး အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ရကား ငါ့သားတော် သမီးတော်တွေက အလွန်အမြှော်အမြင်ကြီးပေးစွလို့ဆိုကာ ချီးကျူးခဲ့ပါတယ် ။ အဲ့ဒါကိုရည်ပြီး ရှင်အဂ္ဂသမာဓိ စပ်ဆိုရာက " သကျဝတ ကုမာရ ဟု သြဇာသာကြည် နှုတ်ခွန်းရည်ကြောင့် ပင်စည်ညွန့်ညှောက် မင်းရိုးပေါက်သည် " ဆိုတဲ့ စကားမှာ "သကျဝတ " စကားကိုစွဲပြီး "သာကီဝင် " မင်းမျိုးလို့ ကုန်းဘောင်မင်းဆက် အကုန်လုံး ဖြစ်လာခဲ့တာပါပဲ " ဟု ဖြေဆိုထားတာတွေ့ရပါတယ် ။ အလွန် မြင့်မြတ်တဲ့ မင်းမျိုးနော် ။ အမျှော်အမြင်မပါပဲ တဏှာတစ်တစ်ခုကိုကြည့်ပြီး မောင်နှမအချင်းချင်း အိမ်ထောင်ပြုတာမဟုတ်ဘူး ။ တိုင်းပြည်ရဲ့ အရှည်ခရီးကိုကြည့်ပြီး အိမ်ထောင်ပြုကြတာ ။ ဟော… တစ်ချို့က တစ်မျိုးမြင်ကြသေးတယ် ။ အဲ့လိုမြင်တာ တကယ်ကို ဆင်ခြင်ညာဏ်မရှိလို့တာပဲ ။ တဏှာတစ်ခုတည်းကိုပဲ သူတို့ညာဏ်က သိတာကိုးးး ။ အဲ့လိုထင်ပါတယ် ။ ကဲ ကောင်းပြီ ထပ်ဆက်ကြတာပေါ့ ။ ပိဋကတ်စာပေမှာ ဗိမ္မိသာရ အဇာတသတ်စတဲ့ ဘုရင်အမည်ကို နာမဝိသေသတွေနဲ့ အပြည့်အစုံ ထပ်တလဲလဲပြဆိုထားပါတယ် ဗမ္ဗိသာရမင်းကို မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းလို့ ခေါ်ပြီး အဇာတသတ်ကို ဝေဒေဟီမိဖုရားရဲ့သား မဂဓတိုင်းရှင် အဇာတသတ်မင်းလို့ ဖေါ်ပြထားပါတယ် ။ ဒီဃနိကာယ် မဟာပဒါနသုတ်နဲ့ ခုန္ဒကနိပါတ် ဗုဒ္ဓဝံသမှာ ဗုဒ္ဓရဲ့ ခမည်းတော်ကို သုဒ္ဓေါဒနလို့ ဖေါ်ပြထားပါတယ် ။ ကျန်တဲ့နေရာတွေမှာတော့ သာကီဝင် သုဒ္ဓေါဒနလို့ပဲ သာမညဖေါ်ပြကြတော့တာပါ ။ အပြည့်အစုံဖတ်ချင်ရင်တော့ အဲ့ဒီ့ အညွှန်းကျမ်းတွေကိုဖတ်ပေါ့ ။ အဲ့ဒီလို အပြည့်အစုံ ကျယ်ကျယ်ပျံ့ပျံ့လေ့လာရင် ဗုဒ္ဓဟာ ဘာလူမျိုး ဘယ်အနွယ် က ဆင်းသက်လာတယ်ဆိုတာ တွေ့ရမှာပါ ။ အခု ရောရောယောင်ယောင်ပြောနေကြတဲ့ ပုဏ္ဍားမျိုး ဆိုတာမဟုတ်ဘူး ။ အဲ့ဒီ့ပုဏ္ဍားမျိုးဆိုတာကို အလျှင်းသင့်လို့ နည်းနည်းထည့်ရေးလိုက်ပါမယ် ။ ဒီလိုပါ ။ ပုဏ္ဍားဆိုတာ ဗြာဟ္မာမှ ဗြုဟ္မာဖြစ်ပြီး ပူးနားမြို့မှလာတဲ့ပုဏ္ဍား ပုဏ္ဍဝဍ္ဎနမြို့မှ လာသူကိုလဲ ပုဏ္ဍားလို့ ခေါ်တာပါ ။ အဲ့ဒီလိုအမျိုးမျိုခေါ်ကြတယ် ။ သရေခေတ္တရာကောင်းစားစဉ်က ပုဏ္ဍားကို ပုဏ္ဍားလို့မခေါ်ဘူး ။ ဂဝံတေ့လို့ ခေါ်ကြတယ် ။ ရှေးမင်းများလက်ထပ်က ပုဏ္ဍားတို့ကို စလွယ်တင်ခွင့်ပေးခဲ့ကြပြီး အမြတ်ဆုံး စလွယ်ကို ကိုးသွယ်အထိ တင်ခွင့် ရှေးဘုရင်တွေက ခွင့်ပြုခဲ့ကြတယ် ။ အဲ့ဒီ့ထဲကမှ အညံ့ဆုံး သုဒြေမျိုးပုဏ္ဍားက စလွယ်တင်ခွင့်မရှိပါဘူး ။ သို့သော် အဲဒီ့အနိမ့်ဆုံး အညံ့ဆုံး ပုဏ္ဍားတွေကပင် တောမီ ရဟန်းပြုတဲ့အခါ မင်းများကပါ ပူဇော်ပသခဲ့လာတာကြောင့် ဂေါတမဗုဒ္ဓမြတ်စွာဘုရားကိုလဲ အဲ့လို ပုဏ္ဍားမျိုးထဲကပါပဲဆိုပြီး ပြောနေကြတာပါ ။ ဘာတစ်ခုမှ မတူပါဘူး ။ အပြည့်အစုံကို ဆွယ်စုံကျမ်း အပိုင်း၇ မှာကြည့်ပါ။ ၁၁၄၆ ခုနှစ်က ရခိုင်ပြည်ကို မြန်မာမင်းကသိမ်းပြီး ပုဏ္ဍား ၅၀၀ကျော်နဲ့ ဆတ္တာ ဂနန္တာ စသော အမျိုးညံ့ ပုဏ္ဍားများကိုပါ သိမ်းယူခဲ့တယ် ။ သီပေါမင်းလက်ထက် ဗြဟ္မစန္ဒကို ပုဏ္ဍားဝန်ခန့်ထားခဲ့ကြပါတယ် ။ အဲ့ဒီ့မှာထင်ရှားနေတာ ပုဏ္ဍားဟာ ဘုရင်တွေရဲ့ အဖြည့်ခံပဲ ။ အဲ့ဒီ့အဆင့်က မင်းမျိုးသာကီဝင်မင်းမျိုးနဲ့ကို ဘယ်လိုမှမတူတာ အထင်အရှားဖြစ်နေပါပြီ ။ အဲ့လို ထင်ထင်ရှားရှားကြီးကိုမှ ရောယောင်ပြီး ပြောတာကတော့ ဒါ( ! ) ရိုးသားမှုမပါတဲ့ အဆိုလို့ ထင်မှတ်မိပါတယ် ။ ကဲ စာလည်း နည်းနည်းရှည်သွားပြီ ။ ဗဟုသုတလည်း ရကြလိမ့်မယ်လို့ ထင်ပါတယ် ။ ဒါကြောင့် အချုပ်အနေနဲ့ဖေါ်ပြရလျှင် ဗုဒ္ဓဂေါတမက ခတ္တိယသာကီဝင်မင်းမျိုးဖြစ်ပြီး ကျမ်းအထောက်အထားနဲ့ သုတေသီတို့ အတည်ပြုချက်အရ နီပေါပြည်နယ်စပ်ရှိ သက္ကတိုင်း၏ မြို့တော် ကပိလဝတ်မြို့ ဖြစ်ကာ ဗာရာဏသီမြို့မြောက်ဘက် မိုင်တစ်ရာခန့်အကွာမှာ တည်ရှိကြောင်း အတိအကျဆိုထားပါတယ် ။
ဗဟုသုတရရှိကြပါစေခင်ဗျာ ။

Coffee ဆိုတာ
Coffee ဆိုတာ
-----
၁၇ ရာစုမတိုင်မီက ဥရောပတိုက်ရှိလူများက ကာဖီကို သောက်ရမှန်းမသိခဲ့ဘူး ။ အဲ့ဒီ့တုန်းက အာရေဗျကျွန်းဆွယ်မှာ ကာဖီကို မြိန်ရှက်စွာ သောက်နေကြပြီ ။ ဘယ်အချိန်ကတည်းက သောက်ခဲ့ကြတယ်ဆိုတာတော့ အတိအကျမသိပေမယ့် ။ ပုံပြင်တစ်ပုဒ်တော့ ရှိပါတယ် ။ အဲ့ဒါက ၃ ရာစုနှစ်အကုန်လောက်မှာ အာရေဗျမှ ခရစ်ယာန်ဘုန်းကြီးတစ်စုက နှိပ့်စက်ညှင်းပန်းမှုခံရတဲ့အတွက် အက်ဗီးဆီးယားနိုင်ငံရှိ တောတောင်ထူးထပ်တဲ့ဒေသကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ် ။ အဲ့ဒီ့အခါ တစ်နေ့ တော့ ဘုန်းကြီးတွေမွေးမြူထားတဲ့ သိုးနဲ့ဆိတ်တို့ဟာ ညအိပ့်ချိန်ရောက်လဲ မအိပ့်ပဲ မြူးထူးခုန်ပေါက်နေတာကို တအံ့သသြတွေ့ရခဲ့တယ် ။ အဲဒါနဲ့ ကျောင်းထိုင်ဘုန်းကြီးကိုယ်တိုင်က သိုးနဲ့ ဆိတ်တို့ စားသောက်လေ့ရှိတဲ့အပင်တွေကို လေ့လာတဲ့အခါ ကာဖီပင်ကို တွေ့တော့တာပဲ။ ဘယ်ရမလဲ သူတို့လဲ ကာဖီသီးတွေကိုစားပြီး စိတ်ရွှင်မြူထူးလို့ အိပ့်၍မပျော်အောင်ကို ဖြစ်နေခဲ့တာပေါ့ ။ အဲ့ဒီ့ကမှစပြီး ကာဖီဆိုတာ သိတာလို့ ပုံပြင်ရှိတယ် ။ဒါက ပုံပြင်ကိုပြောတာပါ ။ ၁၅ ရာစုလောက်ကလဲ မက္ကာမြို့ကို ဘုရားဖူးသွားကြတဲ့ မွတ်စလင်တို့က မိမိတို့ဘာသာအလျောက် ညဘက် တရားထိုင်ချိန်မှာ အိပ့်ငိုက်မှာစိုးတဲ့အတွက် ကာဖီစေ့လှော်များကို ကြိတ်ပြီး ရေနဲ့ဖျော်သောက်လေ့ရှိတယ်ဆိုတာ အထောက်အထားတွေနဲ့ ရှိခဲ့တယ် ။ နောက် တစ်စ တစ်စနဲ့ပျံ့နှံ့သွားပြီး တရုတ် အာရေဗျ အစရှိတွေပါ ကာဖီဖြစ်ကုန်ရော ။ ကောင်းတာကိုးး ။ ကျွန်တော်ဆို ကြိုက်မှကြိုက် ။ ဒါ့အပြင် ၁၇ ရာစုမှပဲ ဥရောပတိုက်ကိုလဲ ကော်ဖီသောက်ခြင်းကူးသွားတယ် ။ အနှံ့အပြားဖြစ်လာပြီး အင်္ဂလန်ပြည်မှာ ၁၆၅၂ ခုနှစ်မှစပြီး ကာဖီဆိုင်တွေကို တည်ထောင်လိုက်ပါတဲ့ဗျာ ။ အဲ့ဒီ့အချိန်က ဘယ်လောက်တောင်ခေတ်စားလဲဆို ကဗျာဆရာ စာရေးဆရာ နိုင်ငံရေးသမားတွေ တွေ့ဆုံတိုင်းဌာနမှာ ကော်ဖီဆိုင်မှ ကော်ဖီဆိုင်ဖြစ်လာတယ် ။ အဲ့ဒီ့နိုင်ငံရေးသမားတွေပါလာရင် တော်တော်ခက်တာဗျာ ။ ကာဖီက သူ့ဘာသာသူကောင်းလို့လူကြိုက်များတာကို ပြည်ပိုင်ဘုရင်များက ဘာလိုလို ညာလိုလို လူစုလူဝေးဆိုပြီး ကာဖီဆိုင်တွေကို စောင့်ကြည့်ခဲ့ရတယ်ဆိုပဲဗျာ :( ။ ကဲ .. . ထားပါတော့။ ထပ်ပြီး ၁၇ ရာစုအကုန်လောက်ရောက်တော့ ကာဖီကို ဂျာဗါးကျွန်းနဲ့ သီဟိုဠ်ကျွန်းများမှာ စတင်စိုက်ပျိုးလာကြပြီး အဲ့ဒီ့ကမှတဆင့် အပူပိုင်းဒေသများထိ ရောက်ရှိသွားပါလေရောပေါ့ ။ အခုတော့ ကြည့်လေ ။ တစ်ကမ္ဘာလုံး ကာဖီတွေစိုက်နေကြပြီ ။ အများဆုံးစိုက်ပျိုးတဲ့ ဒေသကတော့ တောင်အမေရိကတိုက်မှာရှိတဲ့ ဘရာဇီးနိုင်ငံပေါ့ဗျာ ။ အဲ မေ့တော့မလို့ အရေးကြီးတာကို ။ဒီလို ။ Coffee ဆိုတာကို တစ်ချို့က ကာဖေးလို့ ခေါ်ပြီး အဲ့ဒီ့စကားကနေမှ ကာဖီ သို့မဟုတ် ကာဖီဆိုင်လို့ အဓိပ္ပါယ်ရတဲ့ ပြင်သစ်စကားပါပဲတဲ့ခင်ဗျာ ။
#htoohtolay

ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ သြဝါဒ မိန့်ခွန်း

သုတ္တနိပါတ် ပါဠိတော်မှာ ငါတို့ မြတ်စွာဘုရား ဟောတော်မူသည်ကား " သြက္ကာကရစ်မတိုင်မီက ရှေးအခါ၌ လူတို့သည် နွားတို့ကို မိမိတို့၏ ဆွေရင်း မျိုးရင်းတို့နှင့်အတူ ကြည်ဖြူလေးမြတ်ကြကုန်၏ ။ ထိုအခါ အထက်ကောင်းကင်၌ ရှိနေသော သမ္မာဒေဝ နတ်တို့သည် လူ့ လောကကို အလေးပြု၍ ကြည့်ရှုစောင့်ရှောက်ကြကုန်၏ ။ ဘီလူး သဘက်တို့သည် လူတို့ကို ထိပါးခွင့်မရကြကုန် ။ ထိုအခါ လူ့ လောကမှာ ရောဂါဥပဒ်ဟူ၍ မရှိကြချေ ။ နွားကို သတ်ကြသူ နွားသားကို စားသောသူများ ပေါ်ပေါက်လာသည်မှစ၍ သမ္မာဒေဝ နတ်တို့သည် လူ့လောကကို မကြည့်ရှုကြကုန် ။ ထိုအခါမှစ၍ လူတို့၏ အတွင်း၌ ဖြစ်သော ရောဂါမျိုးတို့သည် ပေါ်ပေါက်လာကုန်၏ " ဟုငါတို့ မြတ်စွာဘုရား ဟောတော်မူတယ်။
ပါဠိတော်ကို ထောက်မြော်၍ နွားသားစားသူတို့ကို သမ္မာဒေဝ နတ်ကောင်းနတ်မြတ်တို့သည် အလွန်မုန်းကြကြောင်း သိအပ်၏ ။ ကိုယ်စောင့်နတ်တို့သည်လဲ ထိုကိုယ်ကို မုန်းကြကုန်၏ ။ အိမ်စောင့်နတ်တို့သည်လဲ ထိုအိမ်သူ အိမ်သားတို့ကို မုန်းကြကုန်၏ ။ ရွာစောင့်နတ်တို့သည်လဲ ထိုရွာသူ ရွာသားတို့ကို မုန်းကြကုန်၏ ။ မြို့စောင့်နတ် တိုင်းစောင့်နတ် ပြည်စောင့်နတ်တို့သည်လဲ နွားသားစားသောသူတို့ကို ထိုနည်းအတူ မုန်းထားကြကုန်၏ ။ ဘီလူး သဘက် အစိမ်း သရဲတို့သည်ကား လူတို့၏ အသွေးအသားကို အလွန်ကြိုက်ကြကုန်သကဲ့သို့ နွားတို့၏ အသားကိုလဲ အလွန်ကြိုက်ကြကုန်၏ ။ ယဇ်ကြီး ပူဇော်ကြကုန်သော သူတို့သည် နွားတို့ကို များစွာ သတ်ကြကုန်၏ ။ နွားသားကို စားကြကုန်သော လူတို့၏ အသွေးအသားကိုမူကား ဆိုဖွယ်ရာမရှိပြီ ။
ထို့ကြောင့် ယခုအခါ ကပ်ဥပဒ်မှ လွန်ကင်းကြလိုသော သူတို့သည် နွားသားစားမှုကို ရှောင်ကြဉ်ကြကုန်ရာ၏ ။ ထိုထက် တက်နိုင်ကြပါကုန်မူကား အသားစားမှုများကို ရှောင်ကြဉ်ကြကုန်ရာ၏ ။ နွားသားကြိုက်လျက် သေလွန်ကြကုန်သော ရှင်လူ အပေါင်းတို့သည် ယေဘုယျအားဖြစ် ဘီလူး သဘက် ဘဝတို့ချည်း ရောက်ကြရကုန်၏ ။

ယုံကြည်မှု ရှိပါ
ယုံကြည်မှု ရှိပါ
----
နတ်တို့ရဲ့ ကူညီမှုနဲ့ ပတ်သတ်ပြီး မကြာခဏ ကြားဖူးကြပြီးဖြစ်ပါတယ် ။ အခုအခါမှာတော့ TV ဖန်သားပြင်မှာကိုပဲ ( ယိုးဒယား ကဏ္ဍ - mwd ) မှာ ဟိုက ကူညီတယ် ဒီက ပေးကမ်းတယ် ဟိုက စောင့်ရှောက်တယ် အစရှိသလို ပြောဆိုနေတာလဲ မြင်မိမှာဖြစ်တယ် ။ အဲ့ဒါနဲ့ ပတ်သက်လို့တော့ ဥပမာတစ်ခုကို ဆိုရမယ်ဆိုရင် မိသားစုတစ်ခုက ပုဂ္ဂိုလ်တစ်ချို့ဟာ ခရီးမသွားခင်ဖြစ်စေ ညအိပ့် ညနေ အဝေးခရီးသွားရတဲ့အခါမှာဖြစ်စေ လမ်းခရီးကိုစောင့်ရှောက်ဖို့အတွက် နတ်တွေကို ပူဇော်ပသကြပါတယ် ။ သို့သော် သူတို့လမ်းမှာ ကားမှောက်ပါပြီရဲ့ ကားမှာ ကြွေမွသွားပါသော်လဲ လူတစ်ဦးတစ်ယောက်မှ ဒဏ်ရာ မရပါဘူးရယ် ။ ဒါဆို အဲ့ဒီ့အခါ နတ်ကောင်း နတ်မြတ်တွေ စောင့်ရှောက်ပါပြီလို့ ဒီလိုဆိုပြန်ပါတယ် ။ တခြား သူတစ်ယောက်က မိမိရိုးရာနတ်ကို ပူဇော်ပသ ထားပါပြီရဲ့ အဲ့ဒီ့လူဟာ ရာထူးစည်းဇိမ်တွေ တိုးပွားသွားတယ်ဆိုရင် ဒါဟာ အင်မတန် နတ်ကို မှီခိုဖို့ အကောင်းဆုံးသော တွေ့ရှိချက်တွေဖြစ်ပါတယ် ။ လစ်လပ်တဲ့ ရာထူးအတွက် လျှောက်ထားတဲ့ သူတစ်ဦးဟာ မိမိရဲ့ ရိုးရာနတ်ကို ပူဇော်ပသပြီးတဲ့နောက် သိန်းထီ ပထမဆုံး ရသွားတယ် ။ ဒါကြောင့် မိမိနတ်က မိမိကို ထီပေါက်အောင် ကူညီတယ်လို့ ဒီလို ယုံကြည်သွားပါတယ် ။ အဲ့ဒီလိုတွေ ကြားဖူးတယ် ။
၁ ။ ထိုသူတို့တွင်တစ်ယောက်မျှ မိမိတို့အား ကူညီသည့် နတ်ကို မမြင်ဖူးချေ ။
၂ ။ နတ်မယုံကြည်သူတို့တောင် မဟုတ်သေး နတ်များအား ကဲ့ရဲ့ပြောဆိုကြသူတို့တောင်မှ အံ့သြဖွယ်ရာ ဘေးလွတ်ကင်းဖူးကြသည် ။ ထီများ ပေါက်ဖူးကြသည် ။ လစ်လပ်သည့် ရာထူးများအတွက် အရွေးခံရဖူးကြသည် ။
၃ ။ ဘေးအန္တရာယ်များမှ လွတ်မြောက်မှု အောင်မြင်မှုအတွက် တစ်နည်းနည်းဖြင့် နတ်တို့အား ဆုတောင်းမှုတို့မှာ အစဉ်အမြဲ မပြည့်ဝကြသောကြောင့် နတ်တို့၏ ကူညီမှုနှင့် ပတ်သတ်သည့် အဖြစ်အပျက်တို့ကို အမှန်ဟု အတည်ပြုရန် အလွန်အမင်း ခဲယဉ်းလှ၏ ။ သို့သော် အချို့နေရာ၌ မှန်ပြီး အချို့နေရာ၌ မှားလေတော့တသည်း ။
ဘာကြောင့် အချို့နေရာက မှန်ပြီး အချို့ နေရာက မှားရတာလဲဆိုရင် တစ်ခါတစ်ရံ လူအချို့ကို ကူညီပေးတဲ့ နတ်တွေဟာ ကြွယ်ဝ ချမ်းသာသူတွေဖြစ်တဲ့အလျှောက် ကူညီခံရသူက ရသင့် ရထိုက်တာကိုပင် ရရှိနိုင်ကြပြီး ရသင့်တာထက် ပိုတာ မရှိတာကို ကြည့်ခြင်းဖြင့် သိနိုင်မှာဖြစ်ပါတယ် ။ မည်သူက ကူညီ ကူညီ မိမိရဲ့ ကံပါသလောက်တာ ရရှိနိုင်မှာဖြစ်တယ် ။ နည်းနည်း ကြိုးစားပြီး များများမြတ်တဲ့ သူတွေနဲ့ များများလုပ်ပြီး နည်းနည်းတာ အောင်မြင်တဲ့သူတွေဟာ အကောင်းဆုံးသော ပြယုဒ်တွေတာ ဖြစ်ပါတော့တယ် ။ ဒါဟာ မိမိသည်သာ မိမိကိုးစားရာဆိုတဲ့ အဆိုနဲ့ ကိုက်ညီလှပါတယ် ။ အရှင်သီဝလိ တို့ အနာထပိဏ်တို့လို သူဌေးကြီးတွေဟာ နတ်တွေကို အကူညီမတောင်းပဲ အလိုလို နတ်တွေက ကူညီကြတာကို ကြည့်ခြင်းဖြင့် နတ်တွေ အကူညီပေးကြတာမှာ မိမိရဲ့ ကုသိုလ်ကံသည်သာ အဓိက ကျမှန်း ထင်သာလှပါတယ် ( ဓမ္မပဒအဋ္ဌကထာ ) ဒါကြောင့်ပါပဲ နတ်တွေကို ကူညီဖို့တောင်းတာဟာ မိမိရဲ့ ကံကို ဖယ်ခွါထားရာရောက်ကြောင်း အနည်ငယ်သောစာကိုဖတ်ပြီး ထင်ရှားသိမြင်နိုင်ကြပါစေခင်ဗျာ ။
( ဦးနု ရေးသားပြုစုသော လမ်း အမည်ရှိသည့်ကျမ်းမှ မှီငြမ်းရေးသားသည် )
#htoohtoolay
ပရိတ်သည် မန္တန်မဟုတ်ပါ
ပရိတ်သည် မန္တန်မဟုတ်ပါ
*** *** ***
ပရိတ်ဟူသော ဝေါဟာရသည် ပရိတ္တ ဆိုသည့် ပါဠိမှ အဆင်းသက်လာပြီး မြန်မာဘာသာအားဖြင့် အရံအတား ဟု အဓိပ္ပါယ်ရကြောင်း သိရှိပြီးဖြစ်လေသည် ။ သို့သော် အရံအတားဟု ဆိုလိုက်တိုင်းပင် မိမိအပေါ် ကျရောက်လာသော အန္တရယ်များအား အကာအကွယ် လက်ဖွဲ့အနေဖြင့် ထင်မှတ်တက်၏ ။ ပရိ၏ အရံအတားမှာ ဤသို့မဟုတ်ပါပေ ။
ဗုဒ္ဓသာသနာတော်မှ ပရိတ်တရား ရွတ်ဖတ်သရဇ္ဈာယ်ခြင်းကား နာယူသူတို့ထံမှ ပူဇော်ပေးကမ်း စွန့်ကြဲလာမည့် လာဘ်လာဘ အထင်ကြီးလေးစားမှုများကို မှော်ကိုး၍ မပြုကောင်းပေ ။ ထို့အပြင် ပရိတ်ရွတ်သူအနေဖြင့် ပရိတ်တရားနာသူအတွက် တစ်စုံတစ်ယောက်သော တန်ခိုးရှင်ထံမှ ဝတ်ပြုဆုတောင်းနေခြင်းလည်းမဟုတ်ချေ ။
ပရိတ်တော်တရားဟူသည် သာသနာမန္တန်ဆရာတို့က ကျော်ကြားလိုခြင်း လာဘ်လာဘကို မျှော်ကိုးခြင်းကြောင့် ရွတ်ဆိုခြင်းမပြုအပ်ပေဟု ဖေါ်ပြကြပြီး အထူးသိသင့်သည်မှာ ထေရဝါဒပိဋကတော်လာ ဘုရားဒေသနာတော်များအား စုစည်းသီကုံးထားသော ပရိတ်တရားတော်များဖြစ်ပြီး မိမိမှတစ်ပါး အခြား အခြားသော တန်ခိုးရှင် ဆောင်မပေးသူမရှိဟု ဆို၏ ။
ထို့အပြင် "ပရိတ်အရံအတားဟူသည် အသက်ရှင်နိုင်ခွင့် ရှိသေးသော အရွယ်ကောင်းသော ကံကြီးငါးပါးမှ ကင်းလွတ်ကုန်သော သူတို့အတွက်သာဖြစ်သည် ။ အသက်ရှင်နိုင်ခွင့်ကုန်သောသူအား ပရိတ်ရွတ်ဖတ်ခြင်းဖြင့် အသက်ဆက်ရန် မစွမ်းနိုင်ချေ " ဟု ကျမ်းပြုဆရာတို့က အတိအလင်း ရေးသားဖေါ်ပြထားသည်ကို တွေ့ရှိနိုင်ပေသည် ။ ထို့ကြောင့် ပရိတ်သည် မန္တန်မဟုတ်ကြောင်း သိရှိရမည်ဖြစ်ပေ၏ ။

လောဘ ဒေါသတွေကသာ ကမ္ဘာကို ဖျက်ဆီးနိုင်တာပါ
လောဘ ဒေါသတွေကသာ ကမ္ဘာကို ဖျက်ဆီးနိုင်တာပါ
-------
ဒိုင်နိုဆောခေတ်တုံးပုံက လူသားခေတ်တုံးမဲ့ပုံကို ပြနေသလိုပါပဲ ။ ဒီလိုပါ ရှေးနှစ်ပေါင်း ကုဋေကုဋာက ဒိုင်နိုဆောကောင်များသည် ကမ္ဘာပေါ်ရှိ တိုက်အသီးသီးမှာ အနှံ့အပြားနေထိုင်ခဲ့ကြပါတယ် ။ အမေရိကန်ပြည်ထောင်စု အနောက်ပိုင်းရှိ ကျောက်ထူထပ်ရာ တောင်တန်းဒေသများမှာ ဒိုင်နိုဆောကောင်များရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းများကိုတွေ့ရပါတယ် ။ မွန်ဂိုလီးယားနိုင်ငံတွင် ၁၉၂၅ ခုနှစ်က ဒိုင်နိုဆောကောင်တို့၏ ဥများကို ကျောက်ဖြစ်ရုပ်ကြွင်းအနေဖြင့် တူးဖေါ်ရရှိဖူးပါတယ် ။ ဤအချက်ကိုထောက်ပြီး ဒိုင်နိုဆောအကောင်မျိုးအချို့မှာ အဥအုသောအမျိုးဖြစ်တယ်လို့ ယူဆကြပါတယ် ။
ဒိုင်နိုဆောကောင်တို့သည် ဒုတိယကပ်အတွင်း တွင် မျိုးဆက်ပြန့်ပွား၍ နေထိုင်ခဲ့ကြသော်လည်း နို့တိုက်သတ္တဝါခေတ်ဖြစ်သော တတိယကပ်သို့ရောက်တဲ့အခါ ရွက်စားမျိုးသည် ဦးစွာ အညွှန့်တုံးပြီး ရွက်စားကောင်များကို ဖမ်းယူစားသောက်တက်သော သားစားမျိုးများ ပြန့်ပွားခဲ့ရာ သည်သားစားမျိုးတွေသည်လည်း နောက်ဆုံး၌ တဖြေးဖြေး အညွှန့်တုံးသွားခဲ့လေသည်ကို ကမ္ဘာဦးတိရိစ္ဆာန်များကျမ်းမှာ တွေ့ရပါတယ် ။ ယခု လူသားတွေလည်း ဒိုင်နိုဆောတွေလို အရွက်စားသတ္တဝါတွေမရှိတော့ပဲ ယခု တိရိစ္ဆာတွေကိုသတ်ပြီး အသားစားသတ္တဝါအဆင့်ရောက်နေလေပြီ ။ ထိုစားသောက်မှုများကြောင့် မျိုးသုဉ်းပျောက်ကွယ်သွားသော သတ္တဝါများမှာလဲ အများအပြားရှိလာခဲ့ပါပြီ ။ တိရိစ္ဆာန်အခြင်းခြင်း ဖမ်းယူစားသောက်ခြင်းများမှ အစပြု၍ သတ္တဝါများဟာ အသားစားခေတ်ကိုရောက်ရှိလာပြီဖြစ်လေရာ မကြာခင် မျိုးသုဉ်းပျောက်ကွယ်ဖို့ရာ အချိန်နီကပ်နေကြောင်းအား အသိပေးနေသလိုပါပဲဟု ထင်ရပါတယ် ။ လွန်ခဲ့သော နှစ်ပေါင်းများစွာကလဲ လျှပ်စစ်ငှက်လေးများ မျိုးသုဉ်းကွယ်ပျောက်ခဲ့ပါပြီ ။ ယခုလည်း တစ်ချို့ငှက်မျိုးများမှာ ပျောက်ကွယ်နေပါပြီဟုသုတေသီတို့က ဖေါ်ပြကြပါပြီ ။ လူသားတွေကတော့ အဓိကကျကာ မျိုးသုန်းရန် လက်နက်အသစ်အဆန်းများ တီထွင်အသုံးပြုနေပြီဖြစ်ပါတယ် ။ လောဘ ဒေါသ များ ပြင်းထန်လာပါက နူကလီယားစစ်ပွဲကို အချိန်မရွေးဆင်နွှဲနိုင်ကြောင်း သတိရှိရတော့မှာဖြစ်ပါတယ်။ ထို့ကြောင့် ဗုဒ္ဓဟောသော ကမ္ဘာကို ဖျက်မည့်အရာဟာ သတ္တဝါတို့ရဲ့ လောဘ ဒေါသတွေပဲဆိုတာ အထင်အရှား ပေါ်လွှင်နေပါတော့တယ်ခင်ဗျာ ။ သတ္တဝါများအပေါ် မေတ္တာဓါတ်များ ဆည်းဖြန်းနိုင်ကြပါစေ . . .
------
တောပြုန်းအောင်ခုတ်သူကမဆိုးပါ
လောဘကဆိုးတာပါ။
IS 'ကမဆိုးပါ
ဒေါသကဆိုးတာပါ။
သစ်တောဖြုတ်သူရော
IS အကြမ်းဖက်သူရောမဆိုးပါ
မောဟက ဆိုးတာပါ ။

ဖြစ်တက်ပေတယ် ဆန်းကျယ်ရာ ။ ခုတ်ရာတစ်ခြား ရှရာတလွှဲပင် !

တစ်ခါက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီးစိုးစံစဉ် ဗြဟ္မဒတ်မင်းရဲ့ သားတော် ဗြဟ္မဒတ်ကုမာရ နဲ့ ပုရောဟိတ်ရဲ့ သားဖြစ်သူ သုသီမတို့ကို ဖွားမြင်လာခဲ့တယ် ။ ခမည်းတော်ကြီး နတ်ရွာစံတဲ့အခါ ဗြဟ္မဒတ်ကုမာရက မင်းဖြစ်လာပါတယ် ။ ပရောဟိတ်ရဲ့သား သုသီမလဲ ပုရောဟိတ် ဖြစ်လာတော့တယ် ။ တစ်နေ့တော့ မင်းဟာ ပရောဟိတ်နဲ့အတူ ဆင် စီးပြီး မြို့တော်ကို လှည့်လည်တဲ့အခါ ဘုရင့်မယ်တော်က ကိုယ့်သားအရွယ်လောက်တာ ရှိသေးတဲ့ ပရောဟိတ်ကို လှမ်းမြင်လိုက်တာနဲ့ပဲ အလွန်စွဲလမ်းသွားတော့ပါတယ် ။ သားဖြစ်သူမင်းကြီးရဲ့ ငယ်ပေါင်း သူငယ်ချင်းလဲ ဖြစ်နေတာကြောင့် ဘယ်လိုမှ မလုပ်ဆောင်နိုင်ပဲ မစားနိုင် မသောက်နိုင်လောက်တဲ့အခြေအနေထိ ဖြစ်လာတော့တယ် ။
အဲ့လိုဖြစ်နေတာကို သားတော်မင်းကြီးက သိတဲ့အခါ သူ့ရဲ့သူငယ်ချင်း ပရောဟိတ်ကို ပြောတယ် ။ ငါ့မယ်တော်ကတော့ ဒီလို ဒီအကြောင်းဖြစ်နေပြီ ။ ဒါကြောင့် မင်းဟာ ဘုရင်လုပ်တော့ ။ ငါက အိမ်ရှေ့စံမင်းသားအဖြစ်နဲ့ပဲ နေပေးမယ် ။ ကူညီပေးပါပေါ့ ။ ပရောဟိတ်ကလဲ ငြင်းတယ် ။ တောင်းဆိုလိုက် ငြင်းပယ်လိုက်ကနေ နောက်ဆုံးတော့ သဘောတူလိုက်ရပါတယ် ။ အဲ့ဒီ့အခါကြတော့ မင်းအဖြစ်ကို ပရောဟိတ်က ရပြီး အိမ်ရှေ့စံကိုတော့ ဘုရင်ကုမာရက နေသွားကြတယ် ။
ဒါပေမယ့် အဲ့ဒီမှာပြဿနာရှိတာဟာ အရင်က ပရောဟိတ်ဖြစ်တဲ့ သုသီမဟာ မိဖုရားကြီးနဲ့အတူ မအိပ့်ပဲ သီးခြားနေနေပါသတဲ့ ။ အဲ့ဒါအပြင် ရဟန်းဘဝကို စိတ်က ညွှန့်နေကြောင့် ဘုရင့်စည်းစိမ်ဆိုတာတွေဟာ သူ့အတွက် ပျော်မွေ့စရာ ကင်းမဲ့နေပါတယ် ။
အဲ့လိုနေနေတာကို မိဖုရားခေါင်ကြီးက ဒီလိုထင်သွားတယ် -
((( ငါက သူ့အမေအရွယ်လောက်ရှိနေတာကြောင့် သူဟာ ငါနဲ့ အရွယ်ခြင်း မတူညီပဲဖြစ်နေတာကိုအကြောင်းပြုပြီး ငါ့အနားကို မကပ်ဝံ့တာပင် ဖြစ်လိမ့်မယ် ။ ဒါကြောင့် အဲ့ စိုးရိမ်စိတ်ကို ဖယ်ရှားနိုင်အောင် ငါ ကြံအုန်းမှ )))
ဆိုပြီး တွေးထင်လိုက်ပါတယ် ။
တစ်နေ့တော့ မိဖုရားကြီးဟာ မင်းကြီးရဲ့ ဦးခေါင်းကို သန်းရှာပေးရင်းက အကြံဖြစ်သွားတယ် ။ ဒါဟာ အခွင့်အရေးပဲဆိုပြီး မင်းကြီးခေါင်းပေါ်က ဆံပင်ဖြူ တစ်ချောင်းကို နုတ်ကာ လက်ဖဝါးပေါ် ဖြန့်ပြရင်းနဲ့ -
((( သင် မင်းကြီး အိုနေပြီ ! ))) လို့ ဆိုလိုက်ပါတယ် ။
မိဖုရားကြီးရဲ့ ဆိုလိုချက်ကတော့ အသက်ကြီးနေတယ်ဆိုတဲ့ နှစ်ယောက်ကြားက ဆက်ဆံရေးကို ဖြိုဖျက်ချင်တဲ့ သဘောတာ ဖြစ်တယ် ။ ဒါကြောင့် သင်မင်းကြီးလဲ အိုနေပါပြီလို့ ဆိုလိုက်တာ ဖြစ်ပါတယ် ။
သို့သော် အဲ့ဒီ့စကားကို ကြားလိုက်တာနဲ့ မင်းကြီးဟာ အထိတ်တလန့်ဖြစ်ပြီး ရဟန်းပြုကာ ဟိမဝန္တာတောထဲသို့ ဝင်သွားပါတော့တယ်ကွယ် ။ ( ဂန္ဓာရဝဂ် / သုသီမဇာတ် )

သက်သေခံလျက် ရှိနေတယ် !
သက်သေခံလျက် ရှိနေတယ် !
----
ဗုဒ္ဓသည် ဘီစီ ၆ ရာစုခေတ် မတိုင်မီက လူများလက်ခံယုံကြည်ပြီးဖြစ်သော ဘဝသံသရာ ကံတရား အနိစ္စ ဒုက္ခတရား စသည်များနှင့် လူများနားလည်ပြီးဖြစ်သော ဝေါဟာရစကားများကို အခြေပြု၍ ဗုဒ္ဓမြတ်စွာဘုရားဟာ ဟောပြောခဲ့ပါသည် ။ သို့ရာတွင် ထိုရှေးဝါဒများ စကားများသည် ဗုဒ္ဓဒေသနာ၌ အနက်အဓိပ္ပါယ် ပြောင်းလဲလာ၏ ။ ဗုဒ္ဓလက်ခံသော ဘဝသံသရာသည် ရှေးဗြဟ္မာဏတို့ယုံကြည်သော ဘဝသံသရာနှင့်မတူ ။ ဗုဒ္ဓ၏ အနိစ္စဒုက္ခတရားသည် ဗြဟ္မာဏတို့၏ တရားထက် ပိုမိုလေးနက်ကျယ်ပျံ့၍ အနှစ်သာရပိုင်းတို့၌လည်း ကွဲပြားကာ အဓိပ္ပါယ်ပြည့်ဝသောတရားများဖြစ်ကြောင်း သုတေသီတို့က ဖေါ်ပြခဲ့သည် ။
အင်္ဂလိပ်ပညာရှင် ဆာချားစ်အဲလိယော့သည် -
((( ဂေါတမဗုဒ္ဓ ပရိနိဗ္ဗာန်ပြုသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်၍ နောက်ကာလ၌ ဗုဒ္ဓ၏ အမည်သည် ဒဏ္ဍာရီများအကြားတွင် မှုန်ရီဝိုးတဝါးဖြစ်ခဲ့သော်လည်း ဗုဒ္ဓ၏ ဂုဏ်သည် နောက်မှပေါ်လာသော များစွာသော ဘာသာရေးခေါင်းဆောင်များ၏ ဂုဏ်ထက် ပိုမိုထင်ရှား၏ ။ ဤအချက်သည် ဗုဒ္ဓ၏ ထူးခြားသော သီလဂုဏ် သမာဓိဂုဏ်ကို အထင်အရှား သက်သေခံလျက်ရှိ၏ ))) ဟု ဆိုခဲ့လေ၏ ။

