ဘယ်သူ့ကို အချစ်ဆုံးလဲ ?
-----
ကျွန်တော်တို့တွေဟာ များသောအားဖြင့် ဘယ်သူ့ကိုအချစ်ဆုံးလဲလို့ အမေးခံရတဲ့အခါ ပြန်လည်ဖြေဆိုတက်ကြတာက မေးသူကျေနပ်အောင် အပေါ်ယံ ဖြေဆိုလိုက်တာတွေတာ ဖြစ်နေတက်ပါတယ် ။ အခုခေတ် သူမီးရည်းစားတွေဆို ပိုထင်ရှားတာပေါ့ ။ သို့သော် ထိုအရာဟာ မှန်ကန်သောအဖြေ ဖြစ်ပါသလားဆိုတာတော့ အမြဲပဲ မေ့နေတက်ကြတယ် ။ တကယ်ဆို ကျွန်တော်တို့ဟာ မိမိကိုယ်တာ အချစ်ဆုံးဖြစ်တယ် ။
((( မိမိအသက်ထက် ပကတိစိတ်မှာ စွဲလမ်းခြင်းသည် အခြားမရှိပေ ))) ဆိုသလိုပါပဲ။ တဏှာလောဘတွေနဲ့ မယှဉ်တဲ့အခါမှာ ထိုအကြောင်းက ထင်ရှားလာတက်ပါတယ် ။ လောဘ ကာမတဏှာတွေ ကြီးစိုးနေချိန်တော့ သူ့အတွက် အသက်ကို စွန့်ဝံ့တယ်ဆိုတာမျိုး ဖြစ်လာတက်ဟန်တူတယ် ။ ဒါပေမယ့် အဲ့အထင်ဟာ ခိုင်မာမြဲမြံတဲ့ထဲမှာ အခြေမကုတ်မိကြပါဘူး ။ ဒါကြောင့်လဲ အဆင်မပြေမှုတွေဟာ တိုးပွားခွင့်ရှိနေကြတာဖြစ်တယ် ။ မိမိကိုယ်ကို အချစ်ဆုံးပဲဆိုတာ အလွန်မှန်ကန်တဲ့ စကားဖြစ်တယ် ။ ထိုစကားကို ပျက်ရယ်ပြုတဲ့သူတွေဟာ အမှန်အားဖြစ် ပိုပြီး အတ္တဆန်တယ် / ပိုပြီး မိမိစိတ်အာဟာရအတွက် ဆောင်ရွက်တာကို လေ့လာတွေ့ရှိရပါတယ် ။ ဒါကြောင့် ကိုယ်စိတ်ချမ်းသာဖို့ သူ့အတွက် ပေးဆပ်တာမျိုးတွေ ရှိလာရတာဖြစ်တယ် ။
တစ်ခါက ကုန်သည်တွေဟာ ဓါးမြတွေပေါများတဲ့ တောအုပ်ကြီးတစ်ခုကို ဖြတ်ပြီး ခရီးထွက်လာခဲ့ကြတယ် ။ ထင်တဲ့အတိုင်းပဲ ဓါးမြတွေဟာ အဲ့ဒီ့ ကုန်တွေကို လုယက်ခိုးယူဖို့ လာတာကို အဝေးကနေတွေ့ကြရပါသတဲ့ ။ အဲ့အခါ ထိုကုန်သည်တွေဟာ အလွန်စိုးထိတ်ကြောက်ရွံ့မှုတွေဖြစ်ပြီး ပါလာတဲ့ အစောင့်တွေမှာလဲ လက်နက်တွေကို မြဲမြံစွာမကိုင်နိုင်တဲ့အခြေအနေထိ ကြောက်စိတ်တွေ ကြီးစိုးလာကြတယ် ။ ဒါပေမယ့် အဲ့ဒီ့အထဲမှာပါတဲ့ လုလင်ပျိုတစ်ဦးကတော့ တစ်ခြားသူတွေနဲ့မတူပဲ ဓါးမြတွေ လာရာ လမ်းဆီကို အဆက်မပျက် မြှားတံတွေ ပစ်သွင်းနေခဲ့ပါတယ် ။ သူ့ရဲ့ မြှားတံတွေဟာ ထို ဓါးမြတွေ အနီးထိတိုင်ဆိုက်ရောက်လာခဲ့တာမှာ အဆက်မပျက်ပစ်လွှတ်ခြင်းကြောင့် ဓါးမြတွေကို ချိန်းခြောက်လာနိုင်တဲ့အခြေအနေထိ မြှားတွေဟာ ဆက်တိုက် ကျလာခဲ့တယ် ။ ထိုအချိန်မှာတော့ ဓါးမြဗိုလ်ဟာ အင်မတန် စိုးရိမ်စိတ်တွေဖြစ်သွားတယ် ။ ((( ငါတို့ အခုသွားတိုက်မဲ့ ကုန်သည်ဆိုတာ ကုန်သည်တွေမဟုတ်ပဲ ဘုရင့် ကင်းလှည့်တပ်တွေပါလား ))) ဆိုပြီး အထင်ရောက်သွားခဲ့ပါတယ် ။ အဲ့အခါမှာတော့ ကျလာစဲ မြှားတွေဆီ ဆက်မသွားတော့ပဲ နောက်ကြောင်းပြန်လှည့်ကာ ပြေးထွက်ကြတော့တယ် ။ အဲ့အခြေအနေတွေပြီးတဲ့အခါမှာတော့ ရဲရင့်စွာ မြှားကို ပစ်သွင်းနေတဲ့ လုလင်ပျိုဆီကို ကုန်သည်တွေဟာ ချည်ကပ်လာကြပြီး ဘာကြောင့် မိမိအသက်ကို ခြေပစ်မဲ့ အန္တရာယ်တွေကိုတွေ့ပါလျက် ကြောက်ရွံ့စိုးရိမ်စိတ်မရှိရုံတာမက ရဲစွမ်းသတ္တိနဲ့ ပြည့်စုံလောက်အောင် ဘာကြောင့် တည်ငြိမ်အေးဆေးရတာလဲလို့ ထိုလုလင်ပျိုကို ဝိုင်းမေးကြတယ် ။ အဲ့အခါမှာ လုလင်ပျို ပြန်ပြောတာက ((( ကျွန်တော်ဟာ ဒီတောကို ဝင်လာကတည်းက မိမိအသက်ကို စွန့်ပြီးသားဖြစ်တယ် ။ အသက်ကို ခင်တွယ်နေတဲ့ စိတ်ကို ဖျက်ဆီးပြီးဖြစ်တယ် ။ အမှန်အားဖြင့် အသက်ကို ခင်တွယ်သူများဟာ ဘယ်တော့မှ မိမိမှာရှိတဲ့ ရဲစွမ်းသတ္တိတွေကို ထုတ်ဖေါ်နိုင်စွမ်း မရှိဘူး ))) တဲ့ ( ပဒုမဝဂ် / ခုရပ္ပ )
အင်မတန် မှတ်သားစရာကောင်းတဲ့စကားဖြစ်ပါတယ် ။ ဒါကြောင့် မိမိအသက်ကို ခင်တွယ်နေတာ / မက်မောနေတာ / ဖတ်တွယ်နေတာတွေဟာ ကိုယ့်မှာရှိတဲ့ ပါရမီတွေ သတ္တိထူးတွေ လုပ်ဆောင်နိုင်စွမ်းတွေကို တဖြေးဖြေးခြင်း ဖျက်ဆီးပစ်နေတာပဲဖြစ်တယ် ။ အသက်ကို ချစ်လေ ကြောက်ရွ့လေပဲ ။ ကြောက်ရွ့လေ စိုးရိမ်လေပဲ ။ စိုးရိမ်လေ အမှားများလေပဲ ။ အမှားများလေ အမှန်ပျောက်လေတာဖြစ်တယ် ။ ဒါကြောင့် မိမိကို ဖျက်ဆီးနေတဲ့ အတ္တကို လက်ခံထားဖို့ မသင့်တာ ထင်ရှားပါတယ် ။ အသက်ကို မခင်တွယ်နဲ့ ။ငါ ဆိုတာကို မဖက်တွယ်နဲ့ ။ ဖတ်တွယ်လေ မိမိရဲ့ လုပ်ဆောင်နိုင်စွမ်း ပါရမီ သတ္တိထူးတွေ ပျက်သုန်းလေးပဲ ။ ခင်တွယ်လေ ပျက်သုန်းလေ ခင်တွယ်လေ ပျက်ဆီးလေမို့ ခင်တွယ်တာကိုစွန့်ပြီး ပကတိ မိမိပါရမီထူးတွေကို ထုတ်ဖေါ်သင့်တယ်ဆိုတာ ငါမင်းကို ပြောပြချင်တယ် သူငယ်ချင်းရာ !
#htoohtoolay
No comments:
Post a Comment