ဤသင်္ဘောကို မည်သူပိုင်သနည်း ?
ဤသင်္ဘောကို မည်သူပိုင်သနည်း ?
-------
ဟိန္ဒူဘာသာကိုလေ့လာတဲ့အခါမှာ မဟာဘာရခေတ်ကို အခြေတည်၍ ထိုခေတ်မတိုင်မီ အချိန်ကာလကို ခန့်မှန်းလိုက်သောအခါ ဘီစီ ၃၁၀၂ ခုနှစ်သည် လူသားတို့၏ ( အိန္ဒိယ ) ပထမဦးဆုံးဘုရင်ဖြစ်သော မနုအုပ်စိုးသည့် ခေတ်အစဟု ယူဆရလေသည် ။ ထိုနှစ်တွင် ကမ္ဘာကြီးတစ်ခုလုံး ရေလွှမ်းမိုးသဖြင့် မနုက လူသားတို့မျိုးရိုး ပျောက်ကွယ်မသွားအောင် ကယ်တင်နိုင်ခဲ့လေသည် ။
ရေလွှမ်းမိုးခေတ်မတိုင်မီ ပထမဦးဆုံးသော ဘုရင်ကား မနုသယမ္ဘူဝ အမည်ရှိသည် ။ လူသားကို ဖန်ဆင်းပြီးနောက် ပထမဦးဆုံး အုပ်စိုးသောဘုရင်ဖြစ်သည် ။ ယင်းကို ထာဝရ ဘုရားက မွေးဖွားလိုက်ခြင်းဖြစ်သည် ။ သုတရူပခေါ် မိမိ၏ ခန္ဓာကိုယ်၌ ပါရှိသော ဣတ္ထိယကိုယ်တစ်ပိုင်းဖြင့် သားနှစ်ယောက်နှင့် သမီးသုံးယောက်ကို ဖွားမြင်ခဲ့သည် ။ ဝိရာဇာဟုလည်း ခေါ်တွင်သော သယမ္ဘူဝမနုသည် မနုမျိုးဆက်တွင် ပထမဆုံး ပုဂ္ဂိုလ်ဖြစ်သည် ။ ဝါယုမုရာဏ်ကျမ်း၌ ပာနန္ဒာအမည်ရှိသော ထာဝရဘုရားသည် သယမ္ဘူဝနုမတိုင်မီ အုပ်ချုပ်ခဲ့ရသည်ဟု ဖေါ်ပြထားသည် ။
ဒုတိယမြောက် မနုဘုရင်ဖြစ်သော မနုသရောချိရှကား သယမ္ဘူဝ၏ သမီး အကုတိမှ မွေးဖွားသော သားဖြစ်သည် ။ ထိုဘုရင်တို့မှ ဆင်းသက်လာသော မနုဝိဝါသတ လက်ထက် ရောက်သောအခါကမ္ဘာကြီး တစ်ခုလုံးကို ရေလွှမ်းမိုးခြင်း ခံရသဖြင့် လူသားတို့၏ မျိုးဆက်မပျောက်ပျက်အောင် မနုဝိဝါသတ က ကယ်ဆယ်ခဲ့ရသည် ။ ကမ္ဘာကြီးရေလွှမ်းမိုးခြင်းနှင့်ပတ်သတ်၍ ပထမဦးဆုံး မှတ်တမ်းတင်ထားသည့် ကျမ်းစာမှာ သတပသာ ထာဝရဘုရားကျမ်းဖြစ်သည် ။ နောင်သောအခါ မဟာဘာရတကျမ်းနှင့် ပူရာမ်ကျမ်းတို့တွင် ဖေါ်ပြလာကြသည် ။
သတပသာကျမ်းအရ မနုသည် တစ်နေ့နံနက်တွင် မြစ်ထဲ၌ လက်ကို ဆေးကြောသုတ်သင်နေစဉ် လက်ထဲ၌ အလွန်သေးငယ်သော ငါးကလေးတစ်ကောင်သည် ပါရှိလာသည်ကို တွေ့ရှိရလေသည် ။ ငါးကလေးမှာ သူ့ကို ကယ်တင်ထားရန် ပြောကြားလေရာ မနုလဲ ငါးကြီးများ ကိုက်သတ်မည့်ဘေးကို တွေ့မြင်သဖြင့် ကယ်တင်ထားလိုက်လေသည် ။ ပထမ၌ ရေအိုးတွင်မွေးမြူ၏ ။ နောက်တွင် ရေကန်ဖြင့် မွေးမြူရသည် ။ ထို့နောက်၌ ကြီးထွားလာသောကြောင့် ပင်လယ်ထဲ လွှတ်ရလေသည် ။ ငါးသည် မကြာမီကာလ၌ ရေကြီးမည်ဖြစ်ကြောင်းကို မနုအား မှာကြားခဲ့လေရာ ကြီးမားသော သင်္ဘောကြီးတစ်စင်းကို တည်ဆောက်ထားရန် ပြောကြားလေ၏ ။ မကြာမီ၌ ရေမျာတက်လာသောအခါ မနုလဲ သင်္ဘောအထက်သို့ တက်နေရလေသည် ။ ထို့နောက် ငါးကြီးသည် မနု၏ သင်္ဘောကြိုးအား သူ၏ ဆူးတောင်တွင် ချည်နှောင်စေပြီး မြောက်ဘက်ရှိ တောဝိတန်းကြီး၏အလွန်သို့ရောက်အောင် လျင်မြန်စွာ ကူးခတ်ဆွဲခေါ်သွားလေသည် ။ ထို့နောင် ရေများ သဖြေးဖြေး ကျဆင်းလာသောအခါမှ သင်္ဘောပေါ်မှ ပြန်လည် ဆင်းသတ်ခဲ့ရလေသည် ။ ရေတက်ခြင်းသည် နတ်ပြည်သုံးတပ်စလုံးထိတိုင် နစ်မြှပ်သဖြင့် လူသားတွင် မနုတစ်ဦးတည်းသာ ရှင်သန်ကျန်ရစ်ခဲ့လေသည် ။ မနုသည် ဖိုမ အင်္ဂါနှစ်ရက်လုံးပါဝင်သည်ဖြစ်ရကား လူသားများမှာမူ မနုမှတစ်ဆင့် ဆင်းသတ်လာကြသည်ဟု ပူရာဏ်ကျမ်းများ၌ ဖေါ်ပြထားလေသည် ။
ထိုအထက်ပါ အရာမှာ ဟိန္ဒူကျမ်းများမှ ပါရှိသော အခြင်းအရာဖြစ်ရကား ၄င်းသင်္ဘောသည် မနု၏ သင်္ဘောဖြစ်သလောဟု ထင်မှတ်ရလေ၏ !
( မနှစ်သက်သေးလျှင် ခရစ်ယာန်ကျမ်းအား ဆက်လက်လေ့လာကြမည် )
အာဒမ်သည် အနှစ် ၉၃၀ တိတိနေထိုင်ပြီးနောက် ကွယ်လွန်ခဲ့လေရာ အာဒမ်မှစ၍ လူမျိုးဆက် ၉ ဆက်မြောက်၌ နောဧခေါ် ပုဂ္ဂိုလ်တစ်ဦးအား ဖွားမြင်လာလေသည် ။ ဘုရားသခင်က ကမ္ဘာကြီးကို ဖန်ဆင်းသောအချိန်သည် ခရစ်မပေါ်မီ သက္ကရာဇ် ၄၀၂၆နှစ်ဟု အယူရှိကြ၏ ။ အာဒမ်မှ စ၍ ၇ ဆက်မြောက်ဖြစ်သူ ဧနောက် ( ၃၄၀၄ - ၃၀၃၉ ) ကား ထာဝရဘုရားသခင်အပေါ် သစ္စာရှိသော ပထမဦးဆုံးလူသား ပရောဖက် ဖြစ်သည် ။
ဧနောက်၏ မြစ်ဖြစ်သူ နောဧသည်လည်း ထာဝရဘုရား၏ အမိန့်ကို နာခံလိုက်နာသူဖြစ်၏ ။ အဓမ္မအကြမ်းဖက်မှုများ ဖြစ်ပေါ်၍ ကမ္ဘာပေါ်၌ မတရားမှုများ လွှမ်းမိုးစပြုလာသောအခါ ဘုရားသခင်ဖန်ဆင်းထားသော ဝိညာဉ်သက်သက် ရုပ်မဲ့သောပုဂ္ဂိုလ် ကောင်းကင်တမန်အချို့သည် လူသားအမျိုးတို့ကို သဘောကျ၍ ပေါင်းသင်းနေထိုင်လာကြ၏ ။
ဤအခြေနေမျိုးကို ဘုရားသခင်က မနှစ်မြို့နိုင်ပါသောကြောင့် ကမ္ဘာကိုရှင်းလင်းရန် ကြံရွယ်သည်။ ကမ္ဘာကြီးကို ရေလွှမ်းကာ သန့်စင်ပစ်ရန်ဖြစ်၍ နောဧအား သင်္ဘောကြီးတစ်စင်းကို တည်ဆောက်ရန် အမိန့်ရှိလေသည် ။ လူသားအများမှာ ကောက်ကျစ်စဉ်းလဲမှုများ လွှမ်းမိုးနေသော်လည်း နောဧကား အပြစ်ကင်းသူတစ်ယောက်ဖြစ်သောကြောင့် ဘုရားသခင်က ရွေးချယ်အမိန့်ဆိုခြင်းဖြစ်၏ ။
သင်္ဘောပေါ်တွင် နောဧက သူ၏သား သုံးယောက်တို့ကို သူတို့၏ ဇနီးများနှင့် အတူလိုက်ပါစေပြီး အားလုံး လူသား လေးစုံရှစ်ယောက်နှင့် တိရိစ္ဆာန် တစ်မျိုးလျှင် တစ်စုံကျစီ သင်္ဘောပေါ်သို့ တင်ဆောင်ခဲ့သည် ။ နောဧသင်္ဘောပေါ်သို့ တက်သည်မှစ၍ ခုနှစ်ရက်ကြာသောအခါ မေလျှင်များ တက်လာလေသည် ။ ကမ္ဘာကြီးကိုဖန်ဆင်းသည့် ဒုတိယမြောက်နေ့က စီးဆင်းရွေ့လျားခဲ့သော ရေများသည် ရေတံခါးများကိုဖွင့်ထုတ်လိုက်သကဲ့သို့ စီးဆင်းလာကာ ရက်ပေါင်းလေးဆယ် တိုင်တိုင် တက်နေ၏ ။
ရေစတင်တက်သောနေ့၌ နောဧ၏ အသက်သည် နှစ်ပေါင်း ၆၀၀ ပြည့်သောနှစ်ဖြစ်သည် ။ ကမ္ဘာကြီးတစ်ခုလုံးကို ရေလွှမ်းမိုးသောအခါ သင်္ဘော၌ မပါပဲ ကျန်နေသော သက်ရှိ သတ္တဝါအားလုံး နစ်မြှပ်သေဆုံးသွားကြလေသည် ။ ရေသည် ရက်ပေါင်း ၁၅၀ လုံးလုံး လွှမ်းမိုး၏ ။ ထို့နောက် တဖြေးဖြေး ရေများ ကျသွားရာ နဂိုပုံမှန်အတိုင်း ရောက်ရှိလာသည် ။ ရေလွှမ်းမိုးသော ခုနှစ်ကား ဘီစီ ၂၃၇၀ - ၂၃၆၉ခုနှစ် အတွင်းဖြစ်၏ ။
ပထမတွင် နောဧသည် သင်္ဘောပေါ်မှ ချိုးတစ်ကောင်ကို လွှတ်လိုက်ကာ ချိုးသည် နားခိုရန် နေရာမရှိသဖြင့် သင်္ဘောပေါ်သို့ ပြန်လာနား၏ ။ ခုနှစ်ရက်မြောက်သောအခါ ချိုးဖြူကိုထက်မံလွှတ်လိုက်ပြန်ရာ သံလွင်ရွက်တစ်ခုကို ကိုက်ချီ၍ ပြန်လာကြောင်း သိရှိရ၏ ။ ထိုကြောင့် ကမ္ဘာမြေကြီးပေါ်လာပြီဖြစ်ကြောင်း သိရှိကြလေရာ နောက်ထပ် ခုနှစ်ရက်ကြာသောအခါမှ ချိုးကို လွှတ်လိုက်သည်ရှိသော် ပြန်လည်၍ ရောက်မလာတော့ပေ ။
နောဧ၏ အသက် ၆၀၁ နှစ်တိတိတွင် ရေကျခြင်းကိစ္စပြီး၍ နောက်ထပ်ရက်ပေါင်း ၂၇ ရက်ကြာသောအခါ ကမ္ဘာမြေပြင်မှာ ခြောက်သွေ့လာတော့၏ ။ ထာဝရဘုရားသည် နောဧတို့မိသားစုကို သွန်သင်ဆုံးမ၍ ကမ္ဘာမြေကြီးပေါ်၌ လုပ်ကိုင်စားသောက်စေသည် ။ နောဧက လယ်ယာလုပ်ကိုင်၍ အသက်မွေး၏ ။ နောဧ၏ သားတစ်ဦးဖြစ်သူ ဟေမ မှ ရသော သားခါနန်အား နောဧက ကျိန်စာထားခြင်း ခံရသဖြင့် ဟေမမှ ဖခင်၏ အရိုက်အရာကို မရရှိချေ ။ အခြားသားတစ်ဦးဖြစ်သူ ရှေမ သာ အမွေကို ဆက်ခံရသော သားဖြစ်လာသည် ။ သို့သော် ဟေမ၏ အခြားသား တစ်ဦးမှ သူ၏ မျိုးဆက် ပြန့်ပွားရသည် ။ ထိုသား၏ အမည်ကား ကုရှ ဖြစ်၏ ။ ကုရှ၏ သား နိမ်ရောဒ သည် ယေဟောဝါဘုရားကို ဖီလာဆန်လာပြုလုပ်သော မုဆိုးတစ်ဦးဖြစ်လေသည် ။
ထိုအထက်ပါအကြောင်းအရာများမှာ ခရစ်ယာန်ကျမ်းပါအဆိုများဖြစ်ရကား ဤ သင်္ဘောသည် နောဧ၏ သင်္ဘောဖြစ်သလော ! ဟု ထင်မှတ်ရလေသည် ။
( မနှစ်သက်သေးလျှင် အစ္စလာမ်ကျမ်းအား ဆက်လက်လေ့လာကြမည် )
အလ္လာမ်အရှင်သည် ကမ္ဘာလောကကြီးကို ဖန်ဆင်းရခြင်းမှာ ကမ္ဘာလောက၌ နောက်ဆုံး အချိန်ထိ လူသားများဖြင့်ပြည့်နှက်ကာ စည်ကားသိုက်မြိုက်စေလို၍ဖြစ်သည် ။ ဤကမ္ဘာ၌ အလ္လာမ်ဦးဆုံးဖန်ဆင်းသောလူသားမှာ အာဒမ်ဖြစ်သည် ။ ကမ္ဘာလောကကြီး၌ အာဒမ်မှစကာ လူသားများဖြင့်စည်ပင်၍ တင့်တယ်စေရန် ရည်ရွယ်သည် ။ သို့သော် တမန်တော် နောဧ လက်ထက်တွင် ရေလွှမ်းမိုးခြင်းဖြစ်၍ ကမ္ဘာတစ်ခုလုံး နစ်မြှပ်သွားလေသည် ။ ကမ္ဘာပေါ်တွင် ရှိနေကြသော လူသားများနှင့် တိရိစ္ဆာန်အာလုံးတို့မှာ ရေနစ်သေဆုံးကြရသည် ။ သို့သော် နောဧနှင့်အတူ သင်္ဘောပေါ်တွင် လိုက်ပါခဲ့ကြသော မွတ်ဆလင်များမှာ အသက်ချမ်းသာရာ ရကြ၏ ။ ထိုသူတို့မှ ယနေ့ ကမ္ဘာပေါ်ရှိလူများ ပြန့်ပွားလာခဲ့ခြင်းဖြစ်သည် ။ နောဧသင်္ဘောပေါ်တွင်တက်နေစဉ်က တိရိစ္ဆာန်မျာကို အမျိုးလိုက်တစ်စုံစီ ယူသွားခဲ့သည် ။ ထိုတိရိစ္ဆာန်များမှ ဆက်လက်ပြန့်ပွားလာခဲ့ခြင်းဖြစ်သည် ။နောဧတွင် သားသုံးယောက်ရှိသည် ။ ရှေမ / ယာဖတ် နှင့် ဟေမတို့ဖြစ်သည် ။ ထိုသားသုံးဦးမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည် ။ ထို့ကြောင့် တမန်တော် နောဧကို ဒုတိယမြောက် ဖခင်ကြီးဟု ခေါ်ဝေါ်ကြခြင်းဖြစ်သည် ။
ထိုအထက်ပါအကြောင်းအရာများမှာ အစ္စလာမ်ကျမ်းပါ အချက်များဖြစ်သည်ရှိသောကြောင့် အဆိုပါသင်္ဘောသည် နောဧ( အစ္စလာမ် ) ၏ သင်္ဘောဖြစ်သလော ! ဟု ထင်မှတ်ရလေ၏ ။
မနု သေဘာၤေလာ !
နောဧ သင်္ဘောလော ! ( ခရစ်ယာန် )
နောဧ သင်္ဘောလော ! ( အစ္စလာမ် )
ကျွန်ပ်လဲ မသိပေ ။
ဗဟုသုတ ရကြပါစေခင်ဗျာ ။

Tuesday, January 12, 2016
တစ္ဆေအခြောက် ခံနေရသည်
တစ္ဆေအခြောက် ခံနေရသည်
-----
ထိုင်ခုံသုံးလုံးကိုစီကာ ကုတင်ပုံသဏ္ဍာန်ပြင်စဉ်လိုက်၏ ။ စင်ပေါ်၌ရှိသော ခြုံစောင်တစ်ထည်ကိုအောက်၌ ခင်းလိုက်သည်ရှိသော် မွေ့ယာပုံစံဖြစ်လျက် အပေါ်က နောက်ထပ် ခြုံစောင်တစ်ခုကို ယူခြုံလိုက်လျှင်ပင် အလွန်ဇိမ်ကျလှသော အိပ့်ယာကုတင် ဖြစ်သွားလေတော့၏ ။ အိမ်၌ အိပ့်ရသည်မှာ ဤမျှ ဇိမ်မကျလှ ။ အောက်တွင် မြက်ဖျာကိုခင်းကာ ခေါင်းအုံးတစ်ခုရှိက ကျောတစ်လျောက်လုံး နာနာကျင်ကျင်နှင့်ပင် အိပ့်ခဲ့ရလေ၏ ။
ယခုလို အလုပ်မှ ပစ္စည်းသိုလှောင်သည့်စတိုအခန်း၌ အဲကွန်းလေးဖွင့်ကာ ဇိမ်ကျကျအိပ့်ရသည်မှာ ကျွန်တော့်အတွက် အလွန်မှ နှစ်သက်စရာကောင်းသော အရသာတစ်မျိုး ဖြစ်နေလေတော့၏ ။ ထို့ကြောင့် အချိန်ပိုဆင်းရသည့်အခါ ပြန်ရန် ဘ(စ်)ကားမရှိတော့သဖြင့် ကျွန်တော်တို့ဌာနပစ္စည်းသိုလှောင်ခန်း၌ အိပ့်နို်င်ရန် ခွင့်ပြုထားသော အထက်လူကြီးတွေကိုပင် စိတ်မှ ကြိတ်ကာ ကျေးဇူးတင်မိလေသည် ။ တစ်ခြားအလုပ်တွင် ဤကဲ့သို့ နေရမည်လော ။ ထို့ကြောင့် အချိန်ပို ဆင်းပေးခြင်းပင် ကျွန်တော့်အတွက် အလွန်မှ ဇိမ်ကျလှသော တစ်ရက်တာ အိပ့်စက်ခွင့်ကို ရနေလေတော့၏ ။
ဤသို့ အချိန်အခါမျိုးရခဲ့သော်လည်း ကောင်းစွာ အိပ့်စက်နိုင်ခြင်းမရှိသေးခင် လက်ကို နဖူးပေါ်တင်ကာ ရှေ့ရေးအတွက် တစ်ဖန် စဉ်းစားရပြန်လေသည် ။ ကိုယ်ပိုင် …… ကိုယ်ပိုင် ။ ဘယ်အချိန်မှ ကိုယ်ပိုင်လုပ်ငန်းလေးကိုလုပ်ကိုင်နိုင်ပါမည်နည်း ။ သြော် … လောကကြီး … တယ်ခက်လှပါတကား ။ အေးလေ …… ဒီလိုခက်ခဲ့မှလဲ လောကကြီးပီသတော့မှာပေါ့ ။
ထိုထိုအတွေးများ တစ်ယောက်တည်းကြိတ်ကာ မေးလိုက် ဖြေလိုက် လုပ်နေမိလေသည် ။ အချိန်အတော်ကြာသော် စတိုခန်း၏ တံခါးဖွင့်သံကြားရ၏ ။ ခါတိုင်းနေ့တွေဆို သူခိုးဟု ထင်ယောင်မိမည်ဖြစ်သော်လည်း ဒီနေ့တွက်တော့ ထိုသို့မထင် ။ အကြောင်းမှာ ကျွန်တော်နှင့်အတူ လက်အောက်ဝန်ထမ်း နောက်ထပ်တစ်ယောက်ပါ အချိန်ပိုဆင်းရသောကြောင့် အိပ့်ရန် စတိုခန်းအတွင်း ဝင်ရောက်လာခြင်းတာဖြစ်သည်ကို သိနေသောကြောင့်တည်း ။ သူလည် ဒီစတိုခန်း၌ အိပ့်စက်မည်ဖြစ်သောကြောင့် ကျဉ်းကြပ်လျက်ရှိသည့် နေရာအကြားမှ ကြမ်းတွင် စောင်ကိုခင်းကာ အပေါ်က ခေါင်းအုံးချ ခြုံစောင်တစ်ခုကို ဖုံးလိုက်လျှင်ပင် သူ့အတွက် နေရာတစ်ခုရပြန်လေပြီ ။
ကျွန်တော်ကတော့ ခုံသုံးလုံးဆက်ထားသောကြောင့် ကုတင်သဏ္ဍာန်ရှိုပြီး သူကတော့ ကြမ်းပေါ်တွင် အိပ့်နေရလေ၏ ။ စိတ်ထဲ၌ မသိုမသန့်ဖြစ်ကာ " ကောင်လေး … မင်းဘေးမှာရှိတဲ့ ထိုင်ခုံတွေကို စီပြီး အိပ့်ပါလား" ဟု ပြောလိုက်လေ၏ ။ " ဟုတ်ကဲ့အကို ကျွန်တော်ဒီထိုင်ခုံတွေနဲ့ မအိပ့်တက်လို့ပါ ။ ဒီအတိုင်းက ကောင်းပါတယ် " ဟု ပြန်ဖြေလေသည် ။
ထိုအခါ ကျွန်တော်လည်း ဘာမှဆက်မပြောတော့ပဲ အတွေးတို့ကို ထပ်မံ နယ်ချဲ့မိနေပြန်တော့သည် ။ တိတ်ဆိတ်မှုသည် အနည်းငယ်ကြာပြီးသော် ထိုသူငယ်က " အစ်ကို … လောကကြီးက တယ်ခက်ပါလားနော် " ဟု ဆိုလေသောအခါ ကျွန်တော်၏ အတွေးနှင့် ထပ်တူကျနေသည်ဖြစ်သောကြောင့် အလွန်မှ စိတ်ဝင်စားမှုရှိကာ ထိုသူငယ်လေးထံ တစ်ချက် စောင်းကြည့်မိလေတော့၏ ။
ဟုတ်တယ်ညီလေး … ဘယ်လိုမှ အဖြေရှာမရနိုင်တဲ့ လောကကြီးပဲ ။
လူတွေဒီလောက်တောင်များတာ ဘာဖြစ်လို့ ကျွန်တော်တို့လို လူတွေကိုပဲ ဘုရားက အပြစ်ပေးရတာလဲမသိဘူး ။
လောကကြီးက ပဟေဠိဆန်ပါတယ်ကွာ ။ အရာအားလုံးကို ဘုရာသခင်က ဖန်ဆင်းပေးနိုင်သော်လည်း ဘယ်အရာမှ တစ်သက်မှတ်တည်း မရှိနိုင်ခြင်းကြောင့် သူဟာ လူသားအားလုံးကို မြင်နိုင်စွမ်းရှိမှာမဟုတ်ဘူး ။အခြားသူတွေကောင်းစားနေတာဟာ ဘုရားသခင်ရဲ့ အရိပ့်အောက်မှာ ကျရောက်နေလို့ ဖြစ်မယ်နဲ့တူတယ်ညီရာ …။
အဆန်းတော့အဆန်းသားဗျ ။ ဘယ်တော့မှ အလုပ်မလုပ်ဘဲ နေတဲ့သူတွေမှာ အေးအေးလူလူနဲ့ ရှိနေကြတယ်နော် ။
သူတို့လဲ သူတို့အပူတော့ ရှိမှာပေါ့ကွာ ။ လောကကြီးက အဲ့ဒီ့လောက်မလွယ်ဘူးကွ ။
ဟုတ်တယ် အကိုရ ။ ကိုယ့်အားကိုယ်ကိုးမှ အလုပ်ဖြစ်မှာပေါ့ ။
အလုပ်လုပ်မှလဲ စားရမယ် ။ စားရမှလဲ အသက်ရှင်နိုင်မယ် ။ အသက်ရှင်မှလဲ အလုပ်လုပ်နိုင်မယ်။ ငါတို့ဘဝကြီးဟာ စားလိုက် အိပ့်လိုက် အလုပ်လုပ်လိုက်နဲ့ တော်တော်တော့ စည်းချက်ညီနေသားပဲ ။
စည်းချက်ပဲညီတာ ဘယ်မှာကြီးပွားလို့လဲ ။ မနက်ရောက် အလုပ်ဝင် ။ ညနေရောက် အိပ့်ယာဝင် ။ တစ်နေ့ တစ်နေ့နဲ့ လုံးလည်ခြာလည်လိုက်နေလိုက်တာ လကုန်ကျတော့ ဘယ်မှာလက်ထဲ ပိုက်ဆံကျန်တော့လို့လဲ ။
ကျွန်တော်လည်း ကျိုးစားပြီး စုကြည့်ပါသေးတယ် ။ ကိစ္စတွေက တစ်ခါတည်းပျက်သွားတာမဟုတ်ဘူးဗျ ။ ပိုက်ဆံက လိုချင်တပ်မက်မှုကို ခေါ်ခေါ်လာသလိုပဲ ။ လက်ထဲ နည်းနည်းရှိရင် တစ်ခုခုကို ဝယ်ချင်နေပြန်ရော ။
ညီလေးက စုကြည့်ဖို့ ငွေထွက်သေးတယ် ။ မဝယ်မိအောင်ထိန်းနိုင်ရင် လက်ထဲကပ်အုန်းမယ် ။ အစ်ကိုဆို လစာထုတ်တာနဲ့ တစ်ပြားမှ မကျန်ဘူး ။ အကြွေးတွေပေးဆပ်လိုက်လို့ ကုန်တာပဲ ။
ကျွန်တော်လဲ အကိုနဲ့မခြားပါဘူးဗျ ။ ဒါပေမယ့် အကြွေးတွေကို အတိုးလောက်ပဲဆပ်ပြီး သိမ်းကြည့်မိတာပါ ။ အမလေးးး … မရပါဘူး မရပါဘူး ။ ပိုလို့တောင် အကြွေးတက်သေး ။
မင်းနဲ့ငါကတော့ ဘဝတူတွေနဲ့တူတယ် ။ ငါလဲ အဲ့ဒီလို လုပ်ကြည့်ဖူးတယ် ။
အခုအခြေအနေတိုင်းသွားမယ်ဆိုရင်တော့ ကိစ္စမရှိဘူးပေါ့ ။ ဒီအလုပ်မကောင်း နောက်အလုပ်ပြောင်းနဲ့ ဟန်မှာပဲ ။ ဒါပေမယ့် အိမ်ထောင်တွေကျလာတဲ့အခါ အသက်တွေကြီးရင့်လာတဲ့အခါ ဘယ့်နဲ့လုပ်ကြမလဲ ။
ငါတော့ ဘိုးဘွားရိပ့်သာကိုသာ မျက်လုံးမှာ မြင်ယောင်မိလေရဲ့ ။
ရှေ့ရေး နောက်ရေးတွေက စဉ်းစားရင် တယ်လဲ ကြောက်စရာကြီးနော် ။
ဟုတ်တယ်ညီလေးရာ ။ ချမ်းသာတဲ့သူတွေအတွက်တော့ ဘာပြောကောင်းမလဲ ။ သူတို့အတွက် ဇိမ်ပဲပေါ့ ။ အခုဆို မနက်အိမ်ပြန်ရောက်ရင် အကြွေးအတွက် အတိုးသွားသတ်ရအုန်းမယ် ။
ချမ်းသာတဲ့လူတိုင်းလဲ ဇိမ်ကျလိမ့်မယ်မထင်ဘူးဗျ ။ ဒီပိုက်ဆံအတွက်ကို သူတို့လဲ ပူပန်နေရမှာပဲ ။ လူကြီးတွေပြောတဲ့ ကျားကြီး ခြေရာကြီးဆိုသလိုပေါ့ ။
အေးကွာ … ပိုက်ဆံ ပိုက်ဆံ ။ လူတွေကို တယ်ဒုက္ခပေးတဲ့ ပိုက်ဆံပဲ ။
ပိုက်ဆံမရှာပဲ နေကြည့်ဖူးလား ။
ပိုက်ဆံမရှာပဲနေကြည့်ရင် ငတ်သေရုံကလွှဲလို့ ဘာရမှာလဲ ။
ဟုတ်တယ်ဗျာ ။ ကျွန်တော်တို့ အဓိကက စားဖို့ သောက်ဖို့နဲ့ နေဖို့ထိုင်ဖို့ပဲ ။ ဘာကြောင့် ဒီ့ထပ်ပိုပြီး လိုချင်မှုတွေရှိနေတာလဲ မသိဘူး ။
လူ့အသိုင်းအဝိုင်းမှာနေရင်တော့ ဒီလိုပဲရှိမှာပဲ ။
ဗိုက်ပြည့်တဲ့အချိန်ကျရင်တော့ စားဖို့ သောက်ဖို့အတွက် မစဉ်းစားဘူး ။
အေး … ဗိုက်ဆာရင်တော့လား ။ အလုပ်လုပ်တာဟာ စားဖို့အတွက်လို့ ဆိုမိလေသေးရဲ့ ။
ဒါနဲ့ အကို မချမ်းသာချင်ဘူးလား ။
ဟ … ဘယ်လိုပြောလိုက်တာလဲ ချမ်းသာချင်တာပေါ့ကွ ။
ကျွန်တော်လည်း ချမ်းတော့ ချမ်းသာချင်ပါတယ် ။ ဒါပေမယ့် ဒီလိုပစ္စည်းဥစ္စာတွေအတွတ် ပူပန်နေရတာတော့ မလိုချင်ဘူး ။
အေးကွာ ။ ငါလဲ ချမ်းပဲ ချမ်းသာချင်တာ ။ ဒီ့ထပ် ပူပန်နေရမယ်ဆိုရင်တော့ ငါလည်း မချမ်းသာချင်ဘူး ။
တို့အခုလို တွေးတောနေလို့ အချိန်တွေ ကုန်ဆုံးခဲ့ရတယ် ။ စိတ်တွေ ပင်ပန်းနေခဲ့ရတယ် ။
တစ်ချို့တွေတော့ အိပ့်ကောင်းနေကြတယ်လေ ။
ချမ်းသာတဲ့သူတွေဖြစ်မှာပါ ။
ဆင်းရဲတဲ့သူတွေလဲ ပါမှာပေါ့ ။
အခုအချိန်တာ သေသွားရင်တော့ လူ့ပြည်ဟာ ပျော်စရာကြီးဆိုတဲ့စကားဟာ ငါတို့အတွက် ဘာအနှစ်သာရမှမရှိပဲ ဖြစ်တော့မယ် ။
နေတက်သလိုနေပါဆိုသလိုပေါ့ ။ နေတက်သလိုပဲ နေရတော့မယ် ။
တို့တွေသာ ဒီလောက်ပူပန်နေတာ လမ်းဘေးမှာနေတဲ့သူတွေ သူတောင်းစားတွေဆိုရင်တော့ အဘယ်မှာ ပြောကောင်းတော့မှာလဲ ။
ဟူးးး …… တယ်လဲ ကြောက်စရာကောင်းပါ့ဗျာ ။ လူဖြစ်ရတာဟာ တကယ်ကို အဆင်းရဲကြီး ဆင်းရဲတာပဲ ။
ကဲ … အချိန်လဲ အတော်လင့်ပြီ ။ အိပ့်ကြစို့ဟေ့ ။
ထို့အခါ မျက်လုံးမှိတ်လိုက်သည်ရှိသော် တစ်စက္ကန့်မခြားပင် နိုးထလာလေတော့သည် ။ ညက စကားကောင်းနေခဲ့သောကြောင့် အိပ့်ယာဝင် နောက်ကျလျက် ယခုမှနိုးသော် နေရောင်ပင် ထွက်လုနေပြီဖြစ်၏ ။ ထိုအခါ ကျမ်းတွင် အိပ့်နေသောသူငယ်ကို လှမ်းကြည့်မိလေသည် ။ အရင်နိုးဟန်တူသည် ။ နေရာတွင်မရှိတော့ပဲ စောင်တွေခေါင်းအုန်းတွေမှာ သူနေရာနှင့် သူပင် ပြန်လည်ရောက်ရှိနေပေပြီ ။
ထို့နောက် မျက်နှာသစ်ရန် အောက်ဘက်သို့ ဆင်းလာခဲ့သည် ။ ရေချိုးခန်းသုံးပြီးထွက်လာသော ညစောင့်ဦးလေးကြီးအားတွေ့၍ စကားအနည်းငယ်ပြောကာ ညကအိပ့်တဲ့ကောင်လေး ဘယ်အချိန်ပြန်သွားကြောင်း မေးလိုက်လေသည် ။ ထိုအခါ !
" သြော် …… တူကြီးနဲ့အတူ ညက အလုပ်လုပ်တဲ့ကောင်လေးလား ။ သူညက တူကြီးနဲ့အလုပ်လုပ်လို့တောင်မပြီးသေးဘူး အိမ်က ဖုန်းဆက်လို့ဆိုပြီး ပြန်သွားတယ်လေ ။ ပြန်တဲ့အကြောင်းကို ဦးကိုပြောခိုင်းလိုက်တာ အခုမှသတိရတယ် ။ တူကြီးကိုပြောဖို့ မေ့သွားတယ်တူကြီးရယ် ။ ဒါနဲ့ သူပြန်ပြီး သိပ့်မကြာဘူးထင်တယ် ။ တူကြီးစတိုခန်းထဲ ဝင်အိပ့်တာပဲမဟုတ်လား " တဲ့ ။
ဟာ ! အံ့သြစရာပါလား ။ ဤသို့ဆိုလျှင် ကျွန်တော်နဲ့ ညကအတူ စကားပြောခဲ့သူမှာ မည်သူနည်း ။ ကျွန်တော်၏ အတွေးတို့ လွန်နေခြင်းကြောင့် ကိုယ့်အမေးကို ကိုယ်ပြန်ဖြေခဲ့ခြင်းလား ။ ဤသို့ အတွေးမလွန်ပဲရှိပါက ကျွန်တော် တစ္ဆေခြောက်ခံရတယ်လို့ ပြောမိပေအုန်းမည် ။သို့သော် ……… အခုတွင်တော့ ပြုံးရုံကလွှဲ၍ အဘယ်အရာကိုမှ ရည်ညွှန်းဖေါ်ပြလိုစိတ်မရှိတော့ပေ ။

ရဟန္တာ၏ အမြင်
ရဟန္တာ၏ အမြင်
---
ရဟန္တာမှာ ကိလေသာတွေ လုံးဝ ကင်စင်နေတဲ့အတွက် ရဟန္တာပုဂ္ဂိုလ်မှာ ကိလေသာ အာရုံတွေဆိုရင် ဘယ်ဟာကိုမှ ကောင်းတယ်လို့ မထင်ဘူး ။ မြင်သမျှ ကြားသမျှ တွေ့သမျှ အကုန်လုံးကို ဆင်းရဲတွေ မကင်းတဲ့ တရားတွေလို့တာ ထင်နေပါတယ် ။ အဲ့ဒါဟာ အဝိဇ္ဇာ ကင်းသွားလို့ ဒုက္ခသစ္စာတရား အမှန်တွေကို အမှန်အတိုင်း သိနေတဲ့ သဘောပါပဲ ။ ဒါကြောင့် မြင်မှု ကြားမှု စတာတွေကို ဘယ်ဟာကိုမှ မနှစ်သက် မသာယာတော့ဘူး ။
ခန္ဓာဝန်ကြီးက ရှိနေလို့ ။ မလွှဲ မကင်းသာလို့တာ ခန္ဓာဝန်ကြီးကို ထမ်းဆောင်နေရတယ် ။ သွားခြင်း ရပ်ခြင်း ထိုင်ခြင်း လျောင်းခြင်း ကွေးခြင်း ဆန့်ခြင်း စတာတွေဖြင့် ပြုပြင်တန်သမျှ ပြုပြင်နေရတယ် ။ မျက်နှာသစ်ရခြင်း ရေချိုး ရခြင်း ဆွမ်းခံ သွားရခြင်း အစာအာဟာရ စားသုံးရခြင်း ကိုယ် အညစ်အကြေးကို သုတ်သင်ရခြင်း စတာတွေကို ထမ်းဆောင်နေရတယ်
အဲ့ဒါတွေ အားလုံးဟာ မလွှဲမရှောင်သာလို့ တာဝန် ဝတ္တရားအနေနဲ့ ဆောင်ရွက်နေရတာတွေပါပဲ ။ ဘယ်ဟာကိုမှ နှစ်သက် သာယာ စွဲလမ်းစရာတွေလို့ မထင်ဘူး ။ သင်္ခါရ ဒုက္ခတွေချည်းပါပဲလို့ ဒီလို ထင်မြင်သဘာကျနေပါတယ် ။
ဒါဖြင့် ဒီ သင်္ခါရ ဒုက္ခတွေ ငြိမ်းသွားအောင် မြန်မြန်သေရင် မကောင်းပေဘူးလားလို့ မေးစရာ ရှိပါတယ် ။ အဲ့ဒီလို မြန်မြန်သေခြင်း ပျက်ခြင်းကို အလိုရှိရင် အဲဒါကလဲ ဒေါသ ကိလေသာပဲ ။ ရဟန္တာမှာ ဒီလို သေပျက်စေချင်တဲ့ ဒေါသ ကိလေသာလဲ မရှိပါဘူး ။ ဒါကြောင့် ရဟန္တာ အရှင်မြတ်များက ဒီလို မိန့်တော်မူပါတယ် ။
((( သေရတာလဲ အလိုမရှိ နေရတာလဲ အလိုမရှိ ))) တဲ့ ။

ခရစ်ယာန်သမိုင်း
ခရစ်ယာန်သမိုင်း (သခင်ယေရှု )
----------------------
အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဂေါတမ မြတ်စွာဘုရား ပွင့်ချိန်အခါ၌ ကမ္ဘာ့အနောက်နိုင်ငံများတွင် ရောမနိုင်ငံသည် အလွန်စည်ကား ကြီးကျယ်လျက်ရှိလေသည် ။
၎င်းရောမမြို့သက် နှစ်ပေါင်း ၇၀၀ ရာခန့်တွင် ရောမသည် အင်ပါယာအားဖြင့် ကြီးကျယ်လှသည် ။ သို့သော် တိုင်းပြည်ကြီးကျယ်ခမ်းနားသလောက် အတွင်းရေးများ ရှုပ်ထွေးလျက်ရှိသည် ။ ရောမသည် နှစ်ပေါင်း ၂၀၀ ရာခန့်မျှ ပြည်တွင်း ပြည်ပ စစ်မက်များ ပြိုင်ဆိုင်နေရသဖြင့် ပြည်တွင်းစီးပွားရေးထိခိုက်ပြီး လူငယ် လူရွယ်နှင့် လူတော် လူကောင်းများ ဆုံးရှုံးပျက်ဆီးရသည် ။
တောင်သူလယ်သမားများနှင့် အလုပ်သမား အပေါင်းတို့မှာလည်း ကျွန်ခံရသည့် အခြေသို့ရောက်ကာ မြို့ကြီး ပြကြီးများမှာ မွဲတေလျက်ရှိကြသည် ။
မင်းမှုထမ်းများသည် စားဝတ်နေရေး ကျပ်တည်းမှုကြောင့် တံစိုးလက်ဆောင်များ စားကြကာ စာရိတ္တ ပျက်လျက်ရှိသည် ။ အဆိုးဆုံးမှာ ရောမလူမျိုးတို့၌ လူမှုဆက်ဆံရေး ကြမ်းတမ်းမှုသည် အခြားလူမျိုးတို့၌ ဒုက္ခရောက်၍ သွေးထွက်သံယိုမှုများ ဖြစ်သည့်အခါ စိန်းစိန်းကြည့်၍ သဘောကျကာ ကိုယ်ချင်းမစာတက်ခြင်းပင်ဖြစ်သည် ။
ဆင်းရဲနွမ်းပါးသူအများမှာ ကုဋေနှင့် ချီလျက် လေးလံသော ကျောက်တုံးကြီးအောက်တွင် ပိတ်မိနေသော ပုရွတ်ဆိတ် သတ္တဝါများသဖွယ်ရှိလေသည် ။ ရောမမြို့သက် နှစ်ပေါင်း ၇၅၃ နှစ်တွင် ဂျူးလီယက်ဆီဇာ သြဂတ်စတပ်ဘွဲ့ခံ အောက်တေးဗီယက်ဘုရင် ပဲလေတိုင်နန်းတော်ကြီးတွင် မင်းဧကရာဇ် စည်းစိမ်ကို ခံစားလျက်ရှိစဉ် ဘီစီ ၄ တွင် . . .
ဂျေရုဆလင်နှင့် ငါးမိုင် ဝေးသော ဘက်သလင်မြို့ တစ်ခုသော နွားတင်းကုတ်အတွင်း၌ လက်သမားအလုပ်ဖြင့် အသက်မွေးသော ဂျိုးဇက် ၏ ဇနီး မေရီဝမ်း မှ ယေရှု အမည်တွင်သော သားယောက်ျားလေးတစ်ဦးကို ဖွားမြင်ခဲ့ပေသည် ။
လောကကြီး၏ ပြောင်းလဲမှု ဖြစ်ပျက်မှုများသည် ဆန်းကျယ်ရကား မကြာမီ ပဲလေတိုင်နန်းတော်ကြီးနှင့် နွားတင်းကုတ်တို့၏ ပြိုင်ပွဲသည် ပြင်းထန်စွာ ပေါ်ပေါက်လာခဲ့ပြီး နန်းတော်ကြီးအား ရေရှည်တွင် နွားတင်းကုတ်က အောင်ပွဲခံသွားမည်ကို မည်သူ တစ်ဦးတစ်ယောက်မျှ တွေးတော၍ မသိရှိနိုင်ကြပါချေ ။
ရောမနိုင်ငံအတွင်း နေထိုင်သော အောက်တန်းစား ဆင်းရဲသားများသည် ရှေး ဘိုးဘေးဘီဘင်တို့ ကိုးကွယ်သော နတ်များကို ကိုးကွယ်ကြပြီး တစ်နှစ်တစ်ကြိမ် နတ်ကွန်းများသို့ သွားလေ့ရှိကြသည်။ ထိုအခါ နတ်ပွဲကြီးများကျင်းပ၍ အခမ်းအနားများနှင့် မြို့ကိုလှည့်လည်မှုများ ပြုလုပ်သော်လည်း နှောက်ယှက် ဟန့်တားသူများ မရှိပဲ အားလုံးကြည့်နေကြလေ၏ ။
သို့သော် ရောမနိုင်ငံကြီးတွင် ဂျူပီတာ မီနာဖတ် နတ်ပကျွန်း စသည့်နတ်များကို ကိုးကွယ်ခြင်းသည် တိုင်းပြည်ထူထောင်စခေတ်က လုပ်ခဲ့သော အမှုဖြစ်၍ ယနေ့ခေတ်နှင့် မလျော်တော့ဟု ယူဆလာကြတော့သည် ။ ထို့ကြောင့် ရောမတို့သည် ဘာသာရေးဘက်တွင် အယူမသီးကြ တော့ပေ ။
သို့အတွက် အများအားဖြင့် မိမိတို့ ကြိုက်နှစ်သက်ရာများကို လွတ်လပ်စွာ ကိုးကွယ်ကြသည် ။ ရောမပြည်ကြီးတွင် အီဂျစ် အာဖရိကနှင့် အာရှဒေသများမှ ရောက်လာကြသော နတ်ကွန်းများနှင့် ဘုရားကျောင်း အမျိုးမျိုး ပြည့်နှက်လျက်ရှိလေသည် ။
ယေရှုကို မွေးဖွားပြီးနောက် ယေရှု၏ မိသားစုများသည် ဂေလီလီနယ် နာဇရက်မြို့သို့ ပြောင်းရွေ့နေထိုင်ကြသည် ။
အစ္စရေးဂျူးတို့က မေဆိုင်ရာ ဘုရားတစ်ဆူပွင့်မည်ဟု နိမိတ်ဖက်ခဲ့ခြင်းကို အကြောင်းပြု၍ ယေရှုက မိမိသည်ပင် မေဆိုင်ရာ ဖြစ်သည်ဟုဆို၏ ။ မေဆိုင်ရာဆိုသည်မှာ ဂရိဘာသာဖြင့် ခရစ်တော် တစ်နည်း ဘိသိတ်ခံယူသူဟု အဓိပ္ပါယ်ရသည် ။
ခရစ်ယာန်ဘာသာသည် အစ္စရေးဂျူးတို့၏ တစ်ဆူတည်းသောဘုရားကို ကိုးကွယ်ခြင်းနှင့် ရှေးဦးအစ္စရေးဂျူးတို့၏ ဘာသာရေးအယူအဆများကို အခြေခံသည် ။
ရှေးဟောင်း ရဟူဒီ အစ္စရေးတို့၏ ဘာသာရေးဖြစ်စဉ် ဖေါ်ပြချက်များကိုပင် သမ္မာကျမ်းစာဟောင်း ဘိုင်ဘယ် အဖြစ် ခံယူကြသည် ။
သို့ရာတွင် ရဟူဒီ အစ္စရေးတို့က ယေရှုကို ဘုရားအဖြင့် အသိအမှတ် မပြုကြပေ ။ အစ္စရေး ဘုန်းကြီးများက ယေရှုကို မနှစ်မြို့ကြ ။ သို့သော် ရှင်ပေါလုခေါ် အစ္စရေးတစ်ဦးကမူ ရှေးဟောင်း အစ္စရေးဘာသာကို စွန့်၍ ခရစ်ယာန် သာသနာကို ဟောကြားခဲ့လေသည် ။
ယေရှုသည် သြဂတ်စတပ်ဘွဲ့ခံ အောက်တေးဗီးယက် ဘုရင်လက်ထက် အသက်သုံးဆယ် အရွယ်တွင် မကျန်းမာသော ဒုက္ခသည်များကို ရှာဖွေပြုစုရင်း တရားဓမ္မများကို ဟောကြားသာသနာပြုခဲ့သည် ။
ယေရှုက " ကမ္ဘာပေါ်တွင် တစ်ဆူတည်းသော ဘုရားသာရှိသည် ။ ထိုဘုရားသည် ကောင်းကင်ဘုံ၌ရှိသည် ။ ဘုရားသခင်သည် မေတ္တာတရားကြီးမား၍ ဘုရားသခင်မျက်မှောက်ဝယ် ဆင်းရဲသူ ချမ်းသာသူဟူ၍ မရှိဘဲ မေတ္တာအရာတွင် အညီအမျှသာ ဖြစ်သည် ။
ရန်သူကို မေတ္တာထားရမည် ။ ကိုယ်ကျင့်တရားကောင်းအောင် စောင့်ထိန်းရမည် ။ လူဟူသမျှကို အတန်းအစားမခွဲခြားဘဲ ညီရင်းအကိုကဲ့သို့ ချစ်ခင်ရမည်ဟု ဆို၏ " ။
ထို့အပြင် ဘုရားသခင်၏ နိုင်ငံတော်ကို လူတို့၏ အသည်းထဲ၌ ထူထောင်အံ့ ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ပြု၍ ဘုရားသခင်၏ နိုင်ငံတော်တွင် သူ့ပစ္စည်း ငါ့ပစ္စည်း မရှိ အဆင့်အတန်းမခွဲခြား မာန်မာန မရှိဟု ဟောကြားသည် ။
မှတ်ချက် ။ ။
( ရောမအင်ပါရာ၌ ခရစ်တော် ပေါ်ပေါက်ချိန်တွင် မြန်မာနိုင်ငံ၌ သရေခေတ္တရာခေတ် သုမုန္ဒရီမင်းက သာသနာသက္ကရာဇ် ၆၂၄ မှ ၆၂၂ ကိုဖြိုလိုက်ပြီးလျှင် အကြွင်း ၂ မှ စတင်ရေတွက်သော သရေခေတ္တရာ သက္ကရာဇ် ပေါ်ပေါက်ခဲ့၏ )
ဂျေရုဆလင်၌ ခရစ်ယာန်သာသနာ စတင်ပေါ်ပေါက်လာပြီးနောက် ရောမ နိုင်ငံသို့လည်း ခရစ်ယာန်သာသနာ ပျံ့သွားခဲ့သည် ။ ရောမလူမျိုးတို့သည် ဂရိလူမျိုးတို့ကဲ့သို့ပင်နတ်ဘုရားများကိုသာ ကိုးကွယ်ခဲ့ကြပြီး တစ်ဆူတည်းသောဘုရားကို မကိုးကွယ်ကြချေ ။ ( ကမ္ဘာ့သမိုင်းမှတ်တမ်း - ပထမတွဲ စာမျက်နှာ - ၂၅၂ )
တစ်နေ့၌ နာဇရက်မြို့နေ လက်သမားဆရာ၏ သား ယေရှုသည် ရောမအစိုးရကို ပုန်ကန်ရန် လှုံ့ဆော်လျက်ရှိသည်ဟု ကောလဟာလ သတင်းတစ်ခု ထွက်ပေါ်၍ လာခဲ့သည် ။
ရောမစုံထောက်တို့လည်း ချက်ချင်း သတင်းထွက်ပေါ်လာရာသို့ လိုက်လံ၍ စုံစမ်းရာ ၄င်း ယေရှုအမည်ရှိသော ပုဂ္ဂိုလ်မှာ လူကောင်း သူကောင်း တစ်ဦးဖြစ်သဖြင့် အရေးယူရန် အကြောင်းမရှိဟု အထက်အာဏာပိုင်များထံသို့ အစီရင်ခံကြ၏ ။
သို့သော် ရဟူဒီ ဂျူး ယဇ်ပရောဟိက် လူကြီးများသည် ယေရှုအား ဂျူးကျွန်များနှင့် ဆင်းရဲသားများက ကြည်ညိုနေသည်ကို မလိုမုန်းထားကာ ဖမ်းဆီးဖို့ရန် ကြံကြလေ၏ ။
တစ်နေ့တွင် ယဇ် ပရောဟိတ်မင်း ကရာဖ ၏တပည့် ၁၂ ယောက်တို့သည် ဓါးတုတ်တို့ ကိုင်ဆောင်ကာ ရောက်ရှိလာပြီး ယေရှုအား ဝိုင်းဝန်းဖမ်းဆီးကြလေသည် ။ ထို့နောက် သူတို့ဆရာ ကရာဖ ထံ ခေါ်ဆောင်သွား၏ ။ ၄င်းနောက်တွင် ကရာဖက ယေရှုအား သတ်ရန် ကြိုးချည်နှောင်၍ နာဇရက်မြို့ဝန်မင်း ပုန္တိပိလတ် ထံသို့ ပို့ဆောင် အပ်နှင်းကြသည် ။
မြို့ဝန်မင်း ပိလတ်က ယေရှုအား သင်သည် ယုဒရှင်ဘုရင် မှန်သလောဟု မေးလျှင် ယေရှုက မင်းကြီးမေးသည့်အတိုင်း မှန်သည်ဟု ပြောလေ၏ ။ ထိုအခါ၌ ယဇ်ပရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့က ယေရှုအား ဝိုင်း၍ အပြစ်တင်ကြသော်လည်း ယေရှုက တစ်ခွန်းမှ ပြန်မပြောပေ ။ ပိလတ်မင်းက . . .
သင့်အထက်၌ အဘယ်မျှလောက် သက်သေခံကြသည်ကို သင်မကြာားသလော ဟု မေးသော်လည်း စကားတစ်ခွန်းမှ ပြန်မပြောသည်ကို ပိလတ် အံ့သြမိလေသည် ။
ထိုပွဲ၌ မြို့ဝန်မင်း ပိလတ်သည် အကျဉ်းထားသောသူတို့တွင် လူအများတို့အလိုရှိသော လူတစ်ယောက်ကိုလွှတ်ပေးရမြဲ ထုံးစံရှိသည် ။
ထိုအခါ အကျဉ်းထားသော သူတို့ထဲ၌ ဗာရမ္ပ အမည်ရှိ ကျော်ဇောသူ တစ်ယောက်ရှိ၏ ။လူအများစည်းဝေးမိကြလျှင် ပိလတ်မင်းက သင်တို့သည် ဗာရမ္ပနှင့် ယေရှုကို အဘယ်သူအား လွှတ်ပေးစေချင်သနည်းဟု မေးလေ၏ ။
အဘယ်ကြောင့်ဆိုသော် ပိလတ်မင်းသည်ထိုသူတို့က မနာလိုသောစိတ်နှင့် ယေရှုကို ဖမ်းဆီးအပ်နှံကြောင်း သိသဖြင့် မေးမြန်းခြင်းဖြစ်သည် ။
ထိုမှတစ်ပါး တရားပလ္လင်ပေါ်ထိုင်စဉ် အမျိုးသမီးတစ်ယောက်က ၄င်းခင်ပွန်း ယောက်ျားတစ်ယောက်ကိုလွှတ်၍ ထိုဖြောင့်မတ်သောသူကို အဘယ်သို့မျှ မပြုပါနှင့် ။ ယနေ့ပင် ကျွန်မသည် ထိုသူကြောင့် အိပ်မက်ပြင်းစွာ ခံစားရပြီဟု မှာလိုက်၏ ။
ထိုအခါ လူစုလူဝေးတို့သည် ဗာရမ္ပကို လွှတ်ပေးရန် တောင်းဆိုကြ၍ ယေရှုကို သတ်ရန် ဇ်ပရောဟိတ်အကြီးအကဲတို့နှင့် လူအကြီးအကဲတို့အားလည်းကောင်း အခြာစလူများကိုလည်းကောင်း တိုက်သွန်းသွေးဆောင်ကြလေသည် ။ ထိုကြောင့် မြို့ဝန်မင်း ပိလတ်က ဤသူနှစ်ယောက်တို့တွင် ဘယ်သူ့ကို သတ်စေချင်သနည်းဟု ထပ်မံမေးသောအခါ ဗာရမ္ပကိုလွှတ်စေချင်ပါသည် ဟု လျှောက်ကြသည်ဆို၏ ။ ပိလတ်လည်း သို့ဖြစ်၍ ခရစ်ဟုခေါ်သော ယေရှုကို အဘယ်သို့ ပြုရမည်နည်းဟု ထပ်မေးပြန်သော် လူအပေါင်းတို့က ထိုသူသည် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ခံရပါစေလော့ဟု ဆိုကြသည် ။
ပိလတ်သည် အဘယ်ကြောင့်နည်း အဘယ်အမှုကို ပြုသနည်းဟု မေးလျှင် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ခံရပါစေဟုသာ ထပ်၍အော်ကြသည် ။ ထို့နောက် ပိလတ်သည် လူအများပင် ရှုန်းရင်းဆန်ခတ်ဖြစ်လာသည်ကို တွေ့ရသဖြင့် ဗာရမ္ဗကို လူအများ အရှေ့၌လွှတ်၍ ယေရှုကိုကား သတ်ရန်အပ်လိုက်လေသည် ။
သတ်ရန်နေရာသို့ရောက်လျှင် ယေရှုကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပြီး ၄င်း ဘေးနှစ်ဘက်တွင် ဓါးပြ တစ်ယောက်ဆီကို လက်ဝါးကပ်တိုင်၌ ကပ်ထားသည် ဆို၏ ။
ယေရှုသေသောအခါ ဗိမာန်တော်၏ ကန့်လန့်ကာသည် အထက်စွန်းမှ အောက်စွန်းသို့ တိုင် တွဲကျ၍ မြေကြီးလည်း လှုပ်၏ ။ကျောက်များတို့သည်လည်း ကွဲပြားကြ၏ ။ ထို့နောက် သင်္ချိုင်းတို့သည် ပွင့်လှစ်သဖြင့် ကျိန်းစက်လျက်ရှိသော သန့်ရှင်းသူတို့၏ အလောင်းများစွာတို့သည် ထကြ၍ ကိုယ်တော် ရှင်ပြန်ထမြောက်တော်မူသည့်နောက် ထိုသူတို့သည် သင်္ချိုင်းအတွင်းမှထွက်၍ သန့်ရှင်းသော မြို့ထဲသို့ ဝင်ကြပြီးလျှင် လူများစွာတို့အား ထင်ရှားစွာ ပြကြသည်ဆို၏ ။
ယေရှုကိုစောင့်သော တပ်သားတို့မှာလည်း မြေကြီးလှုပ်ခြင်း စသည်တို့ကိုမြင်သဖြင့် အလွန်ထိတ်လန့်ကြ၍ စင်စစ် ဤသူသည် ဘုရားသခင်၏သားတော် မှန်ပေ၏ဟု ဆိုကြ၏ ။
ယေရှုသေပြီး ညအချိန်ရောက်သောအခါ မသဲမြို့သား ယောသပ်သူဌေးသည် ယေရှု၏ တပည့်ဖြစ်သူနှင့် မြို့ဝန် ပိလတ်ထံသွား၍ ယေရှုအလောင်းတော်ကို တောင်း၏ ။ ပိလတ်က ခွင့်ပြုသဖြင့် ယေရှုအလောင်းကို ကျောက်တွင်ထွင်းထားသော မိမိသင်္ချိုင်း သစ်ပင်ထဲ၌ ထား၏ ။ ကြီးစွာသော ကျောက်တုံးကြီးကိုလည်း တွင်းဝမှာ ပိတ်ပြီးမှ သွားလေ၏ ။
နောက်နေ့တွင် ယဇ်ပုရောဟိတ်အကြီးနှင့် ဖာရီရှုတို့သည် ပိလတ်မင်းထံ သွား၍ ယေရှုက ငါသည် ၃ ရက်မြောက်သောနေ့၌ ထမြောက်မည်ဟု မသေမီပြောသည်ကို မှတ်မိပါသည် ။ ထို့ကြောင့် သူ့တပည်းတို့သည် သေခြင်းမှ ထမြောက်တော်မူပြီဟု လူအပေါင်းတို့အားဘပြောဆိုကြသော် ရှေ့အမှားထက် နောက်အမှားက သာ၍ကြီးမည်ဟု စိုးရိမ်ရသဖြင့် သင်္ချိုင်းအတွင်းသို့ သုံးရက်မြောက်အောင် လုံခြုံစွာ စောင့်ခွင့်ပြုပါဟု လျှောက်၏ ။
ပိလတ်က သင်တို့၌ လူစောင့်တစ်တပ်ရှိ၏ ။ သွားကြ ။ တက်နိုင်သမျှအတိုင်း လုံခြုံစွာ စောင့်စေဟု ဆိုသဖြင့် ထိုလူတို့လည်းသွား၍ ကျောက်ကို တံဆိမ်ခပ်ပြီးလျှင် စောင့်ထားလျက် သင်္ချိုင်းတွင်းတော်ကို လုံခြုံစွာ ပြုကြသည်ဆို၏ ။
ယေရှုကိုသတ်သည်မှာ ဥပုသ်နေ့ဖြစ်၏ ။ ထိုဥပုသ်နေ့ နောက် ၇ ရက် မြောက်သည့်နေ့တွင် ပထမနေ့ရက် မိုးလင်းအံ့ဆဲဆဲတွင် မာဂဒါလမာရိနှင့် အခြားသော မာရိသည် သင်္ချိုင်းတော်ကို အကြည့်သွားကြသည် ။ ထိုအခါမြေကြီးသည် ပြင်းစွာလှုပ်လေ၏ ။ အကြောင်းမူကား ထာဝရ ဘုရားသခင်၏ ကောင်းကင်တမန်သည် ကောင်းကင်ဘုံမှ ဆင်းလာ၍ တွင်းဝ၌ ပိတ်ထားသော ကျောက်ကို လှိမ့်လှန်ပြီးလျှင် ထိုကျောက်ပေါ်၌ ထိုင်နေ၏ ။
သူ၏မျက်နှာသည် လျှပ်စစ်ကဲ့သို့ထင်ရ၏ ။ အဝတ်သည်လည်း မိုးပွင့်ကဲ့သို့ ဖြူ၏ ။ လူစောင့်တို့သည် ကောင်းကင်တမန်ကို ကြောက်သဖြင့် တုန်လှုပ်၍ သေမတက် ဖြစ်ကြကုန်၏ ။
ထိုအခါ ကောင်းကင်တမန်က ကြောက်ရွံ့ခြင်း မရှိကြနှင့် ။ လက်ဝါးကပ်တိုင်မှာ သတ်သော ယေရှုကိုသင်တို့ရှာသည်ကို ငါသိ၏ ။ ဤအရပ်၌မရှိ။ မိန့်တော်မူသည့်အတိုင်း ထမြောက်တော်မူပြီ ။ အလျင်အမြန်သွား၍ သေခြင်းမှ ထမြောက်တော်မူကြောင်းကို တပည့်တော်တို့အား ပြောကြလော့ ။ သင်တို့သည် ထိုပြည်၌ တွေ့ကြရလိမ့်မည်ဟု ဆိုလေသတည်း။ ( ဓမ္မသင်စာ - ၂၇ l ၂၈ )
ဤသို့ဖြင့် ယေရှု ကွယ်လွန်သွားသော်လည်း ခရစ်ယာန်သာသနာကား ကျန်ရစ်ခဲ့၏ ။ ဆင်းရဲသား ခရစ်ယာန်ဘာသာဝင်တို့က ကျွန်ပိုင်ရှင်စနစ်ကို ဖျက်သိမ်းပြီးလျှင် လူလူချင်း အခွင့်အရေးတန်းတူ ခံစားသင့်ကြောင်း ဟောပြောလာကြသည် ။
ကျွန်ပိုင်ရှင် လူတန်းစားတို့၏ အုပ်စိုးမှုစနစ်ကိုလည်း ဆန့်ကျင်ရန် လှုပ်ဆော်ကြသည် ။ ထိုအခါ အုပ်စိုးသူ ကျွန်ပိုင်ရှင်တို့က ခရစ်ယာန် ဘာသာဝင်တို့ကို ဖမ်းဆီး၍ အမျိုးမျိုးနှိပ်စက်ကြ၏ ။ ခရစ်ယာန်ဘာသာဝင်တို့၏ တော်တော်လှန်ရေးဝါဒမှာ အကြမ်းမဖက်ပဲ သည်းခံမှုသက်သက်ဖြင့် ဘုရားကိုတိုင်တည်ဆုတောင်းရေးဝါဒဖြစ်သည် ။
ထိုကြောင့် အုပ်စိုးသူ ကျွန်ပိုင်ရှင်တို့၏ ရက်စက်စွာ ဖိနှိပ်ညှင်းဆဲမှုအောက်တွင် ခရစ်ယာန်ဘာသာဝင်တို့ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရ၏ ။
ရဟူဒီ ဂျူးတို့သည် ဘာသာတရား၏ အဆုံးအမတွင် သက်ဝင်ယုံကြည်နေမှုကြောင့် လွတ်လပ်သော ဆင်းရဲသားများနှင့် ကျွန်တို့၏ အကြားတွင် ခရစယာန် သာသနာကား ပျောက်ကွယ်၍ မသွားခဲ့ပေ ။
ထို့ကြောင့် အေဒီ ၁ ရာစုတွင် ရောမနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်း မှာ ကျွန်တို့သည် သခင်တို့က ဖိနှိပ်ခဲ့သောကြောင့် အလုပ်အပေါ်စိတ်ဝင်စားမှုမရှိဖြစ်ရကား အာဏာများဖီဆန်မှုတို့ကြောင့် ရောမကုန်ထုတ်လုပ်ငန်းသည် ပိုမိုကျဆင်းသွားခဲ့သည် ။
ကိုလိုနီ မြေယာစနစ်ဖြစ်သော လာတီဖွန်ဒီယာ ခေါ် ကျယ်ဝန်းသော လယ်ယာမြေကွက်ကြီးများကို အစိတ်စိတ်ခွဲဝေကာ ကျွန်များအား လုပ်ကိုင်စားသောက်စေ၏ ။ မည်သို့ပင်ဖြစ်စေ ကျွန်ပိုင်ရှင်စနစ်ကြီး၏ ယိမ်းယိုင်လာခြင်းကို တားဆီး၍ မရနိုင်ရကား အေဒီ ၁ ရာစုမှစ၍ ရောမတို့သည် အကျပိုင်းခေတ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပေသည် ။
ခရစ်ပေါ်ပြီး အေဒီ ၃၁၁ ခုနှစ် ဂါလီရီယှစ် ဘုရင်လက်ထက်၌ ခရစ်ယာန်ဘာသာ ကိုးကွယ်မှုကို ရောမအစိုးရက အသိအမှတ်ပြုလိုက်သည် ။ အေဒီ ၃၂၃ ခုနှစ် ကွန်စတန်တိုင် ဘုရင်လက်ထက်၌ ခရစ်ယာန်ဘာသာကို နိုင်ငံတော်၏ ဘာသာအဖြင့် ပြဋ္ဌာန်အတည်ပြုလိုက်ကြကြောင်း လေလြာတွေ့ရှိချက်များအား အတက်နိုင်ဆုံး စုံလင်ရှင်းလင်းစေရန် ရေးသားတင်ပြလိုက်ပါတယ်ခင်ဗျာ ။
မှတ်ချက် ။ ။
ရောမအင်ပါယာတွင် ခရစ်နှစ် အေဒီ ၁၀၈ ခုနှစ်၌ နန်းတက်သော မာကုစ်သြရီလီယုစ် လက်ထက်တွင် မြန်မာနိုင်ငံ ပုဂံခေတ်၌ ပြူစောထီးမင်းက နိုင်ငံ၏ ဘေးရန်များကို ဖျက်ဆီးတွန်းလှန်၍ နန်းတက်သည် ။ မြန်မာနိုင်ငံ ပုဂံခေတ်တွင် ကြောင်ဒူရစ်မင်း အုပ်စိုးသော အချိန်ဖြစ်သည် ။
ထိုအချိန်တွင် ရှင်မဟာဗုဒ္ဓဃောသသည် သီဟိုဠ်ကျွန်းသို့ သွား၍ ပိဋကတ်သုံးပါး မာဂဓဘာသာဖြင့် ရေးကူးပြီးလျှင် သထုံပြည်သို့ ဆောင်ယူခဲ့သော အချိန်ကာလဖြစ်သည် ။
ဗဟုသုတ တိုးပွားကြပါစေခင်ဗျာ ။

တစ္ဆေသင်္ဘော
တစ္ဆေသင်္ဘော
----
ရှင်းလင်းချက်မပြနိုင်တဲ့ ဖြစ်ရပ်များဟာ ကမ္ဘာတစ်ဝန်းလုံးမှာ များပြားလှစွာ ဖြစ်ပျက်လျက်ရှိကြပါတယ်။ အဲ့ဒါအပြင် အဲ့ဒီ့ဖြစ်ရပ်များက မြေကမ္ဘာပေါ်တာမကပဲ ကမ္ဘာကြီးကို ဖုံးလွှမ်းတည်ရှိနေတဲ့ သုံးပုံ နှစ်ပုံအချိုးရှိနေသော ရေထုထဲမှာပါ ဖြစ်ပေါ်လျက်ရှိပါတယ် ။ အလွန်ထူးခြားချက်တစ်ခုကတော့ စီးသူမဲ့ မောင်းသူမဲ့ပြီး ရွှတ်လွှင့်နေတဲ့ ကြီးမားသော တစ္ဆေသဘောင်္များကို လူအများဟာ မကြာခဏ တွေ့နေရတာပါပဲ ။ အချို့ဖြစ်ရပ်တွေက သင်္ဘောပေါ်လိုက်ပါသွားတဲ့ ကပ္ပတိန်မှအစ သင်္ဘောသားအားလုံး အလွန်ထူးဆန်းစွာ အစအနပါမကျန် ပျောက်ဆုံးသွားတက်ခြင်းပါပဲ ။ အဲ့ဒီ့အထဲမှ "သည်ဖလိုင်းယင်းဒပ်ခ်ျမင်းန် " ဆိုတဲ့ သင်္ဘောကတော့ ဒဏ္ဍာရီအရ ကောင်းကင်ဘုံရဲ့ ကျိမ်စာတိုက်ခံရကာ တစ္ဆေသင်္ဘောဘဝကို ရောက်သွားပါတယ်ဆိုတာလဲ တစ်ချက်အပါဝင်ဖြစ်တယ် ။
သင်္ဘောသားများအတွက် နိမိတ်ဆိုးလို့ လူပြောများလှတဲ့ ယင်းဒပ်ခ်ျမင်းန် ခေါ် တစ္ဆေသင်္ဘော မြင်တွေ့ရပါတယ်ဆိုပြီး သတင်းပို့မှုများလဲ ကမ္ဘာတလွှားမှာ အမြောက်အများ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲ့ဒီ့အတွက် တစ္ဆေသင်္ဘောလို့ ယူဆစရာအချက်များနဲ့ ဆက်စပ်လျက်ရှိတဲ့ သင်္ဘောများကို ကမ္ဘာမှာ The Flying Dutchman လို့ အခေါ်အဝေါ်ရှိခဲ့တယ် ။ အဲ့ဒီ့ နစ္ဆေသင်္ဘောဖြစ်ပေါ်လာပုံဇာတ်လမ်းဟာ အာဖရီကတိုက်ထိပ်စွန်း ဂွတ်ထ်ဟုပ်ပ် အငူမှ စတင်ခဲ့တယ် ။
၁၇၂၉ ခုနှစ်ဖြစ်တယ် ။ The Flying Dutchman အမည်ရှိတဲ့သင်္ဘောတစ်စီးရှိခဲ့ပါတယ်။ ကပ္ပတိန်က ဟင်းဒရစ်ဗင်ဒါဒစ်ကင် ဖြစ်တယ် ။ သူဟာ စိတ်ကြမ်း လူကြမ်းနဲ့ အမြဲတမ်း အရက်မူးပြီး အောက်လက်ငယ်သားများကို သနားကြင်နာခြင်းကင်းမဲ့တဲ့သူလဲဖြစ်တယ် ။ အမ်စတာဒမ် မြို့ကိုသွားတဲ့ တစ်ခုတည်းသော ခရီးလမ်းစဉ်မှာ သင်္ဘောက အာဖရိကတိုက် အစွန်းမှာရှိတဲ့ ဂွတ်ထ်ဟုပ်ပ် အငူကို ပတ်ပြီး ရွက်လွှင့်လျက်ရှိပါတယ် ။ အဲ့ဒီ့အချိန်မှာ ပြင်းထန်တဲ့ မုန်တိုင်းတစ်ခု တိုက်ခတ်လာခဲ့တယ် ။ ကြီးမားပြီး ကြောက်စရာကောင်းလောက်အောင် ပြင်းးထန်တဲ့ မုန်းတိုင်းကြောင့် အလွန်ကြီးမားတဲ့ လှိုင်းလုံးကြီးတွေဟာလဲ ဖြစ်ပေါ်လာတော့တယ် ။ အကြောက်တရားကင်းမဲ့တဲ့ကပ္ပတိန်က လှိုင်းဒဏ်က လွတ်ဖို့ကို မကြိုးစားပဲ အရက်ချည်း သောက်နေခဲ့ပါတယ် ။ ဆေးတံဖွါရင်း ညစ်ညမ်းတဲ့ သီချင်းတွေကိုလဲ အော်ဆိုနေခဲ့တယ် ။ သင်္ဘောသားများကနီးစပ်ရာကမ်းကိုကပ်ဖို့ တောင်းဆိုကြသော်လဲ သူဟာ ဆူပူကြိမ်းမောင်းပြီး ရွက်ကို ဆက်လွှင့်ခဲ့တယ်။ နောက်ဆုံး အခြေအနေဆုံးကိုရောက်တဲ့အခါမှာတော့သင်္ဘောသားအများစုဟာ ဆန့်ကျင်ပုန်ကန်လာတော့ပါတယ် ။ အဲ့အခါမှာ သူဟာ ဆန့်ကျင်သူမှန်သမျှကို သေနတ်နဲ့ပစ်သတ်ပြီး ရေထဲ ပစ်ချလိုက်တယ် ။ မုန်တိုင်းဖန်တီးသူ နတ်ဆိုးတွေကို ရည်ရွယ်ပြီး အော်ဟစ်ဆဲရေးကာ " မုန်တိုင်းဘယ်လောက်တိုက်တိုက် သေသည်အထိ ဒီကျွန်းကို ပတ်မယ် " လို့ ကြွေးကျော်လိုက်တယ် ။
ထိုအခါမှာ အုံ့ဆိုင်းနေတဲ့မိုးသားများက နှစ်ခြမ်းကွဲပြီး ကောင်းကင်ကနေ အလွန်ကျယ်လောင်တဲ့ အသံနက်ကြီးနဲ့ " သင်ကား အလွန်ခေါင်းမာသော သူဖြစ်တော့တယ် " လို့ ဆိုသံကြားရတယ် ။ အဲ့အခါ သူက " ငါ ဘယ်တုန်းကမှ ငြိမ်းချမ်းသာယာသော ခရီးလမ်းဖြစ်ပါစေလို့ ဆုမတောင်းဘူး ။ ဒီ့အပြင်လဲ ငါ ဘာကိုမှ ဆုမတောင်းဘူး ။ ဒါကြောင့် နင့်ကိုပါ ပစ်မသတ်ခင် မုန်တိုင်းကို ချက်ချင်း ရပ်စဲလိုက် " လို့ အသံရှင်ကို အော်ပြောရုံတာမက သေနတ်နဲ့ချိန်ပြီး ပစ်လိုက်ပါတော့တယ် ။ ဒါပေမယ့် သေနတ်က ကြေဆံမထွက်ပဲ လက်ထဲမှာပဲ ပေါက်ကွဲသွားတော့တယ် ။
အဲ့ဒီ့အခါ အသံရှင်က " သင်ဟာ ခေါင်းမာသူပဲ ။ သင်ခေါင်းမာတဲ့ အကျင့်နဲ့လိုက်အောင် အခု ပြည့်ဝစေတော့မယ်။သြင် မုန်တိုင်ထဲမှာ ထာဝရ ရွက်လွှင့်နေရမယ် ။ သင့်သင်္ဘောသားများဟာသေသူတစ္ဆေများဖြစ်ရမယ် ။ သင့်သင်္ဘောကိုမြင်သူတိုင်းလဲ ကြမ္မာဆိုးများနဲ့ တိုးစေရမယ် ။ သင်လဲဘယ်တော့မှ ငြိမ်းချမ်းသာယာတဲ့ ကမ်းကိုမကပ်နိုင်ပဲ အစဉ်ထာဝရ ရိုင်းစိုင်ယုတ်မာတဲ့ အကျင့်နဲ လျော်ညီစွာ အရာအားလုံး သံထွေခဲကဲ့သို့ ပူလောင်စေရမယ် " လို့ ပြောပြီး အသံရှင်ဟာ ပျောက်ကွယ်သွားခဲ့တော့တယ် ။
အဲ့ဒီ့ ဒဏ္ဍာရီဟာ အခုတော့ တကယ်ဖြစ်လာခဲ့ပါပြီ ။ ကမ္ဘာအနှံ့အပြားမှာ ရေကြောင်းခရီးစဉ်တော်တော်များများမှ ပေးပို့ဆက်သွယ်လာတဲ့ သတင်းများနဲ့ တွေ့ကြုံရခြင်းများဟာ အင်မတန်မှ စိတ်တုန်လှုပ်ချောက်ခြားဖွယ်များ ဖြစ်နေခဲ့ပါပြီ ။ တစ်ခါတစ်ရံ သင်္ဘောတစ်စင်းကို ကောင်းကင်ယံမှာ ဇောင့်ထိုးသဏ္ဍာန်ဖြစ် တွေ့ရှိရခြင်း အဝေးမှ ရွက်အနီကြီးလွှင့်ကာ လှိုင်းလေအကြား သွားလာနေခြင်း အစရှိတာတွေအပြင် အင်္ဂလန်ဘုရင်မင်းမြတ် ဂျော့ခ်ျ (၅ ) ငယ်စဉ်ဘဝကပင် ရေကြောင်းခရီးတစ်ခုရဲ့ မှတ်တမ်းတစ်ခုမှာ ရွက်တိုင်အနီးနှင့် တောက်ပနေသော သင်္ဘောတစ်စင်းဟာ သူတို့ရဲ့ ကိုက်နှစ်ရာ လောက်က ခုန်မောင်းနှင်သွားခြင်းကို ထင်ထင်ရှားရှား တွေ့ခဲ့ရကြောင်းဆိုပါတယ် ။ ထို့အတွက် အခုအခါမှာ တစ္ဆေသင်္ဘောကို တွေ့ရင် ကံမကောင်းခြင်းကနေ ကံကောင်းခြင်းဖြစ်အောင် မြင်းခွါသံကို ရွက်တိုင်မှာရိုက်ပြီး တန်ပြန်ကြပါတယ်လို့ ဒီလိုအယူအဆတွေလဲ ဖြစ်ပေါ်လာခဲ့ပါတယ် ။
သို့သော် အဖြေတွေကို ရှာဖွေတွေ့ရှိခဲ့ပေပြီလားဟု ဆိုရမလောက်ပဲဖြစ်ပါတယ် ။ အဲ့ဒါကတော့ သိပ္ပံဘက်ကနေ ဆိုတာပဲဖြစ်ပါတယ် ။ သူတို့အဆိုမှာ အဲ့ဒီ့ သင်္ဘောဟာ တစ္ဆေသင်္ဘောမဟုတ်ပဲ အလင်းရောင်များရဲ့ အမြင်လွှဲမှားခြင်းတာဖြစ်ကြောင်း ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။ မြင်ရတဲ့ ပုံရိပ့်များဟာ တစ္ဆေပုံရိပ့်များမဟုတ်ပဲ သဘောဝအတိုင်း ရေပြင်နဲ့ ဖန် မှန်များပေါ်မှာ အရိပ့်ထင်သလို တွေ့မြင်ရတယ်လို့ ဒီလိုဆိုပါတယ် ။ ရူပဗေဒဆိုင်ရာ အလင်းပညာရပ်မှာ လေထုအတွင်း ကြားခံနယ်များ သိပ့်သည်းမှု မတူညီတဲ့အတွက် အဲ့ဒီ့ ကြားခံနယ်ပယ်များကို ဖြတ်သန်းတဲ့အခါ အလင်းယိုင်ခြင်းများ ဖြစ်ပေါ်စဉ် ပုံရိပ့်များက တလွှဲအမှား ထင်ပေါ်နေခြင်းဖြစ်ပါတယ် ။ ဒါပေမယ့် အချို့ အယူအဆအရ သင်္ဘောကို ဇောက်ထိုးပုံစံပေါ်ထင်နေတာမျိုးတာမက အတည့်ပုံစံမျိုးတွေလဲ မြင်ရပါတယ်လို့ ဆိုပါတယ် ။ အထက်က သိပ္ပံလေ့လာချက်ဟာ အလင်းယိုင်ခြင်းကို ဇောက်ထိုးပုံပေါ်ခြင်းအတွက် အဖြေထုတ်ခြင်းဖြစ်ပါတယ် ။ ထိုအတည့်အတွက်လဲ အလင်းယိုင်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ တံလျှပ်များလို့ ဆိုပါတယ် ။ အဲ့ဒီ့ တံလျှပ်များဟာ ကန္တာရလိုနေရာမျိုးမှာပင် အပူလှိုင်းတွေကို မြေပြင်မှာ မြင်တွေ့နေရစဉ် သဲတောင်ပြင်အတိုင်း မတွေ့ရတက်ပဲ ရေပြင်ကျယ်ကြီးတစ်ခုအနေဖြင့်ပင် အမြင်ကို မှားယွန်းစေနိုင်တယ်လို့ဒီလိုဆိုပါတယ် ။ သို့သော်လဲ ထိုကဲ့သို့ ပုံရိပ်တွေဟာ ကမ္ဘာတစ်လွှား ခဏခဏ ဆိုသလို ရေကြောင်းခရီးစဉ်များမှ သတင်းပေးပို့ခြင်းကို ကြားနေရမြဲဖြစ်ပါတယ် ။ ပင်လယ်၏ လှည့်စားခြင်းလော အလင်းယိုင်ခြင်းလော ကျိန်စာမိသင်္ဘောရဲ့ ခြောက်လှန့်ခြင်းလော ။ မည်သို့ မည်ပုံရှိတာကို ယခုအချိန်ထိတော့ သီအိုရီအမျိုးမျိုးနဲ့ အဖြေရှာစဲဖြစ်ပါသော်လဲ ထိုအဖြေအသစ်များရှာသလို ထူးဆန်းသော ပင်လယ်ပုံရိပ့်များဟာလဲ အမျိုးမျိုး ဆန်းကျယ်လျက် ရှိနေသေးပါကြောင်း !

Monday, January 11, 2016
မိမိနှင့် ပတ်သတ်ပြီး သေသွားတဲ့အခါ အပြစ်ရှိလား
မိမိနှင့် ပတ်သတ်ပြီး သေသွားတဲ့အခါ အပြစ်ရှိနိုင်လား
-------
သီရိဓမ္မာသောကမင်းကြီးဟာ ဗုဒ္ဓသာသနာကို အကြီးအကျယ် ထောက်ပံ့ပေးသောအခါမှာ တိတ္ထိပရိဗိုဇ်တွေက လာဘ်ငဲ့ပြီး သာသနာထဲ ဝင်ရောက်လာခဲ့ပါတယ် ။ သူတို့အယူအတိုင်းပဲ ပြုမူပြောဟောကြတယ် ။ ဥပုသ်ပဝါရဏာကံပြုရာမှာလဲ သူတို့ဟာ အတင်း ဝင်ရောက်လာကြတယ် ။ ဒါကြောင့် ရဟန်းကောင်းတွေဟာ ကံကြီး ကံငယ်မပြုလိုတဲ့အတွက် အဲ့ဒီ့တုန်းက ပါဋလိပုတ်ပြည် အသောကာရုံကျောင်းတိုက်မှာ ခုနှစ်နှစ်တိုင်တိုင် ဥပုသ်မပြုဘဲ ပြတ်နေပါတယ် ။ အဲ့တော့ အာသောကမင်းကြီးဟာ ကျောင်းတိုက်သွားပြီးတော့ အဓိကရုဏ်းကို ငြိမ်းစေပြီး ဥပုသ်ပြုစေရမယ်လို့ အမတ်တစ်ယောက်ကို စေလွှတ်လိုက်ပါတယ်။
အဲ့ဒီ့အမတ်ဟာ အဓိကရုဏ်းလုပ်ဖို့ဆိုတာတော့ သူက နားမလည်ဘူး ။ ဥပုသ်ပြုစေရမယ်ဆိုတာလောက်တာ နားလည်ပြီးတော့ ကျောင်းတိုက်ကို သွားပါတယ် ။ ဒီတော့ ရဟန်းကောင်းတွေက ငါတို့ဟာ တိတ္ထိတွေနဲ့ ရောပြီးတော့ ဥပုသ်ပြုလို့ မသင့်ဘူး ။ ဥပုသ်ပြုတယ်ဆိုတာ ရဟန်းစစ်တွေ အချင်းချင်းသာ စည်းဝေးပြီး ပြုရပါတယ် ။ အဲ့ဒီ့အထဲမှာ အာပတ်သင့်တဲ့ ( အပြစ်ရှိတဲ့ ) မစင်ကြယ်တဲ့ ရဟန်းများရှိရင်လဲ စင်ကြယ်အောင် ကုစားဆုံးမရပါတယ် ။ အားလုံးစင်ကြယ်ပြီလို့ ယုံကြည်ရတဲ့အခါမှာသာ ဥပုသ်ကံကို ပြုကြရပါတယ် ။ ရဟန်းမဟုတ်တဲ့ တိတ္ထိတွေနဲ့ ရောပြီး ပြုမူလို့ ဘယ်ဖြစ်ပါ့မလဲပေါ့ ။ ဒါကို အမတ်ဖြစ်သူဟာ အထင်လွှဲပြီး မင်းအမိန့်အာဏာကို ဖီလာဆန့်ကျင်တယ်ထင်ပြီးတော့ ငြင်းဆန်တဲ့ ရဟန်းကောင်းတွေကို ဓါးနဲ့ ခုတ်သတ်ခဲ့ပါတယ် ။ အဲ့ဒါကို မင်းရဲ့ ညီတော် အိမ်ရှေ့မင်းအဖြစ်မှ ရဟန်းပြုလာတဲ့ တိဿမထေရ်က မြင်တဲ့အခါ " မင်းကတော့ ဒီလိုခိုင်းမှာ မဟုတ်ပေဘူး ။ ဒီအမတ်အထင်လွှဲမှားပြီး ပြုမူတာ ဖြစ်ပါလိမ့်မယ် " လို့ ယူဆမိလေတော့ အဲ့ဒီ့ အမတ်အနီးမှာ ရုတ်တရပ်သွားပြီး ထိုင်နေလိုက်ပါတယ် ။ အမတ်လဲ ရဟန်းကို မှတ်မိတာနဲ့ ပြုမူတာတွေကို ရပ်တန့်ပြီး မင်းကြီးဆီ သူဆောင်ရွတ်ခဲ့တာတွေကို အစီရင်ခံတယ် ။ အဲ့ဒီ့အခါ ဘုရင်မင်းမြတ်ဟာ အကြီးအကျယ် သံဝေဂဖြစ်သွားခဲ့ပါတယ် ။ အဲ့ဒီ့ ကိစ္စအတွက် မိမိမှာ အပြစ် ရှိ မရှိ သံသယရှိလို့ မေးမြန်းလျှောက်တဲ့အခါ မပြီး မပြတ်နိုင်ပဲ ဖြစ်နေတယ် ။ နောက်ဆုံးတော့ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်ကို ပင့်ပြီး မေးလျှောက်ခဲ့ရတယ် ။ အဲ့ဒီ့တော့ မထေရ်က " မင်းကြီး သင့်မှာ အမတ်ကိုသွားပြီး ရဟန်းတွေကို သတ်ပါစေလို့ ဒီလို စိတ်စေတနာ ရှိပါသလား " လို့ မေးပါတယ် ။ အဲ့ဒီလို စိတ်မျိုးမရှိကြောင်း မင်းကြီးက ပြန်လည်လျှောက်တဲ့အခါ ဒီလို စိတ်စေတနာမရှိလျှင် အပြစ်မရှိကြောင်း အဆုံးအဖြတ်ပေးတော်မူပါတယ် ။ အထောက်အထား သာဓကကို -
ရဟန်းတို့ ငါဘုရားသည် မည်သို့ ဖြစ်စေဟု ရည်ရွယ်တိုက်တွန်းသော စေတနာကို ကံဟူ၍ ဟောပေ၏ ။ မည်သို့ ဖြစ်စေဟု ရည်ရွယ်တိုက်သွန်း၍ အမှုကံကို ကိုယ် နှုတ် စိတ်ဖြင့် ပြု၏ ဆိုတဲ့ ဘုရားဟောကို ထုတ်ပြခဲ့ပါတယ် ။ ဒါကြောင့် စေတနာ မပါသော အမှုမျိုးတွေ များစွာ ရှိတက်တာကို သံဝေဂအဖြစ်တာ ယူစေပြီး သေစေလိုတဲ့ စေတနာမရှိရင် မတော်တဆ သူ့ဟာသူ သေသွားလဲ အပြစ်မရှိလေတာကို ဒီနေရာမှာ မှတ်သားစရာတစ်ခုဖြစ်ကြောင်း ဆိုလိုခြင်းဖြစ်ပါတယ်ခင်ဗျာ ။
အကျိုးကျေးဇူး များကြပါစေခင်ဗျာ ။

အို နာ သေ ကိုလေ့လာခြင်း !
အို နာ သေ ကိုလေ့လာခြင်း !
------------------------------
" ရဟန်းတို့ ငါသည် ဘုရားမဖြစ်မှီအရွယ်က ဤသို့အကြံဖြစ်၏ ။ မသိနားမလည်သော သာမန်လူသည် မိမိကိုယ်တိုင် တစ်နေ့တွင် အိုရအုန်းမည် ဖြစ်ပါလျက် သူအိုတစ်ဦးကိုမြင်လျှင် စိတ်မသက်မသာ စက်ဆုပ်ရွ့ရှာခြင်း ဖြစ်တက်၏ ။ ငါသည် ဤသို့ဖြစ်ရန်မသင့်လျော်ပါတကား ။ ဤသို့တွေးတောရင်း ငါ၏ ပျိုမျစ်သောအရွယ်၌ တက်ကြွနေသောစိတ်သည် ကျဆင်းကွယ်ပျောက်ခဲ့၏ "
" ရဟန်းတို့ ငါသည် ဘုရားမဖြစ်မီအရွယ်က ဤသို့အကြံဖြစ်၏ ။ အဘယ်ကြောင့်ငါသည် ဇာတိသဘောရှိသည်ဖြစ်ပါလျက် အိုခြင်း နာခြင်း သေခြင်းသဘောရှိသည်ဖြစ်ပါလျက် ညစ်ညူးခြင်းသဘောရှိသည်ဖြစ်ပါလျက် ထိုညစ်ညူးခြင်းသဘောကိုသာလျှင် ရှာဘိသနည်း ။ ငါသည် ဇာတိမရှိရာ မအို မနာ မသေရာ မြတ်သောနိဗ္ဗာန်ကို ရှာအံ့ဟူ၍ အကြံဖြစ်၏ "
" ရဟန်းတို့ ငါ့အား ဤသို့အကြံဖြစ်၏ ။ အိမ်ယာထောင်သော လူတို့ဘောင်၌ နေရခြင်းသည် ကျဉ်းမြောင်းကျပ်တည်း၏ ။ မြူမှုန်ထူသော ခရီးနှင့်တူ၏ ။ အိမ်၌နေသောသူသည် စင်စစ် မြတ်သောအကျင့်ကို ကျင့်ရန်မလွယ်ကူချေ ။ ငါသည် ဆံမုတ်ဆိတ်ကိုပယ်ပြီးသော် ဖန်ရည်စွန်းသောအဝတ်ကို ဝတ်ရုံ၍ ရဟန်းပြုရမူ ကောင်းလေစွတကားဟု အကြံဖြစ်၏ "
( မဇ္ဈိမနိကာယ် ။ မဟာသစ္စကသုတ်နှင့် အခြားသုတ်များး )
အထက်ပါတရားတော်များကို ထောက်ချင့်ရပါလျှင်မူ ဗုဒ္ဓမြတ်စွာဘုရားမှာ လူတို့ဘောင်အတွင်း၌ ညစ်ညူးဖွယ်ရာများကို ဆင်ခြင်အောက်မေ့လျက် စိတ်မချမ်းသာခြင်းကို ကြီးစွာ ဖြစ်ခဲ့ကြောင်း ထင်ရှားလေသည် ။
ထိုစိတ်မချမ်းမြေ့ခြင်းကိုအကြောင်းပြု၍ မှန်သောသစ္စာကို ရှာဖွေတွေ့ရှိခဲ့လေရာ လူသားတို့ကိုလည်း လောက၏ ဒုက္ခသံသရာအတွင်းမှ လွတ်မြောက်ဖို့ရာ အတွက်မူ ကယ်တင်ရန်အလို့ငှာ လောကအတွင်း၌ ကျင်လည်ခဲ့ရလေသည် ။
ဇာတိကိုအမှီပြုကာ မှန်သောလမ်းကို လျောက်လှမ်းခဲ့ကြသူများရှိသလို မှားယွင်းသော ဘဝစွဲလမ်းမှုတို့ဖြင့် အတ္တအယူစွဲမြဲသော သူများစွာတို့မှာလည်း အနှံ့အပြားရှိကြလေသည် ။ နာမည်ကျော် ရုပ်ဝါဒီပညာရှင်တစ်ဦးက မိမိသည် အသက်ကြီးလာလေ သေရမည်ကျု ကြောက်လာလေ ဖြစ်သည်ဟု ဝန်ခံရေးသားခဲ့ပြီး ယနေ့ အမေရိကန်နိုင်ငံ၌ အချို့ပုဂ္ဂိုလ်တို့သည် တစ်နေ့သောအချိန်၌ သိပ္ပံပညာက လူသေကို အသက်ပြန်ရှင်အောင် ပြုလုပ်ပေးနိုင်လိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် မိမိတို့သေသောအခါ နဂိုမူလအတိုင်း ခန္ဓာကိုယ် ကြာရှည်လေးမြင့် တည်မြဲနေစေရန် ငွေကြေးအမြောက်အများအကုန်ခံ၍ ကြိုတင်စီမံထားကြသည်ဆို၏ ။ သေမျိုးဖြစ်သော အရာကိုပင် တဏှာ၏ တပ်မက်စွဲလမ်းမှုတို့မှာ အလွန်မှ ကြောက်စရာကောင်းလှပေတော့သည် ။ ထိုအယူမျိုးနှင့် ဆင်တူပင် အီဂျစ်တို့သည်လည်း အသက်ဝိညာဉ်ပေါင်းမိစေရန်အတွက် သူသေခန္ဓာကို ဆေးစိမ်ခြင်းများ ပြုလုပ်ခဲ့ကြဖူးလေ၏ ။
အသက် ၈၈ နှစ်ရှိ အခြားပညာရှင်တစ်ဦးကမူ သူမသေမီ ရက်အနည်းငယ်ခန့်က " လူတို့သည် အလွန်အသက်ကြီးသောအခါ သေမင်းကို ရင်ဆိုင်ရန် မလွယ်ကူပါ ။ လူငယ်များက သက်ကြီးများထက် သေရဲကြပါသည် ။ အသက်ရှစ်ဆယ် ကျော်သောအခါ သတ္တိနည်း၍ သေရန် တွန့်ဆုတ်ကြပါသည် " ဟု ဖွင့်ဟဝန်ခံခဲ့ဖူးလေသည် ။
အနောက်နိုင်ငံဆေးရုံများတွင် သေခါနီးလူနာများကို လေ့လာသော ဆရာဝန်တစ်ဦး၏ အဆိုအားဖြင့် ဆင်းရဲနာကျင်မှု ခံစားကြရသော သူများမှာ အသက်ငါးဆယ်အောက်တွင် ၄၅ ရာခိုင်နှုန်း ။ အသက်ငါးဆယ်နှင့် အသက်ခြောက်ဆယ်အကြားတွင် ၃၂ ရာခိုင်နှုန်းနှင့် အသက်ခုနှစ်ဆယ်ကျော်အရွယ်များ၌ ၁၀ ရာခိုင်နှုန်းရှိ၏ ။ သက်ကြီးများမှာ ဇီဝိတရုပ် အားနည်း၍ ညင်ညင်သာသာအသက်ထွက်ကြ၏ ။ လူငယ်များမှာ ပိုမိုကြံ့ခိုင်သောကြောင့် မြန်မြန်အသက်မထွက်နိုင်ပဲ အသက်မထွက်မီ စောစောကပင် ဆင်းရဲဝေဒနာ ကြာရှည်ခံစားကြရသည်ဆိုကြောင်း ဖတ်ရှုရ၏ ။ ပြင်သစ်ဘုရင် လူဝီ ၁၄ သည်လည်း နတ်ရွာစံခါနီး၌ အနီးရှိ လူများအား " ဟေး . . . မင်းတို့ဘာကြောင့် ငိုနေကြတာလည်း ။ ငါ အမြဲထာဝရ အသက်ရှင်နေလိမ့်မယ်လို့များ မင်းတို့ထင်နေကြသလား ။ သေရတာဟာ အရင်က ငါထင်ခဲ့သလို မဆိုးပါဘူးးကွာ " ဟု တည်ငြိမ်စွာ ပြောကြားခဲ့သည်ဆို၏ ။
ကျွန်ပ်တို့သည်လည်း အိုရပေအုန်းမည် ။ နာရပေအုန်းမည် ။ သေရပေအုန်းမည် ။ ဤမည်ခြင်းများအား မျက်ကွယ်မပြုထားသင့်ပေ ။
xxxxxx
သေခြင်းပွားပုံ
------------------
ဤ အသက်သည် အဘယ်မျှကြာမည်မသိ ။ ယနေ့လော နက်ဖြန်လော နေ့တိုင်းသေနိုင်၏ ။
အဘယ်အနာဖြင့် သေမည်မသိ ။ ကိုယ်တွင်းနာလော ကိုယ်ပနာလော အနာတိုင်းဖြစ်သေနိုင်၏ ။
အဘယ်အချိန်သေမည်မသိ ။ နေ့လော ညဉ့်လော အချိန်မရွေး သေနိုင်၏ ။
အဘယ်နေရာ သေမည်မသိ ။ လမ်း၌လော အိပ်ယာ၌လော နေရာမရွေး သေနိုင်၏ ။
သေပြီးလျှင် အဘယ်ဘဝ ရောက်မည်မသိ ။ ဒေဝဂတိလော တိရိစ္ဆာနဂတိလော ဆုံလည်နွားပမာ ဂတိငါးဖြာ တချာချာလည်နိုင်၏ ။
သူငယ်ချင်းများအားလုံး တစ်ခုသောအသိတရားများ ရရှိနိုင်ကြပါစေခင်ဗျာ ။
အကျိုးကျေးဇူးများကြပါစေ ……

စွယ်တော် သမိုင်းအကျဉ်း
စွယ်တော် သမိုင်းအကျဉ်း
-----------
စွယ်တော်သည် မြန်မာတို့နှင့် သမိုင်းအဆက်ဆက်ပတ်သတ်ခဲ့သည်ဖြစ်သောကြောင့် အကျဉ်းမျှ သိထားရန် လိုအပ်လှပေသည် ။
မြတ်စွာဘုရား ပိရိနိဗ္ဗာန်ပြုပြီးနောက် စွယ်တော်လေးဆူ ကျန်ရစ်ရာ ကိုးကွယ်ထိုက်သူတို့ကား သိကြားမင်း ။ ဂန္ဓစရမင်း ။ နဂါးမင်း ။ ကလိင်္ဂတိုင်း ဒန္တာပူရပြည့်ရှင် ဗြဟ္မဒတ်မင်း တို့ဖြစ်၏ ။
မဟာဝန်ကျမ်းအရ ကလိင်္ဂဘုရင်နှင့် အမတ်ကြီး ဝူဟာစီဝေါတို့က စွယ်တော်ကို မြတ်နိုးပူဇော်ကြ၏ ။ ပုဏ္ဍားများက မလိုလား၍ ဧကရာဇ်မင်း ပဏ္ဍုမင်း ရှေ့၌ပင် စွယ်တော်ကို မီးပုံထဲ ပစ်ချရာ ကြာပန်းအလယ်တွင် စွယ်တော်ပေါ်လာသည် ။ ထို့ကြောင့် " ကြာပန်းအလယ် သူစံပယ် " ဟုဆိုကြကုန်၏ ။
ပဏ္ဍုမင်းရှေ့၌ စွယ်တော်ကို တူနှင့်ထုခြင်း ရွှံ့ဗွက်ထဲသို့ ပစ်ချခြင်းဖြစ် စမ်းကြ၏ ။ စွယ်တော်၏ တန်ခိုးကြောင့် ပို၍ တောက်ပြောင်လာသည်ဟုဆို၏ ။ နောက်ဆုံး၌ ပဏ္ဍုမင်းက ဒူးထောက်ဝတ်ချကာ စွယ်တော်ကိန်းဝတ်ရန် ကြုတ်တော်နှင့် ရွှေပလ္လင်လုပ်ပေး၍ ဒန္တပူရ အမတ်ကြီးလက်သို့ အပ်သည် ။
ဒန္တာပူရခေါ် စွယ်တော်မြို့၌ ထိုအမက်ကြီး၏ သမက် ဒန္တကုမာရကို စွယ်တော်တိုက်အုပ်ခန့်သည် ။ စွယ်တော်ရှိ၍ မြို့တော် တိုးတက်စည်ကားပုံကို မနာလိုသော ရှင်ဘုရင်များက စစ်ပြုကြသည် ။ ထို့ကြောင့် ကုမာရသည် စွယ်တော်ကိုယူ၍ ဇနီး ဟေမမာလာ၏ ဦးခေါင်းတွင် ဝှတ်စေလျက် သီဟိုဠ်ကျွန်းသို့ ထွက်ပြေးကြသည် ။ သို့လျှင် သီဟိုဠ်သည် စွယ်တော်နှင့် ဗောဓိညောင်တို့ တည်ရာဖြစ်လာသည် ။
ခရစ်သက္ကရာဇ် ၁၃၈၄ က ကူဗလခန်မင်းကြီးသည် ပီကင်းမြို့မှ သီဟိုဠ်သို့ မာကိုပိုလိုကို စေလွှတ်၍ စွယ်တော်တောင်းခံရာ အံတော်နှင့် ဆံတော်များသာ ရခဲ့သည်ဆို၏ ။
၁၄၀၃ ခုနှစ်၌ တရုတ်ရေတပ်ဗိုလ် ချိန်ဟိုးက အိန္ဒိယ ပင်လယ်ကွေ့၌ လွှမ်းမိုးကာ သီဟိုဠ်ဘုရင်ကို ဖမ်းဆီးရမိခဲ့သည် ။ စွယ်တော်ကိုကား မရ ။
၁၆၀၃ ခုတွင် ဘုရင် ဝိမလဓမ္မ သူရိယက မာလိက္ခ ခေါ် စွယ်တော်တိုက် ဆောက်လုပ်လှူဒါန်းသည် ။
၁၆ ရာစုတွင် ပေါ်တူဂီလူမျိုးများ ဂိုဟာမြို့၌ အခြေဆိုက်ကာ အာရှ၌ နယ်ချဲ့ခေတ် စတင်ခဲ့သည် ။ ထိုသိဟိုဠ် မြောက်ပိုင်း ဂျပ်ဖနားပြည်နယ်တွင် မင်းညီနောင်တို့ နန်းလုကြရာ နောင်တော်အရေးနိမ့်သဖြင့် ဂိုအာမြို့သို့ ထွက်ပြေးလျက် ပေါ်တူဂီဘုရင်ခံ ဒွန်ကွန်စတင်တီနို ဆီက စစ်ကူတောင်းလေသည် ။
ထီးနန်းကို ပြန်ရလိုဇောနှင့် သူကိုယ်တိုင် ဗုဒ္ဓဘာသာအဖြင့်မှ ခရစ်ယာန်ဂိုဏ်းသို့ နယ်ချဲ့အကြိုက် ကူးပြောငိးလိုက်ရသည် ။ သေနတ်လက်နက်ကိုင်ဆောင်သော ပေါ်တူဂီ နယ်ချဲ့ ၁၀၀၀ ကျော်က လေးမြှားကိုင်ဆောင်သူ ၂၀၀၀ ကို အနိုင်တိုက်ပေးခဲ့သည် ။
ဂျပ်ဖနားမြို့တော်ကို သိမ်းပိုက်ရာတွင် ယခင်ကမတွေ့ဖူးသော ရတနာတစ်ပါးကို ပေါ်တူဂီစစ်သားများ ကြုံတွေ့ရသည် ။ ဗုဒ္ဓဘာသာဘုရားကျောင်းခန်များကို သိမ်းပိုက်ရာတွင် ရွှေကွပ်ထားသော စွယ်တော်တစ်ဆူကို ရတနာတိုက်အတွင်း၌ တွေ့ရှိရသည် ။ သီဟိုဠ်သားတို့နှင့် အခြားနေရာတို့တွင် အကြိတ်အနယ် တိုက်ခိုက်ရခြင်းမရှိခဲ့သော်လည်း ထို စွယ်တော်ကျောင်းသို့ ရောက်ကာမှ သံဃာများက ကျားကုတ်ကျားခဲ ခုခံကာကွယ်ပုံကို ပေါ်တူဂီများ ရှုမြင်ရသည် ။ အဘယ်မျှ အမြတ်တနိုး ထားသော ပစ္စည်းဖြစ်သည်ကို သိရှိကြလေသည် ။ သီဟိုဠ်ကျွန်းအလယ်ပိုင်းရှိ ကန္နီမြို့မှ ခိုစွယ်တော်ကို ဂျပ်ဖနားမြို့သို့ ခေတ္တပင့်ဆောင် ကိုးကွယ်စဉ် ဤသို့ဖြစ်ရခြင်း ဖြစ် ။
ပေါ်တူဂီတိုက စွယ်တော်ကို ဂိုအာမြို့သို့ သိမ်းယူသွား၏ ။ ဘရင်ဂျီဂိုဏ်းးဝင် ခရစ်ယာန်တို့သည်လည်း ခရစ်တော်နှင့်ပတ်သတ်သော ဝတ္ထုပစ္စည်းများကို အမြတ်တနိုး ထားရှိကိုးကွယ်စမြဲပင် ။ ခရစ်တော်ကို ကွပ်မျက်သော လက်ဝါးကပ်တိုင်၏ အပိုင်းအစများ သံချောင်းများ သွေးကွပ်များကို ရှစ်ခိုးပါက အန္တရာယ်ကင်းသည်ဟု ယူဆကြ၏ ။ သို့သော် ဗုဒ္ဓဘာသာဝင်တို့ကို ဒိဋ္ဌိဟု နယ်ချဲ့တို့က သတ်မှတ်ရာတွင် စွယ်တော်မှာ မရှိအပ်သော အနိဋ္ဌာရုံဟူ၍ ခရစ်ယာန် ဘုန်းကြီးတို့က မုန်းတီးဖျောက်ဖျက်လိုလေသည် ။
ပေါ်တူဂီများ လက်သို့ သီဟိုဠ်စွယ်တော် ကျရောက်ကြောင်းသတင်းကို ထေရဝါဒ နိုင်ငံများသို့ ပျံ့နှံ့သွား၏ ။ ဟံသာဝတီ နေပြည်တော်၌ ဘုရင့်နောင်မင်းကြီးက အထူး စိတ်မချမ်းမသာ ဖြစ်ရလေသည် ။ သက္ကရာဇ် ၁၅၅၀ ခုတွင် မိမိနနါးတက်သည်မှ စ၍ ကန္နီမြို့ စွယ်တော်တိုက်သို့ ကိုယ်စားလှယ်များ စေလွှတ်ကာ အထူးထူးသော ကောင်းမှုကုသိုလ်များ ပြုလုပ်ခဲ့သည် ။ စွယ်တော်တိုက်ကို မွမ်းမံပြင်ဆင်စေခဲ့သည် ။ ရွှေခွက် ငွေခွက်များလည်း လှူဒါန်းခဲ့သည် ။ ဘုရားကျွန်များအဖြင့်စွယ်တော်တိုက် အနီးရှိ မြေနေရာများဝယ်ယူကာ ကျွန်များအား နေထိုင်စေခဲ့သည် ။ ၁၅၅၅ ခုတွင် ဘုရင့်နောင်နှင့် မိဖုရားခေါင်ကြီး၏ ဆံပင်များကို ပူပေါင်းကာ တံမြတ်စည်းသဖွယ် ရွှေကွပ်လျက် စွယ်တော်တိုက်၌ အမှိုက်လှည်းရန် ပို့လှူခဲ့လေသည် ။
ပေါ်တူဂီတို့သည် အလွန်ရိုင်းသော ပင်လယ်ဓါးပြများ ဖြစ်သည် ။ ဂိုအာမြို့သည် ဟံသာဝတီနှင့် မိုင်နှစ်ထောင်ကွာဝေးသည် ။ ရေကြောင်းချီတက် စစ်ကြောင်းပြုရန် မလွယ်ကူချေ ။ မှူးမတ်တို့နှင့် တုင်ပင်တော်မူရာပေါ်တူဂီတို့အား တံစိုးပေးကမ်းကာ ပေါ်တူဂီတို့ဆီမှ စွယ်တော်ဝယ်ယူရန် ဆုံးဖြစ်ခဲ့ကြလေ၏ ။ ထို့ကြောင့် ဥရောပ ရွှေဒင်္ဂါး ခြောက်သောင်း မြန်မာငွေ ခုနှစ်သိန်းခန့် ပေးကမ်းမည်ဟု ဆုံးဖြတ်ကြသည် ။ ယခုခေတ် တန်ဖိုးနှင့်ဆိုသော် ကျပ်တစ်သန်းကျော်ရှိဖွယ်ထင်၏ ။ပဲခူးဆိမ်ကမ်း၌ အသင့်ရောက်ရှိနေသော ပေါ်တူဂီ သင်္ဘော ကပ္ပီတန်မှ တစ်ဆင့် ဘုရင့်နောင်၏ အလိုဆန္ဒကို ဂိုအာမြို့ဘုရင်ခံချုပ်ထံ အကြောင်းကြားခဲ့လေသည် ။
ဘုရင်ခံချုပ်က ဝမ်းသာအားရ ရောင်းရမ်းလိုသော်လည်း ခရစ်ယာန်ဘုန်းတော်ကြီးတို့ကမူ ဖျက်ဆီးမည်ဟု အမိန့်ချမှတ်ပြောဆိုသောကြောင့် နောက်ဆုံး၌ စွယ်တော်ဖျက်ဆီပွဲကို ဂိုအာမြို့ ခရစ်ယာန် ဘုရားရှစ်ခိုးကျောင်းရှေ့၌ ကျင်းပကြလေသည် ။ မြို့သူမြို့သား ပရိသတ်များ ရှေ့မှောက်၌ပင် ဘုရင်ခံက ဂိုဏ်းးချုပ်ကြီးလက်သို့ စွယ်တော်ကို ပေးအက်ရ၍ ထို့နောက် ကျောက်ငရုတ်ဆုံ ထဲသို့ စွယ်တော်ကိုထည့်ကာ ဂိုဏ်းချုပ်ကိုင်တိုင် ကျောက်ကျည်ပွေဖြင့် ညတ်ညတ်ကျေအောင် ထောင်းထုသည် ။ ထို့နောက်အနီးရှိ မီးသွေးမီးဖိုထဲသို့ စွယ်တော်အမှုန့်များကို ကြဲချ၏ ။ မီးငြိမ်းသောအခါ ထိုပြာများကို ပင်လယ်ထဲသို့ လွှင့်ပစ်လေသည် ။ ဤသို့ဖြင့် ၄င်းတို့သည် စွယ်တော်ကို ဖျက်ဆီးခဲ့ကြလေသည် ။
ထိုအချိန်မှ ၁၄ နှစ်မျှ ကြာလတ်သော် ဘုရင့်နောင်သည် ယိုးဒယားမြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည် ။ အာရှတိုက်၌ အောင်ပွဲရ ဧကရာဇ်မင်းတစ်ပါးအဖြင့် ထင်ရှားကျော်ဇောခဲ့လေသည် ။ ထိုအချိန်၌ အဆောင်မိဖုရားတစ်ဦးလည်း ကွယ်လွန်ခဲ့ရာ ဘုရင့်နောင်က ထိုနေရာတွင် အစားထိုးရန်အတွက် သီဟိုဠ်ကျွန်းသို့ သံတမန်စေလွှတ်ခဲ့လေသည် ။ သီဟို၌ဘုရင်က သမီးတော်ဆက်သရန်အတွက် သူ့၌ သမီးအရင်းမရှိသဖြင့် အခက်တွေ့နေရကား မွေးစားထားသော ပုရောဟိတ်၏ သမီးတစ်ဦးသာရှိ၏ ။ အဆင်းအင်ကြင် ချောမောစေကာမူ မဟာမျိုး မဟာနွယ်မဟုတ်သည်ကို မြန်မာဘုရင် သိလျှင် အမြတ်ထွက်ကာ ငြိုငြင်မည်စိုးသောကြောင့် စိတ်မချမ်းသာခြင်းဖြစ်နေလေ၏ ။
ထိုကိစ္စကို မြန်မာသံတမန်များအား ဖွင့်ဟ တိုင်ပင်လေရာ ဘုရင့်နောင်သည် စွယ်တော်ကို မြတ်နိုးသဖြင့် တစ်ချိန်က အဖြစ်အပျက်ကို ပြန်လည်ပြောပြလေရာ သီဟိုဠ် ဘုရင်းက စွယ်တော်နှင့်ပတ်သတ်၍ ဘုရင့်နောင်မင်းတရားကြီး စိတ်မချမ်းမသာဖြစ်နေရကြောင်း သိလျှင်မူ ဝမ်းသာအားရဖြင့် အကြောင်းတစ်ရပ်အား ထုတ်ဖေါ်ပြောကြားလေတော့၏ ။
အကြောင်းမှာ ပေါ်တူဂီတို့သည် ဂျပ်ဖနာမြို့တော်ကို တိုက်ခိုက်သိမ်းပိုက်စဉ်က စွယ်တော်ကို ရရှိကာ ဖျက်ဆီးလိုက်လေသည်မှာ မှန်၏ ။ ထိုစွယ်တော်သည် သီဟို၌ကျွန်း အလယ်ပိုင်းရှိ ကန္နီမြို့မှ ဂျပ်ဖနားမြို့သို့ ခေတ္တပင့်ဆောင်သောအချိန်၌ ဖြစ်လေရာ တိုင်းပြည်မငြိမ်မသပ်မှုကြောင့် အစစ်ကို ယူဆောင်ခဲ့ခြင်းမဟုတ်ဟု ဆို၏ ။ စွယ်တော်ကို နေရာပြောင်၍ ဌာပနာခဲ့သဖြင့် ထိုစွယ်တော်အစစ်သည် ကန္နီမြို့၌ လုံခြုံစွာရှိနေကြောင်း ဆိုလေသည် ။
ထိုအခါ သီဟိုဠ်ဘုရင်က သမီးတော်မှာ အရင်းအချာမရှိသော်လည်း ၄င်း မွေးစားသမီးနှင့်အတူ မြန်မာဘုရင်၏ စိတ်အလိုတော်ကို ဖြည့်ဆည်းပေးရန်အလို့ငှာ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်သော ဘုရင့်နောင်မင်တရားကြီးအား စွယ်တော်ကို ပေးလှူခဲ့လေသည် ။
ဘုရင့်နောင်မင်းတရားကြီးမှာ လွန်စွာ ဝမ်းမြောက်ဝမ်းသာဖြစ်လျက် စွယ်တော်ဆိုက်ရောက်ချိန်၌ ဘုရင့်နောင်မင်းတရားကြီးကိုယ်တိုင် ဒဂုံမြို့သို့ လာရောက်ကြိုဆိုကာ ရတနာဖေါင်တော်ဖြင့် ဟံသာဝတီသို့ စည်ကားသိုက်မြိုက်စွာ ဆောင်ယူသည် ။ ပဲခူးမြို့ မိကျောင်းဆိပ်ကမ်းတွင် မင်းညီ မင်းသားတို့က ရေသို့ ဆင်းကာ ဖောင်တော်မှ စွယ်တော်ကို ဦးထိပ်ရွက် ပင့်ဆောင်ကြသည် ။ ဘုရင့်နောင် မင်းတရားကြီး လက်ထက်မှပင် မြန်မာတို့ စွယ်တော်ကို ပင့်ဆောင်နိုင်ခဲ့ခြငိးဖြစ်လေ၏ ။
မှတ်ချက် ။ ။
၁၇၅၅ ခုတွင် သီဟိုဠ်ဘုရင်က စွယ်တော်ပွားတစိဆူကို ယိုးဒယားဘုရင် ဓမ္မကာထံ ပို့သ၏ ။
၁၈၁၅ အင်္ဂလိပ်များက သီဟိုဠ်ကျွန်းကို သိမ်းပိုက်သည် ။ စွယ်တော်စာချုပ်ပြုလုပ်ရာ၌ အင်္ဂလိပ်အစိုးရက သာသနာ့ ဒါယကာအဖြင့် စွယ်တော်တိုက်ကို အစောင့်ချထားပေးသည် ။
၁၈၂၈ အင်္ဂလိပ်ဘုရင်ခံက စွယ်တော်ပင့်ပွဲသို့ တက်ရောက်ရာတွင် ခရစ်ယာန်တို့က ကန့်ကွက်ကြ၏ ။ ဒိဋ္ဌိတို့၏ ပွဲကို ခရစ်ယာန်ဘုရင်ခံ မတက်သင့်ဟု ဆို၏ ။ ထို့ကြောင့် ၁၈၄၆ တွင် အင်္ဂလိပ်တို့က စွယ်တော်သိုက်ကို သီဟိုဠ်ကျွန်း ဘုန်းကြီးများထံ ပြန်အပ်သည် ။
ဘုရင် ပရက္ကမဗာဟု လက်ထက်မှစ၍ ကန္နီမြို့တွင် စွယ်တော်ပင့်ပွဲကျင်းပခဲ့သည် ။
၁၈၉၈ ခု၌ စွယ်တော်တိုက်တွင် ထားရှိရန် ရတနာ ပြသာဒ်တစ်ခု မြန်မာပြည်မှ ပို့ဆောင်ရာ တန်ဖိုးမှာ ငွေဒင်္ဂါး ခြောင်သောင်းဖြစ်သည် ။
ထို့အတွက် သီဟိုဠ်အစိုးရက အခွန်စည်းကြပ်ရာ သူဌေးကြီး မူဒါးရားက စိုက်ထုတ်ပေးသည်ဟု ကျမ်းများအား ဆက်ပ်လျက် စွယ်တော်သမိုင်းအကျဉ်းကို ရေးသားတင်ပြလိုက်ရပါတော့၏ ။
( ကုန်းဘောင်ကျမ်းမှ ပြန်လည်မျှဝေသည် )
ဗဟုသုတ ရရှိနိုင်ကြပါစေခင်ဗျာ ။

ဂိုဏ်းကွဲခြင်း ( ခရစ်ယာန် )
ဂိုဏ်းကွဲခြင်း ( ခရစ်ယာန် )
-------------
တပည့်တော်ကြီး ၁၂ ဦးတို့အနက် ရှိမှန်သည် ယေရှုသခင်ကို ခရစ်တော်ဖြစ်ကြောင်း ဦးစွာ သိမြင်ခဲ့သူဖြစ်သည် ။ ယေရှုက ရှိမှန်ကို ပေတရု အမည်သို့ ပြောင်းစေကာ တပည့်တော်ကြီးများအနက် အကြီးအမှူးအရာကို ပေးသည် ။ ပေတရုသည် ခရစ်တော်ကို ငြင်းပယ်ခဲ့သူပင် ဖြစ်သော်လည်း အခြားတပည့်တော်ကြီးများကို အုပ်ချုပ်မည့်သူအဖြင့် ခန့်အပ်ခဲ့သည် ။
ယေရှုခရစ်တော်၏ နောက်ဆုံး ညစာစားပွဲတွင် တပည့်တော်ကြီးများအား ခရစ်ယာန်ဘာသာ ပျံ့ပွားရေးကို ဆောင်ရွတ်စေရန်အတွက် ဂိုဏ်းအုပ်များအဖြင့် သိက္ခာတင်ပေးခဲ့သည် ။ ခရစ်တော် ကောင်းကင်ဘုံသို့ တက်သွားပြီးနောက် ၉ ရက်မျှ ဂျေရုစလင်မြို့တွင် နေထိုင်ကြပြီး တပည့်တော်တို့သည် ခရစ်ယာန်ဘာသာ သာသနာပြုရန် ထွက်သွားကြလေသည် ။
တပည့်တော်ကြီး ပေတရုသည်လည်း ရောမမြို့သို့ သွားရောက်၍ ရောမမြို့၏ ပထမဦးဆုံးသော ဂိုဏ်းအုပ်အဖြစ်ဖြင့် သာသနာပြုလေသည် ။ ခရစ်သက္ကရာဇ် ၆၄ သို့မဟုတ် ၆၇ ခုနှစ်တွင် နီရိုးဘုရင်လက်ထက် ရှင်ပေတရုမှာ ကွပ်မျက်ခြင်းကို ခံလိုက်ရသည် ။ ထိုအချိန်တွင် ခရစ်ယာန်ဘာသာကို အခြားဘာသာများကဲ့သို့ တရားဝင်ကိုးကွယ်ခွင့်မရရှိသေးပေ ။
ရှင်ပေတရု၏ နေရာကို ပထမဦးဆုံး ဆက်ခံသောသူမှာ လိနပ်ဖြစ်ပြီး ဒုတိယမြောက်ဆက်ခံသူမှာ ကလီတပ် ဖြစ်သည် ။ ကလီတပ်ကို တသမန် က ဆက်ခံသွားသည် ။ ရောမအင်ပါယာ၏ ဗဟိုအချက်အချာ ရုံးစိုက်ရာတွင် ရောမမြို့ဖြစ်၍ ခရစ်ယာန်ဘာသာ ဌာနချုပ်သည်လည်း ရောမမြို့ပင်ဖြစ်သည် ။ ခရစ်တော်ကပင် တပည့်ကြီးများအနက် အကြီးအမှူးခေါင်းဆောင်အဖြင့် သတ်မှတ်ခံခဲ့ရသော ရှင်ပေတရုမှာ အုပ်ချုပ်ရေး အချက်အချာ ရောမဂိုဏ်းအုပ်အဖြင့် ဆောင်ရွက်ရလေရာ ခရစ်ယာန်ဘာသာတစ်ခုလုံး၏ အကြီးအကဲ ပုတ် ခေါ် ရဟန်းမင်းကြီးအဖြင့် ရောက်ရှိသွားသည် ။ ပုတ်ရဟန်းမင်းကြီးအဖြင့် ဆောင်ရွက်ရပြီး ရှင်ပေတရု လက်ထက်မှစ၍ ရဟန်းမင်းကြီးအဆက်ဆက်ဖြင့် အုပ်ချုပ်လာခဲ့ရာ ယခုအခါ ၂၆၃ ဦးပင် ရှိလေပြီဖြစ်ကြောင်းဆို၏ ။
ခရစ်နှစ် ၃၁၃ ခုနှစ် အထိ ရောမအင်ပါယာတွင် ခရစ်ယာန်ဘာသာသည် တရားဝင်အသိအမှတ်ပြုထားသော ဘာသာမဟုတ်၍ ခရစ်ယာန်ဘာသာကိုးကွယ်သူနှင့် ဟောပြောသူတို့မှာ နှိပ်စက်ခြင်းကို ခံကြရသည် ။ ရှင်ပေါလုသည်လည်း ကွပ်မျက်ခံရသည် ။ ၃၁၃ခုနှစ်ကျမှ အခြားဘာသာများနှင့် တန်းတူအခွင့်အရေးကို ရှိခဲ့ပြီး ၃၈၀ ခုနှစ်သို့ရောက်သောအခါမူကား ရောမအင်ပါယာ၏ နိုင်ငံတော်ဘာသာအဖြင့် အသိအမှတ်ပြုခြင်းကို ခံရလေသည် ။
ပုပ်ရဟန်းမင်းကြီးသည် ယခုအခါ ကတ်သလစ်ဂိုဏ်း၏ အကြီးဆုံး အမြင့်ဆုံးသော အာဏာပိုင် ပုဂ္ဂိုလ်ဖြစ်သည် ။ ကတ်သလစ်တို့၏ အလိုတော်အရ ခရစ်တော်သည် ခရစ်ယာန်အသင်းတော်၏ အကြီးဆုံးဖြစ်သည် ။ ခရစ်တော်ကား မမြင်ရသော အကြီးအမှူးပုဂ္ဂိုလ်ဖြစ်ပြီး ရဟန်းအင်းကြီးကား မြင်သာသော အကြီးအမှူးဖြစ်သည်ဟု ဆို၏ ။ ခရစ်တော်၏ လက်ထောက်ပုဂ္ဂိုလ်ဖြစ်သည် ။ ကမ္ဘာလောကကြီးဆိုင်ရာ ခရစ်တော်၏ ကိုယ်စားလှယ်ဖြစ်သည် ။ ရဟန်းမင်းကြီးတို့သည် ခရစ်ယာန်ဘာသာ ယုံကြည်မှုရေးရာနှင့် ဝိနည်းစည်းကမ်း ရေးရာတို့ကို စီရင်ဆုံးဖြတ်သောအခါတွင် မမှားနိုင်ချေ ။ ဤကိစ္စများနှင့်ပတ်သက်၍ ရဟန်းမင်းကြီး၏ အဆုံးအဖြတ်ကို ကတ်သလစ်အားလုံးကမလွဲမသွေ လိုက်နာရသည် ။ အခြားကိစ္စများတွင် ရဟန်းမင်းကြီးတို့၏ အယူအဆများ အမှားပါရှိနိုင်သော်လည်း ဤကိစ္စများကို ဆုံးဖြတ်ရာတွင်ကား ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော်တန်ခိုးကြောင့် မမှားနိုင်ချေဟု ဆိုသည် ။
ကတ်သလစ်ဘာသာ စည်းရုံးရေး နယ်မြေတစ်ခုကို ဒိုင်အိုစီ ဟုခေါ်၍ ထိုနယ်မြေကို ဂိုဏ်းအုပ်တစ်ဦးကျ အုပ်ချုပ်ကာ စီမံခန့်ခွဲသည် ။ ဒိုင်အိုစီ နှစ်ခု သုံးခုကို ပေါင်းရုံကာ ဂိုဏ်းချုပ်တစ်ဦးက အုပ်ချုပ်သည် ။ ဒိုင်အိုစီ နယ်မြေမတွင် ပါဝင်သော ခရစ်ယာန်ဘာသာဝင် များပြားလွန်းသဖြင့် ထပ်မံဘုရားရှစ်ခိုးကျောင်းအလိုက် Rarish ခေါ် နယ်မြေကလေးများကို ခွဲခြားထားသည် ။ ထိုနယ်မြေကို တရားဟောဆရာများက ကြီးကြပ်သည် ။
ဂိုဏ်းအုပ်များသည် တပည့်များကို ဆက်ခံသူများပင် ဖြစ်၍ ရဟန်းမင်းကြီးပြီးလျှင် ဂိုဏ်းအုပ်များပင် အမြင့်ဆုံးအဆင့် ဖြစ်တော့သည် ။ သို့သော်လည်း ကာဒီနယ်များ အဖွဲ့က ယခုအခါ ဂိုဏ်းချုပ်များထက် အဆင့်မြင့်နေသည် ။ မူလကတည်းက ရဟန်းမင်းကြီးတို့သည် ဂိုဏ်းအုပ်များကဲ့သို့ လက်အောက်အရာရှိများထားရှိသည် ။ ဂိုဏ်းအုပ်တို့၏ လက်ထောက်အရာရှိများ လုပ်ကိုင်ရသောအလုပ်မှာ ဒိုင်အိုစီ အတွင်းကိစ္စများသာဖြစ်သော်လည်း ရဟန်းမင်းကြီး၏ လက်ထောက်အရာရှိများကား ကက်သလစ်အသင်းတော်တစ်ခုလုံးနှင့် ဆိုင်သော လုပ်ငန်းများကို လုပ်ကိုင်ရသည် ။ တဖြည်းဖြည်း တိုးတက်လာခဲ့ရာ ယခုအခါ ကာဒီနယ်များအဖွဲ့ အဆင့်သို့ ပြောင်းလဲရောက်ရှိခဲ့သည် ။
ကာဒီနယ်များအဖွဲ့ကို ရဟန်းမင်းကြီး၏ ဝန်ကြီးအဖွဲ့ဟုပင် ဆိုနိုင်သည် ။ ကာဒီနယ် အဖွဲ့ဝင်များသည်သီးခြားဌာန တစ်ခုစီကို တာဝန်ယူ ကိုင်တွယ်ရသည် ။ ရဟန်းမင်းကြီး၏ နိုင်ငံခြားရေးရာကို ကိုင်သောဝန်ကြီး၏ ရာထူးအမည်ကို နိုင်ငံခြားရေးဝန်ကြီး သို့မဟုတ် နိုင်ငံခြားရေး အတွင်းဝန်ဟု ခေါ်တွင်သည် ။
ကာဒီနယ်များအဖွဲ့၏ အရေးအကြီးဆုံးသော တာဝန်မှာ ရဟန်းမင်းကြီး၏ ရွေးကောက်ပွဲကိုကျင်းပပေးရခြင်း ဖြစ်သည် ။ အရွေးခံရရန် အတွက် စုစုပေါင်း မဲအရေအတွက်၏ သုံးပုံ နှစ်ပုံနှင့် တစ်မဲရရှိရန် လိုအပ်သည် ။
ရဟန်းမင်းကြီးသည် နိုင်ငံပေါင်း အတော်များများနှင့် သံတမန် ဆက်သွယ်ထားရှိသည် ။
ခရစ်ယာန်အသင်းတော်ကို စတင်တည်ထောင်ခဲ့သည်မှ နှစ်ပေါင်း တစ်ထောင်အတွင်း ဂိုဏ်းဂဏ ကွဲပြားခြင်း မရှိပေ ။ နတ်စတိုးရီယံ ကဲ့သို့သော သေးစား ကွဲပြားမှုများကား ရှိခဲ့သည် ။ နောက်ပိုင်းခေတ်တွင် ပင်မကြီး သုံးဂိုဏ်းအဖြင့် ပေါ်ထွက်လာခဲ့သည် ။ ပထမဦးဆုံးအကြိမ် ကွဲပြားခဲ့သည်ကား အေဒီ ၁၀၅၄ ခုတွင်ဖြစ်သည် ။ အရှေ့ပိုင်း အိုသိုဒေါက် ခရစ်ယာန်အသင်း ဂိုဏ်းကြီးသည် အနောက်တိုင်း ရိုမန် ကက်သလစ်ဂိုဏ်းမှ ခွဲထွက်သွားသည် ။ အရှေ့တိုင်း ခရစ်ယာန်အသင်း၏ တည်ရာဌာနကား တူရကီနိုင်ငံ ကွန်စတင်တိုင်နိုပိုမြို့ ယခု အီစတန်ဘူလ်မြို့ ဖြစ်သည်။
ဂိုဏ်းကွဲရသည့်အကြောင်းမှာ ပထဝီ အနေအထား ယဉ်ကျေးမှု ဘာသာစကား နိုင်ငံရေး ဘာသာရေး စသည်ဖြင့် ရှုပ်ထွေးနေသည် ။
အရှေ့တိုင်း ခရစ်ယာန် အသင်းတော်၌ ပါဝင်သောအသင်းများမှာ အလ်ဘန်နီးယား ဘူဂေးရီးယား ဆိုဗီယက် ဂရိ ပိုလန် ရူမေးနီးယား ဆားဗီးယားနှင့် ဆိုင်းနိုင်း ဒေသရှိ အသင်းများဖြစ်သည် ။
အနောက်ပိုင်း ရိုမန်ကက်သလစ်ဂိုဏ်းကြီးမှ တစ်ဖန် ဂိုဏ်းကြီးတစ်ခုကို ၁၆ ရာစုတွင် ခွဲထွက်၍ တည်ထောင်လာကြပြန်သည် ။ ခရစ်ယာန် ဘာသာဝင်များက ကျူးလွန်ခဲ့သော အပြစ်များကို ခရစ်ယာန် အသင်းတော်ကြီးက အပြစ်မှ လွတ်မြောက်ခြင်းပြုသည့် ကိစ္စနှင့် ပတ်သတ်၍ ဂျာမန် ခရစ်ယာန် ဘုန်းတော်ကြီး မာတင်လူသာသည် ၁၅၁၇ ခုနှစ်တွင် ကက်သလစ်တို့၏ အယူအဆကို ဆန့်ကျင်ဟောပြောရာမှ ပရိုတက်ဆတင့် ဂိုဏ်းကြီး ကို ပေါက်ပွားခဲ့လေသည်။
ပရိုတက်စတင့် ဂိုဏ်းတွင်လည်း ထပ်၍ ကွဲသွားကြပြန်ရာ ဂျာမနီနိုင်ငံရှိ မာတင်လူသာ တည်ထောင်သော ဂိုဏ်းကို လူသာယန်ဂိုဏ်း ဟူ၍လည်းကောင်း ပြင်သစ်နိုင်ငံရှိ ဂိုဏ်းကို ကယ်ဗင်ဂိုဏ်းဟူ၍လည်းကောင်း အင်္ဂလန်ရှိ ဂိုဏ်းကို အင်ဂလီကန်ဂိုဏ်းဟူ၍လည်ကောင်းစကော့တလန်ရှိဂိုဏ်းကို ပရပ်ဘိတာရီနီယံဂိုဏ်းဟူ၍ လည်းကောင်း အမေရိကန်ဂိုဏ်းကို ဘတ်တစ်ဂိုဏ်း ဟူ၍ လည်းကောင်း အသီးသီးခေါ်သွင်ကြသည် ။
ရိုမန်ကက်သလစ်ဂိုဏ်းသည်ကား ရဟန်းမင်းကြီး၏ လက်အောက်တွင် နောက်ထပ်ကွဲပြားခြင်း မရှိပဲ အလယ်ခေတ်တွင် ရဟန်းမင်းကြီးပင်လျှင် နယ်မြေအများအပြားကို ပိုင်ဆိုင်ထားခဲ့သည် ။ ခရစ်နှစ် ၇၅၄ ခုနှစ် ရဟန်းမင်းကြီး ပေပင် လက်ထက်က စ၍ နယ်မြေများကို ပိုင်ဆိုင်ခဲ့ရာ အီတလီနိုင်ငံကိုမြောက်ဘက်မှ အရိုင်းအစိုင်းများ ဝင်ရောက်တိုက်ခိုက်သောအခါ နယ်မြေများ ပိုမိုရရှိလာသည် ။ ၁၈၇၀ ပြည့်နှစ်တွင် အီတလီနိုင်ငံ စည်းလုံးညီညွှတ်လာသောအခါ ရဟန်းမင်းကြီးပိုင်နယ်မြေများကို အီတလီ အစိုးရက သိမ်းယူသွားတော့သဖြင့် အီတလီ အစိုးရနှင့် ရဟန်းမင်းကြီးတို့ မတင့်မတင့် ဖြစ်ခဲ့ကြသည် ။
၁၉၂၉ ခုနှစ်တွင်ကျမှ မူဆိုလီနီသည် ရောမမြို့တွင်းရှိ နေရာအချို့ကို ရဟန်းမင်းကြီးအား ပြန်ပေး၍ ပြေငြိမ်းခဲ့ကြသည်ဟုဆို၏ ။ ရောမအတွင်းရှိ ထိုနယ်မြေကို ဗက်တီကန်မြို့တော် အဖြစ် သတ်မှတ်ကာ ရဟန်းမင်းကြီး၏ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ပေးခဲ့သည်ဟူ၍ လည်းကောင်း လေ့လာထားသမျှတို့ကို အတက်နိုင်ဆုံး ဆက်စပ်ကာ ရေးသားတင်ပြလိုက်ရပါသည် ။
ဗဟုသုတရရှိနိုင်ကြပါစေခင်ဗျာ ။

Subscribe to:
Posts (Atom)